သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အစုိးရပိုင္ကားကုမၸဏီ ျမန္မာစက္႐ံု ဒီႏွစ္ထဲဖြင့္မယ္


REUTERS Trumpchi from GAC Group at International Automobile Exhibition in Guangzhou, China

{{Zawgyi/Unicode}}

တ႐ုတ္အစိုးရပိုင္ ေမာ္ေတာ္ကားကုမၸဏီ အုပ္စုတစ္စုျဖစ္တဲ့ Guangzhou Automobile Group က ျမန္မာႏိုင္ငံမွာရွိတဲ့ ကားစက္႐ုံကို စီစဥ္ထားတဲ့အတိုင္း ဒီႏွစ္ထဲမွာဖြင့္လွစ္ၿပီး ေမာ္ေတာ္ကား ထုတ္လုပ္သြားဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

“ရန္ကုန္ၿမိဳ႕မွာရွိတဲ့စက္႐ုံကို တည္ေဆာက္ေနတာ ကနဦးအဆင့္မွာ ရွိေနေၾကာင္းနဲ႔ လက္ရွိ မၿငိမ္မသက္မႈေတြေၾကာင့္ သက္ေရာက္မႈ မရွိဘူး”လို႔ GAC Motor အုပ္စုရဲ႕ အာရွေဒသ အေထြေထြ မန္ေနဂ်ာ Ben Chan က Nikkei Asia သတင္းဌာနကို ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ဂ်ပန္နဲ႔ တျခားႏိုင္ငံေတြက ရင္းႏွီးျမႇဳပ္ႏွံသူေတြကေတာ့ ျမန္မာႏိုင္ငံတြင္းက ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြကို ရပ္ဆိုင္းတာေတြ၊ ႐ုပ္သိမ္းတာေတြ လုပ္ေနတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ခဲ့တဲ့ ျမန္မာစစ္တပ္က အာဏာသိမ္းမႈ ကန္႔ကြက္ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္္းေနတာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ရပ္ဆိုင္းေနၾကတာ ျဖစ္ပါတယ္။

ဂ်ပန္ Toyota Motor အေနနဲ႔ ေဒၚလာ ၅၂ သန္းတန္ စက္႐ုံသစ္ကို ေဖေဖာ္ဝါရီလထဲဖြင့္လွစ္ဖို႔ အစီအစဥ္ ရွိခဲ့ေပမယ့္ ရပ္ဆိုင္းထားခဲ့ပါတယ္။

တကမာၻလုံး အတိုင္းအတာအရ မႏွစ္က တ႐ုတ္ Guangzhou Automobile က ရရွိတဲ့ ဝင္ေငြ ေဒၚလာ ၉.၇၂ ဘီလီယံထဲက ၉၈% ကို တ႐ုတ္အစိုးရက ရရွိခဲ့တာျဖစ္ၿပီး ႏိုင္ငံရပ္ျခား ရင္းႏွီးျမႇဳပ္ႏွံမႈကေန ဝင္ေငြ ၁၈% တိုးတက္ခဲ့တယ္လို႔ Nikkei Asia သတင္းဌာနက ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ အာဏာသိမ္းမႈ ျဖစ္ပြားခ်ိန္ကစလို႔ တ႐ုတ္စက္႐ုံ ဒါဇင္နဲ႔ခ်ီၿပီး တိုက္ခိုက္ခံရ ဒါမွမဟုတ္ မီးရႈိ႕ခံရတာေၾကင့္ ေဒၚလာ ၃၇ သန္း ဆုံးရႈံးခဲ့တယ္လို႔ တ႐ုတ္သံ႐ုံးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က ေမာ္ေတာ္ကားအသစ္ ၁၇,၇၀၇ စီး ေရာင္းခ်ခဲ့ရာမွာ ၁၀,၇၅၃ စီးက ျပည္တြင္းမွာ ထုတ္လုပ္ခဲ့တာလို႔ ASEAN Automotive Federation ရဲ႕ သတင္းအခ်က္အလက္ေတြအရ သိရပါတယ္။

ဒါဟာ Covid ကပ္ေရာဂါမျဖစ္ခင္ ႏွစ္ကနဲ႔စာရင္ ေရာင္းအား ၁၉.၂% က်ဆင္းခဲ့တာျဖစ္ၿပီး ထုတ္လုပ္မႈက ၃၀.၆% က်ဆင္းခဲ့တာပါ။ ဒီႏွစ္ထဲမွာေတာ့ အာဏာသိမ္းမႈနဲ႔ ဆႏၵျပမႈေတြေၾကာင့္ ဒီထက္ ပိုၿပီး က်ဆင္းေနပါတယ္။ ကမာၻ႔ဘဏ္ကလည္း ျမန္မာႏိုင္ငံရဲ႕စီးပြားေရး ဒီႏွစ္ထဲ ၁၀% က်ဆင္းမယ္လို႔ ခန္႔မွန္းထားပါတယ္။

.....................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

တရုတ်အစိုးရပိုင် မော်တော်ကားကုမ္ပဏီ အုပ်စုတစ်စုဖြစ်တဲ့ Guangzhou Automobile Group က မြန်မာနိုင်ငံမှာရှိတဲ့ ကားစက်ရုံကို စီစဉ်ထားတဲ့အတိုင်း ဒီနှစ်ထဲမှာဖွင့်လှစ်ပြီး မော်တော်ကား ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ရန်ကုန်မြို့မှာရှိတဲ့စက်ရုံကို တည်ဆောက်နေတာ ကနဦးအဆင့်မှာ ရှိနေကြောင်းနဲ့ လက်ရှိ မငြိမ်မသက်မှုတွေကြောင့် သက်ရောက်မှု မရှိဘူး”လို့ GAC Motor အုပ်စုရဲ့ အာရှဒေသ အထွေထွေ မန်နေဂျာ Ben Chan က Nikkei Asia သတင်းဌာနကို ပြောပါတယ်။

တချိန်တည်းမှာပဲ ဂျပန်နဲ့ တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကတော့ မြန်မာနိုင်ငံတွင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ရပ်ဆိုင်းတာတွေ၊ ရုပ်သိမ်းတာတွေ လုပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

ဂျပန် Toyota Motor အနေနဲ့ ဒေါ်လာ ၅၂ သန်းတန် စက်ရုံသစ်ကို ဖေဖော်ဝါရီလထဲဖွင့်လှစ်ဖို့ အစီအစဉ် ရှိခဲ့ပေမယ့် ရပ်ဆိုင်းထားခဲ့ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရ မနှစ်က တရုတ် Guangzhou Automobile က ရရှိတဲ့ ဝင်ငွေ ဒေါ်လာ ၉.၇၂ ဘီလီယံထဲက ၉၈% ကို တရုတ်အစိုးရက ရရှိခဲ့တာဖြစ်ပြီး နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကနေ ဝင်ငွေ ၁၈% တိုးတက်ခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစလို့ တရုတ်စက်ရုံ ဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခံရ ဒါမှမဟုတ် မီးရှို့ခံရတာကြေင့် ဒေါ်လာ ၃၇ သန်း ဆုံးရှုံးခဲ့တယ်လို့ တရုတ်သံရုံးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က မော်တော်ကားအသစ် ၁၇,၇၀၇ စီး ရောင်းချခဲ့ရာမှာ ၁၀,၇၅၃ စီးက ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တာလို့ ASEAN Automotive Federation ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒါဟာ Covid ကပ်ရောဂါမဖြစ်ခင် နှစ်ကနဲ့စာရင် ရောင်းအား ၁၉.၂% ကျဆင်းခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုက ၃၀.၆% ကျဆင်းခဲ့တာပါ။ ဒီနှစ်ထဲမှာတော့ အာဏာသိမ်းမှုနဲ့ ဆန္ဒပြမှုတွေကြောင့် ဒီထက် ပိုပြီး ကျဆင်းနေပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေး ဒီနှစ်ထဲ ၁၀% ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG