သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေျခေန တ႐ုတ္ အထူးစိုးရိမ္


တရုတ္ နုိင္ငံျခားေရးဌာေနေျပာခြြင့္ရသူ Hua Chunying

(Zawgyi/Unicode)

ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ရဲ ႔ လက္ခ်က္ေၾကာင့္ ကေလးငယ္ ၄၀ ေက်ာ္ေသဆုံးခဲ့ရၿပီး ဆႏၵျပသူ ရာနဲ႔ခ်ီ ေပ်ာက္ဆုံးေနတာနဲ႔ ပတ္သက္လို႔ ႏုိင္ငံတကာရဲ ႔ ေ၀ဖန္ျပစ္တင္မႈေတြ ပိုျမင့္တက္လာေနပါတယ္။ ျမန္မာ့အေရးနဲ႔ ပတ္သက္ရင္ ခ်င့္ခ်ိန္ေျပာဆိုတတ္တဲ့ တရုတ္နုိင္ငံကလည္း ျမန္မာႏုိ္င္ငံတြင္းက အေျခအေနအေပၚအထူးစိုးရိမ္ေၾကာင္း ေသာၾကာေန႔က ေျပာပါတယ္။

“ျမန္မာႏုိင္ငံတြင္းက အၾကမ္းဖက္မႈေတြအေပၚ တ႐ုတ္ႏုိင္ငံက အလြန္စိုးရိမ္ေနပါတယ္။ အၾကမ္းဖက္မႈနဲ႔ ေသြးထြက္သံယို ထိပ္တိုက္ေတြ႔တာမ်ိဳးက ဘယ္သူ႔အတြက္မွ အက်ိဳးမရွိပါဘူး။ နစ္နာရသူေတြက ျမန္မာႏုိင္ငံထဲက လူေတြပဲျဖစ္ပါတယ္” လို႔ နုိင္ငံျခားေရးဌာေနေျပာခြြင့္ရသူ Hua Chunying က ေျပာဆိုသြားတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံရဲ ႔ ေရရွည္အကိ်ဳးကို ေမွ်ာ္ကိုးၿပီး အျမန္ဆုံး ေတြ႔ဆုံေဆြးေႏြးႏုိင္မယ္လို႔ တရုတ္ႏုိင္ငံက ရိုးသားစြာေမွ်ာ္လင့္ပါတယ္။ မတူကြဲျပားမႈေတြကို ဖြဲ႔စည္းပုံဥပေဒနဲ ႔တရားဥပေဒမူေဘာင္အတြင္းကေန ေဆြးေႏြးအရွာၿပီး ခက္ခက္ခဲခဲရယူထားတဲ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးဆီ ဆက္ၿပီးေလွ်ာက္လွမ္းႏုိင္မယ္လို႔ ေမ ွ်ာ္လင့္ပါတယ္လို႔လည္း ေျပာခြြင့္ရသူ Hua Chunying က ေျပာဆိုသြားပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ျမန္မာစစ္တပ္ရဲ ႔အၾကမ္းဖက္ႏွိမ္ႏွင္းမႈေၾကာင့္ ကေလးငယ္ ၄၄ ဦးအပါအ၀င္ ျပည္သူ ၅၄၃ ဦးထက္မနည္း ေသဆုံးခဲ့တယ္လုိ႔ အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ထားတာပါ။ စစ္တပ္နဲ႔႔ ရဲတပ္ဖြဲ႔႔ဖက္က မ်က္ရည္ယိုဗုံး၊ အသံဗုံး၊ ရာဘာက်ည္ဆံအျပင္ က်ည္ဆံအစစ္ေတြသုံးၿပီး ဆႏၵျပပြဲေတြကို ႏွိမ္နွင္းသလို လူေပါင္း ၂၇၀၀ ၀န္းက်င္တို႔လည္း အဖမ္းခံထားရပါတယ္။

အသတ္ခံရတဲ့ ကေလးငယ္အမ်ားစုက အိမ္ထဲမွာေနရင္း အသက္ဆုံးရံႈးရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၁၂ ရက္အတြင္း အရြယ္မေရာက္ေသးတဲ့ကေလးငယ္ေသဆုံးမႈ ၂ ဆေက်ာ္ တိုးလာတယ္ လို႔လည္း လူမႈေရးအဖြဲ႔ျဖစ္တဲ့ Save the Children ေၾကညာခ်က္ထုတ္ ေျပာဆိုထားပါတယ္။ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာပါ၀င္သူေတြကုိလည္း ညအခ်ိန္မွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ တပ္ေတြက အိမ္ေတြထဲ ၀င္ေရာက္စီနင္းၿပီး ဖမ္းဆီးေနတာျဖစ္ပါတယ္။ လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ HRW ရဲ ႔အဆိုအရ ျပည္သူရာနဲ႔ခ်ီကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အတင္းအၾကပ္ဖမ္းဆီးသြားၿပီး ဖမ္းဆီးထားတဲ့ေနရာကိုအသိမေပးတာ၊ ေရွ ႔ေနေတြနဲ႔ေတြ႔ခြင့္မျပဳ တာေတြရွိတယ္လို႔ ေျပာပါတယ္။

ျမန္မာ့အေျခေန တ႐ုတ္ အထူးစိုးရိမ္
please wait

No media source currently available

0:00 0:01:54 0:00
တိုက္႐ိုက္ လင့္ခ္


..............

မြန်မာ့အခြေနေ တရုတ် အထူးစိုးရိမ်

(Unicode)

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ကလေးငယ် ၄၀ ကျော်သေဆုံးခဲ့ရပြီး ဆန္ဒပြသူ ရာနဲ့ချီ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ပိုမြင့်တက်လာနေပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ချင့်ချိန်ပြောဆိုတတ်တဲ့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံတွင်းက အခြေအနေအပေါ်အထူးစိုးရိမ်ကြောင်း သောကြာနေ့က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေအပေါ် တရုတ်နိုင်ငံက အလွန်စိုးရိမ်နေပါတယ်။ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယို ထိပ်တိုက်တွေ့တာမျိုးက ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ နစ်နာရသူတွေက မြန်မာနိုင်ငံထဲက လူတွေပဲဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဌာနေပြောခွင့်ရသူ Hua Chunying က ပြောဆိုသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ တရုတ်နိုင်ငံက ရိုးသားစွာမျှော်လင့်ပါတယ်။ မတူကွဲပြားမှုတွေကို ဖွဲ့စည်းပုံဥပဒေနဲ့တရားဥပဒေမူဘောင်အတွင်းကနေ ဆွေးနွေးအရှာပြီး ခက်ခက်ခဲခဲရယူထားတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆီ ဆက်ပြီးလျှောက်လှမ်းနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်လို့လည်း ပြောခွင့်ရသူ Hua Chunying က ပြောဆိုသွားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာစစ်တပ်ရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ကလေးငယ် ၄၄ ဦးအပါအဝင် ပြည်သူ ၅၄၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားတာပါ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဖက်က မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်ဆံအပြင် ကျည်ဆံအစစ်တွေသုံးပြီး ဆန္ဒပြပွဲတွေကို နှိမ်နှင်းသလို လူပေါင်း ၂၇၀၀ ဝန်းကျင်တို့လည်း အဖမ်းခံထားရပါတယ်။

အသတ်ခံရတဲ့ ကလေးငယ်အများစုက အိမ်ထဲမှာနေရင်း အသက်ဆုံးရှုံးရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း အရွယ်မရောက်သေးတဲ့ကလေးငယ်သေဆုံးမှု ၂ ဆကျော် တိုးလာတယ် လို့လည်း လူမှုရေးအဖွဲ့ဖြစ်တဲ့ Save the Children ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်သူတွေကိုလည်း ညအချိန်မှာ စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေက အိမ်တွေထဲ ဝင်ရောက်စီနင်းပြီး ဖမ်းဆီးနေတာဖြစ်ပါတယ်။ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့အဆိုအရ ပြည်သူရာနဲ့ချီကို စစ်အုပ်ချုပ်ရေးကောင်စီက အတင်းအကြပ်ဖမ်းဆီးသွားပြီး ဖမ်းဆီးထားတဲ့နေရာကိုအသိမပေးတာ၊ ရှေ့နေတွေနဲ့တွေ့ခွင့်မပြု တာတွေရှိတယ်လို့ ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG