သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအစည်းအဝေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်မယ်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

{{Zawgyi/Unicode}}

အင်ဒိုနီးရှားနိုင်ငံ ဂျကာကာမြို့မှာ လာမယ့် ဧပြီလ ၂၄ ရက်၊ စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက VOA ကို အတည်ပြုပါတယ်။

အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျကာတာမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့လည်း အတည်ပြုပြောဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကတော့ အာဆီယံအစည်းအဝေး တက်မှာမဟုတ်ဘူးလို့ သမ္မတရဲ့ပြောခွင့်ရက ဒီကနေ့ ပြောပါတယ်။ စနေနေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဒီစည်းဝေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးကြမှာဖြစ်တဲ့အတွက် သမ္မတ Duterte အနေနဲ့ မတက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရ Harry Rogue က ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin တက်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း ပြေလည်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့ မြန်မာနိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အပြည့်အ၀ ထောက်ခံကြောင်း ပြောပါတယ်။

.........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG