သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံအစည္းအေဝး NUG ကိုဖိတ္ဖို႔ အရပ္ဘက္အဖြဲ႕ေတြ တိုက္တြန္း


( ဧၿပီလ (၁၆)ရက္ေန႔က စတင္ဖြဲ႔စည္းလိုက္တဲ့ NUG အမ်ဳိးသားညီၫြတ္ေရး အစိုးရ အဖြဲ႔ဝင္ဝန္ႀကီးမ်ား အြန္လိုင္းကတဆင့္ က်မ္းသစၥာက်ိန္ဆိုေနၾကစဥ္ )

ZAWGYI/UNICODE အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္မွာက်င္းပမယ့္ ျမန္မာ့အေရး အာဆီယံထိပ္သီးအစည္းအေဝးကိုတက္ဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကိုဖိတ္ၾကားပါလို႔ ျမန္မာႏိုင္ငံနဲ႔ ေဒသတြင္းက အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြ၊ တသီးပုဂၢလ လူပုဂၢိဳလ္ေတြက ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

အေရွ႕ေတာင္အာရွနဲ႔ ကမာၻတဝန္းက အရပ္ဘက္လူမႈအဖြဲ႕အစည္း ၄၄၄ ဖြဲ႕၊ ျမန္မာႏိုင္ငံမွာ အေျခစိုက္တဲ့ အရပ္ဘက္လူမႈအဖြဲ႕အစည္း ၄၀၂ ဖြဲ႕နဲ႔ တသီးပုဂၢလလူပုဂၢိဳလ္ ၇၄၄ ဦးတို႔ေပးပို႔တဲ့ အိတ္ဖြင့္ေပးစာထဲမွာလည္း အဲဒီလို ေတာင္းဆိုထားတာပါ။

ဂ်ကာတာမွာလုပ္မယ့္ အာဆီယံအစည္းအေဝးကို ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ဖိတ္ၾကားတာဟာ ျပည္သူေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ေနတဲ့ အာဏာသိမ္းစစ္တပ္ကို တရားဝင္အသိအမွတ္ျပဳလိုက္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ အရပ္ဘက္လူမႈအဖြဲ႕ေတြက ေျပာပါတယ္။

ျမန္မာျပည္သူေတြ တရားဝင္ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ကိုယ္စားလွယ္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးျခင္းမျပဳဘဲ ျမန္မာ့အၾကပ္အတည္းကို အေျဖရွာႏိုင္မွာမဟုတ္ဘူးလို႔လည္း အိတ္ဖြင့္ေပးစာထဲမွာ ေထာက္ျပထားပါတယ္။

ျမန္မာစစ္တပ္က သူတို႔အာဏာသိမ္းယူထားတဲ့ လြႊတ္ေတာ္အမတ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ဆႏၵရွိပုံမရွိဘဲ လႊတ္ေတာ္အမတ္တခ်ိဳ႕ကိုေတာင္ ေသဒဏ္ခ်မွတ္ႏိုင္တဲ့ ႏိုင္ငံေတာ္သစၥာေဖာက္မႈက်ဴးလြန္တယ္ဆိုၿပီး စြပ္စြဲထားတာပါ။

ျမန္မာအေပၚ ၾသဇာလႊမ္းတဲ့ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံကေတာ့ အာဆီယံအစည္းအေဝးမွာ ျမန္မာ့အေရးကိုအေျဖရွာႏိုင္မယ့္ သိမ္ေမြ႕တဲ့နည္းလမ္းေတြ ေပၚထြက္လာမယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္းေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီကလည္း အာဆီယံအဖြဲ႕နဲ႔ နီးနီးကပ္ကပ္ ဆက္ဆံမွာျဖစ္ေပမယ့္ ျမန္မာ့အေရးကိုေတာ့ သူတို႔ဖာသာ ဆက္ၿပီး ကိုင္တြယ္ပါလိမ့္မယ္လို႔လည္း ေျပာပါတယ္။ တ႐ုတ္က အာဆီယံအဖြဲ႕ဝင္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ တ႐ုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြက ASEAN Plus Three ဆိုတဲ့အဖြဲ႕မွာပါပါတယ္။

UNICODE အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာကျင်းပမယ့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုဖိတ်ကြားပါလို့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနဲ့ ကမ္ဘာတဝန်းက အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၄၄ ဖွဲ့၊ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀၂ ဖွဲ့နဲ့ တသီးပုဂ္ဂလလူပုဂ္ဂိုလ် ၇၄၄ ဦးတို့ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာလည်း အဲဒီလို တောင်းဆိုထားတာပါ။

ဂျကာတာမှာလုပ်မယ့် အာဆီယံအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားတာဟာ ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အရပ်ဘက်လူမှုအဖွဲ့တွေက ပြောပါတယ်။

မြန်မာပြည်သူတွေ တရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းမပြုဘဲ မြန်မာ့အကြပ်အတည်းကို အဖြေရှာနိုင်မှာမဟုတ်ဘူးလို့လည်း အိတ်ဖွင့်ပေးစာထဲမှာ ထောက်ပြထားပါတယ်။

မြန်မာစစ်တပ်က သူတို့အာဏာသိမ်းယူထားတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆန္ဒရှိပုံမရှိဘဲ လွှတ်တော်အမတ်တချို့ကိုတောင် သေဒဏ်ချမှတ်နိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုကျူးလွန်တယ်ဆိုပြီး စွပ်စွဲထားတာပါ။

မြန်မာအပေါ် သြဇာလွှမ်းတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံကတော့ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးကိုအဖြေရှာနိုင်မယ့် သိမ်မွေ့တဲ့နည်းလမ်းတွေ ပေါ်ထွက်လာမယ်လို့ မေ ျှာ်လင့်ကြောင်းပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကလည်း အာဆီယံအဖွဲ့နဲ့ နီးနီးကပ်ကပ် ဆက်ဆံမှာဖြစ်ပေမယ့် မြန်မာ့အရေးကိုတော့ သူတို့ဖာသာ ဆက်ပြီး ကိုင်တွယ်ပါလိမ့်မယ်လို့လည်း ပြောပါတယ်။ တရုတ်က အာဆီယံအဖွဲ့ဝင်တော့မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ASEAN Plus Three ဆိုတဲ့အဖွဲ့မှာပါပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG