သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေျဖမရွာႏိုင္ရင္ အာဆီယံပါ ထိခိုက္မည္ (သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း)


ASEAN အဖြဲ႔၀င္ အလံမ်ား

[ ZAWGYI ]

ျမန္မာႏိုင္ငံ လက္ရွိ ရင္ဆိုင္ေနရတဲ့ အက်ပ္ျပႆနာကို ကိုင္တြယ္ေျဖရွင္းရာမွာ ျမန္မာျပည္သူေတြရဲ႕ သေဘာဆႏၵကို ထည့္သြင္းစဥ္းစား အေျဖရွာတာမ်ဳိး မလုပ္ႏိုင္ဘူးဆိုရင္ အာဆီယံအဖြဲ႔ႀကီးရဲ႕ ဂုဏ္သိကၡာကိုပါ ထိခိုက္ လာေစမွာျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သတိေပး ေျပာၾကားလိုက္ပါတယ္။ ျမန္မာ့အေရး အာဆီယံအေရးေပၚစည္းေဝးပဲြကို စေန ဒီကေန႔ က်င္းပဖို႔ ရွိေနခ်ိန္မွာသူက အဲဒီလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ သီးသန္႔ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

စစ္တပ္ရဲ႕ အၾကမ္းဖက္ႏွိမ္နင္းမႈအတြင္း ေန႔စဥ္နီးပါး လူေသဆုံးေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းကို ေဆြးေႏြးအေျဖရွာဖို႔ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကို ဖိတ္ၾကားၿပီး အာဆီယံေခါင္းေဆာင္ေတြ တက္ေရာက္ၾကမယ့္ အေရးေပၚ စည္းေဝးပဲြကို ဧၿပီ(၂၄)ရက္ ဒီကေန႔ အင္ဒိုနီးရွား ဂ်ာကာတာျမဳိ႕မွာ က်င္းပဖို႔ ရွိေနပါတယ္။

ဂ်ာကာတာမွာ က်င္းပမယ့္ အစည္းအေဝးဟာ " ျမန္မာျပည္သူေတြ အက်ိဳးရွိေစမယ့္ သေဘာတူညီမႈမ်ဳိး ရလာႏိုင္လိမ့္မယ္လို႔ အာဆီယံေခါင္းေဆာင္ေတြက ေမွ်ာ္လင့္ထားပါတယ္။ ျမန္မာျပည္သူေတြအတြက္ အေရးႀကီးတဲ့အတြက္ ဒီအစည္းအေဝးကို က်င္းပရတာျဖစ္တယ္ဆိုတာ အင္ဒိုနီးရွားသမၼတက အေလးေပးေျပာၾကားခဲ့တယ္" လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က မေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာဆိုသြားတာပါ။

အာဆီယံ ေခါင္းေဆာင္ေတြ ေမွ်ာ္လင့္ထားၾကသလိုမ်ဳိးပဲဒီေဆြးေႏြးပဲြအတြင္းျမန္မာျပည္သူေတြရဲ႕ သေဘာဆႏၵကို ထည့္သြင္းစဥ္းစားတာမ်ဳိး မလုပ္ႏိုင္ဘူးဆိုရင္ အာဆီယံအဖြဲ႔ႀကီးရဲ႕ ဂုဏ္သိကၡာကိုပါ ထိခိုက္လာေစမွာ ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက VOA နဲ႔ သီးသန္႔ ေမးျမန္းစဥ္မွာ သတိေပး ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

" က်ေနာ္တို႔ရဲ႕ အခုျဖစ္ပ်က္ေနတဲ့ဥစၥာက ျပည္တြင္းေရးလို႔ ေျပာလို႔မရတဲ့ အေနအထား ေရာက္လာၿပီ။ ဒါေၾကာင့္ ဒီလိုမ်ဳိးကိစၥမွာ ေဒသတြင္းႏိုင္ငံအေနနဲ႔ ထိေရာက္တဲ့အေျဖ မရဘူး၊ ေနာက္ၿပီးေတာ့ ျပည္သူေတြရဲ႕ဆႏၵကို ထင္ဟပ္တဲ့အေျဖ မရဘူးဆိုရင္ေတာ့ ဘာပဲေျပာေျပာ အာဆီယံရဲ႕သိကၡာကလည္း အတိုင္းအတာ တခုထိ ထိခိုက္ႏိုင္တယ္လို႔ေတာ့ က်ေနာ္ သုံးသပ္ပါတယ္။ တခ်ိန္ထဲမွာပဲ ေဒသတြင္းက မေဆာင္ရြက္ႏိုင္ဘူးဆိုရင္ ၊ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ဘယ္လို ေဆာင္ရြက္မလဲ ဆိုတာကိုေတာ့ အျမန္ဆုံး ထည့္သြင္းစဥ္းစားဖို႔ လိုလာပါတယ္ခင္ဗ်။ ဘာလို႔လည္းဆိုေတာ့ ဆုံးျဖတ္ခ်က္လုပ္ဖို႔ ၊ (အေရးယူေဆာင္ရြက္မႈ) Action တခုယူဖို႔ကို တမိနစ္ တနာရီ တရက္ ေစာင့္မယ္ဆိုရင္ က်ေနာ္တို႔ျပည္တြင္းမွာ ျပည္သူေတြ ေသဆုံးမႈက ပိုပိုမ်ားလာတယ္ ဆိုတဲ့အခ်က္ကိုေတာ့ လ်စ္လွ်ဴမရႈၾကဖို႔ အာဆီယံႏိုင္ငံ့ ေခါင္းေဆာင္ေတြကို က်ေနာ္ တိုက္တြန္းေျပာၾကားလိုပါတယ္။ "

အာဆီယံအဖြဲ႔ႀကီးထဲမွာ ႏိုင္ငံေရးစနစ္ မ်ဳိးစုံ၊ ကန္႔သတ္ခ်က္ စည္းမ်ည္း မ်ဳိးစုံရွိေနတာေၾကာင့္ ျမန္မာႏိုင္ငံသားေတြ လိုလားတဲ့ ရလဒ္ေကာင္း ထြက္ေပၚလာမယ္ဆိုရင္ေတာ့ အထူးဝမ္းေျမာက္ရမွာ ျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

" က်ေနာ္တို႔လည္း အာဆီယံအဖြဲ႔ဝင္ႏိုင္ငံ တႏိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္ အာဆီယံအေပၚေတာ့ ေမွ်ာ္လင့္ပါတယ္။ တခ်ိန္ထဲမွာပဲ အာဆီယံအဖြဲ႔ဝင္ (၁၀)ႏိုင္ငံမွာ ႏိုင္ငံေရးစနစ္ေတြက မတူၾကတဲ့အတြက္ေၾကာင့္ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ ရပ္တည္ခ်က္ကလည္း ကြာျခားႏိုင္ပါတယ္။ ကြားျခားႏိုင္တဲ့အတြက္ အာဆီယံမွာ သူ႔ရဲ႕ကန္႔သတ္ခ်က္ေတြ ၊ သူ႔ရဲ႕ မူေတြ ရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔လိုခ်င္တဲ့ ရလဒ္မ်ဳိး ရဖို႔ဆိုတာေတာ့ ေတာ္ေတာ္ ခက္ခဲမယ္ေပါ့ေနာ္။ ရလာရင္ေတာ့ ဒီအတြက္ကို ဦးစီးဦးေဆာင္ လုပ္တဲ့ႏိုင္ငံေတြ ၊ ေနာက္ၿပီး အဖြဲ႔ဝင္ႏိုင္ငံေတြကိုေတာ့ အရမ္းႀကီး ေက်းဇူးတင္ပါတယ္။"

အခု စည္းေဝးပဲြကိုေတာ့ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကို ဖိတ္ၾကားၿပီး မၾကာေသးခင္က ဖြဲ႔စည္းလိုက္တဲ့ အမ်ဳိးသားညီၫြတ္ေရး အစိုးရ NUG ကိုပါ ဖိတ္ၾကားဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ ေဝဖန္မႈေတြ ၾကားမွာပဲ က်င္းပတာျဖစ္တာေၾကာင့္ ကန္႔ကြက္မႈေတြလည္း ေပၚထြက္ေနပါတယ္။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ ျမန္မာျပည္သူေတြရဲ႕လိုလားခ်က္ကို နည္းလမ္းေပါင္းစုံနဲ႔ ေဖၚျပႏိုင္ဖို႔ ၾကဳိးပမ္းထားတယ္လို႔ ေျပာပါတယ္။

" က်ေနာ္တို႔ NUG က ကိုယ္စားလွယ္ေတြကို မဖိတ္တာကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ စိတ္ပ်က္စရာေပ့ါေနာ္။ ဘာလို႔လည္းဆိုေတာ့ ဆုံးျဖတ္ခ်က္တခု ခ်မယ္ဆိုရင္ အဖက္ဖက္ကအျမင္ေတြ ၊ အဖက္ဖက္က ရႈေထာင့္ေတြကို ထည့္သြင္းစဥ္းစားမွသာ ရလဒ္ေကာင္းေတြ ရႏိုင္မယ္ေပါ့ေနာ္။ ဒါေၾကာင့္ အခုအေနအထားမွာ တဖက္ကပဲ ေျပာတဲ့အသံကို နားေထာင္ၿပီး ဆုံးျဖတ္မယ္ဆိုရင္ေတာ့ ဒါက ျပည္သူေတြရဲ႕ဆႏၵ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္လိမ့္မယ္လို႔ က်ေနာ္ မယူဆဘူး။ ဒါေပမဲ့လည္း တခ်ိန္ထဲမွာပဲ က်ေနာ္တို႔ ျပည္သူေတြရဲ႕အသံေတြ ၊ ေနာက္ၿပီး NUG ရဲ႕ဆႏၵေတြကိုေတ့ာ အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံေတြဆီေရာက္ေအာင္ နည္းမ်ဳိးစုံနဲ႔က်ေနာ္တို႔ ပို႔ထားပါတယ္။ အရပ္ဖက္အဖြဲ႔အစည္း Civil Society ေတြကတဆင့္ ၊ ေနာက္ လႊတ္ေတာ္အမတ္ေတြကတဆင့္ က်ေနာ္တို႔ ေျပာၾကားထားတာေတြ ရွိပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္သူေတြရဲ႕အသံကို သက္ဆိုင္ရာ သက္ဆိုင္ရာ ႏိုင္ငံေတြဆီေရာက္ေအာင္ ေဆာင္ရြက္ေပးတဲ့ အျခားႏိုင္ငံက ျပည္သူေတြကိုလည္း က်ေနာ္တို႔ အမ်ားႀကီးေက်းဇူးတင္ပါတယ္ ခင္ဗ်။ "

ျမန္မာ့အေရးဆိုင္ရာ အာဆီယံအထူးအစည္းအေဝးကို ကနဦးမွာ အာဆီယံ(၁၀)ႏိုင္ငံရဲ႕ ထိပ္သီးေခါင္းေဆာင္ေတြ ကိုယ္တိုင္ တက္ေရာက္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ၊ ေနာက္ပိုင္းမွာ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ ခ်မ္အိုခ်ာ ၊ ဖိလစ္ပိုင္သမၼတ ဒူတာေတးနဲ႔ လာအိုေခါင္းေဆာင္ေတြပါ တက္ေရာက္ျခင္း မရွိေတာ့ပဲ သူတို႔ရဲ႕ကိုယ္စားလွယ္ေတြကိုသာ ေစလႊတ္မယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာ့အရေး အဖြေမရှာနိုင်ရင် အာဆီယံပါ ထိခိုက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)

[ UNICODE ]

မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစား အဖြေရှာတာမျိုး မလုပ်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက် လာစေမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။မြန်မာ့အရေး အာဆီယံအရေးပေါ်စည်းဝေးပွဲကို စနေ ဒီကနေ့ ကျင်းပဖို့ ရှိနေချိန်မှာသူက အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သီးသန့်ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုအတွင်း နေ့စဉ်နီးပါး လူသေဆုံးနေရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးအဖြေရှာဖို့မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားပြီး အာဆီယံခေါင်းဆောင်တွေ တက်ရောက်ကြမယ့် အရေးပေါ် စည်းဝေးပွဲကို ဧပြီ(၂၄)ရက် ဒီကနေ့ အင်ဒိုနီးရှား ဂျာကာတာမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

ဂျာကာတာမှာ ကျင်းပမယ့် အစည်းအဝေးဟာ " မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် သဘောတူညီမှုမျိုး ရလာနိုင်လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက မျှော်လင့်ထားပါတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့အတွက် ဒီအစည်းအဝေးကို ကျင်းပရတာဖြစ်တယ်ဆိုတာ အင်ဒိုနီးရှားသမ္မတက အလေးပေးပြောကြားခဲ့တယ်" လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။

အာဆီယံ ခေါင်းဆောင်တွေ မျှော်လင့်ထားကြသလိုမျိုးပဲဒီဆွေးနွေးပွဲအတွင်းမြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစားတာမျိုး မလုပ်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA နဲ့ သီးသန့် မေးမြန်းစဉ်မှာ သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" ကျနော်တို့ရဲ့ အခုဖြစ်ပျက်နေတဲ့ဥစ္စာက ပြည်တွင်းရေးလို့ ပြောလို့မရတဲ့ အနေအထား ရောက်လာပြီ။ ဒါကြောင့် ဒီလိုမျိုးကိစ္စမှာ ဒေသတွင်းနိုင်ငံအနေနဲ့ ထိရောက်တဲ့အဖြေ မရဘူး၊ နောက်ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တဲ့အဖြေ မရဘူးဆိုရင်တော့ ဘာပဲပြောပြော အာဆီယံရဲ့သိက္ခာကလည်း အတိုင်းအတာ တခုထိ ထိခိုက်နိုင်တယ်လို့တော့ ကျနော် သုံးသပ်ပါတယ်။ တချိန်ထဲမှာပဲ ဒေသတွင်းက မဆောင်ရွက်နိုင်ဘူးဆိုရင် ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုတော့ အမြန်ဆုံး ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်ခင်ဗျ။ ဘာလို့လည်းဆိုတော့ ဆုံးဖြတ်ချက်လုပ်ဖို့ ၊ (အရေးယူဆောင်ရွက်မှု) Action တခုယူဖို့ကို တမိနစ် တနာရီ တရက် စောင့်မယ်ဆိုရင် ကျနော်တို့ပြည်တွင်းမှာ ပြည်သူတွေ သေဆုံးမှုက ပိုပိုများလာတယ် ဆိုတဲ့အချက်ကိုတော့ လျစ်လျှူမရှုကြဖို့ အာဆီယံနိုင်ငံ့ ခေါင်းဆောင်တွေကို ကျနော် တိုက်တွန်းပြောကြားလိုပါတယ်။ "

အာဆီယံအဖွဲ့ကြီးထဲမှာ နိုင်ငံရေးစနစ် မျိုးစုံ၊ ကန့်သတ်ချက် စည်းမျည်း မျိုးစုံရှိနေတာကြောင့် မြန်မာနိုင်ငံသားတွေ လိုလားတဲ့ ရလဒ်ကောင်း ထွက်ပေါ်လာမယ်ဆိုရင်တော့ အထူးဝမ်းမြောက်ရမှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

" ကျနော်တို့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တဲ့အတွက်ကြောင့် အာဆီယံအပေါ်တော့ မျှော်လင့်ပါတယ်။ တချိန်ထဲမှာပဲ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှာ နိုင်ငံရေးစနစ်တွေက မတူကြတဲ့အတွက်ကြောင့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရပ်တည်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ ကွားခြားနိုင်တဲ့အတွက် အာဆီယံမှာ သူ့ရဲ့ကန့်သတ်ချက်တွေ ၊ သူ့ရဲ့ မူတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့လိုချင်တဲ့ ရလဒ်မျိုး ရဖို့ဆိုတာတော့ တော်တော် ခက်ခဲမယ်ပေါ့နော်။ ရလာရင်တော့ ဒီအတွက်ကို ဦးစီးဦးဆောင် လုပ်တဲ့နိုင်ငံတွေ ၊ နောက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကိုတော့ အရမ်းကြီး ကျေးဇူးတင်ပါတယ်။"

အခု စည်းဝေးပွဲကိုတော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားပြီး မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုပါ ဖိတ်ကြားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြားမှာပဲ ကျင်းပတာဖြစ်တာကြောင့် ကန့်ကွက်မှုတွေလည်း ပေါ်ထွက်နေပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ မြန်မာပြည်သူတွေရဲ့လိုလားချက်ကို နည်းလမ်းပေါင်းစုံနဲ့ ဖေါ်ပြနိုင်ဖို့ ကြိုးပမ်းထားတယ်လို့ ပြောပါတယ်။

" ကျနော်တို့ NUG က ကိုယ်စားလှယ်တွေကို မဖိတ်တာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ပျက်စရာပေ့ါနော်။ ဘာလို့လည်းဆိုတော့ ဆုံးဖြတ်ချက်တခု ချမယ်ဆိုရင် အဖက်ဖက်ကအမြင်တွေ ၊ အဖက်ဖက်က ရှုထောင့်တွေကို ထည့်သွင်းစဉ်းစားမှသာ ရလဒ်ကောင်းတွေ ရနိုင်မယ်ပေါ့နော်။ ဒါကြောင့် အခုအနေအထားမှာ တဖက်ကပဲ ပြောတဲ့အသံကို နားထောင်ပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ ဒါက ပြည်သူတွေရဲ့ဆန္ဒ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ကျနော် မယူဆဘူး။ ဒါပေမဲ့လည်း တချိန်ထဲမှာပဲ ကျနော်တို့ ပြည်သူတွေရဲ့အသံတွေ ၊ နောက်ပြီး NUG ရဲ့ဆန္ဒတွေကိုတေ့ာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဆီရောက်အောင် နည်းမျိုးစုံနဲ့ကျနော်တို့ ပို့ထားပါတယ်။ အရပ်ဖက်အဖွဲ့အစည်း Civil Society တွေကတဆင့် ၊ နောက် လွှတ်တော်အမတ်တွေကတဆင့် ကျနော်တို့ ပြောကြားထားတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့အသံကို သက်ဆိုင်ရာ သက်ဆိုင်ရာ နိုင်ငံတွေဆီရောက်အောင် ဆောင်ရွက်ပေးတဲ့ အခြားနိုင်ငံက ပြည်သူတွေကိုလည်း ကျနော်တို့ အများကြီးကျေးဇူးတင်ပါတယ် ခင်ဗျ။ "

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးအစည်းအဝေးကို ကနဦးမှာ အာဆီယံ(၁၀)နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၊ နောက်ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချမ်အိုချာ ၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ လာအိုခေါင်းဆောင်တွေပါ တက်ရောက်ခြင်း မရှိတော့ပဲ သူတို့ရဲ့ကိုယ်စားလှယ်တွေကိုသာ စေလွှတ်မယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG