သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Xinjiang ဒေသ လူ့အခွင့်အရေးချိုးဖောက်တဲ့ တရုတ်အရာရှိတွေ အနောက်နိုင်ငံများ ဒဏ်ခတ်


(Zawgyi/Unicode)
တရုတ်နိုင်ငံ ရှင်ကျန်းဒေသက ဝှီဂါ မူစလင်တွေ အပေါ် လူ့အခွင့်ရေးချိုးဖေါက်မှုနဲ့ တရုတ်အရာရှိအတော်များများကို အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က အရေးယူဒဏ်ခတ်မှုတွေ တနင်္လာနေ့မှာ ချမှတ်လိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှင်ကျန်းဒေသဆိုင်ရာ ဒုတိယအကြီးအကဲဟောင်း Wang Junzheng နဲ့ ရှင်ကျန်းဒေသ လူထုလုံခြုံရေးဆိုင်ရာ ဗျူရို အကြီးအကဲ Chen Mingguo တို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ အရေးယူခဲ့တာပါ။

အီးယူနဲ့ ဗြိတိန်တို့ကလည်း ဒီအရာရှိကြီး ၂ ဦးအပြင် ရှင်ကျန်းဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီဝင် Wang Mingshan နဲ့ ရှင်ကျန်းဒေသအကြီးအကဲဟောင်း Zhu Hailun တို့ကိုပါ အရေးယူ ဒဏ်ခတ်ခဲ့တာဖြစ်ပါတယ်။

"ဒီပုဂ္ဂိုလ် ၄ ဦးနဲ့ တရုတ်အဖွဲ့အစည်း တခု အပါအဝင် အီးယူရဲ့ အရေးယူမှုမှာ ပါဝင်သူတွေဟာ ရှင်ကျန်းဒေသဆိုင်ရာ တရုတ်အစိုးရမူဝါဒ ချမှတ်ရေး အတွက် ပုံစံချမှုနဲ့ အကောင်ထည်ဖေါ်မှု တွေမှာ တက်တက်ကြွကြွ ပါဝင်နေတယ် " လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောသွားတာပါ။

အခုလို လုပ်ဆောင်မှုဟာ အချက်လက်မှားတွေနဲ့ မမှန်သတင်းတွေ ပေါ် အခြေခံ ထားတာဖြစ်တဲ့ အတွက် ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းပဲ တုန့်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပပါလီမန်က အဖွဲ့ဝင် ၅ ဦးအပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ အဖွဲ့အစည်း ၄ ခုအပေါ် တရုတ်အစိုးရက အရေးယူကြောင်း ဒါဟာ အချက်လက်မှားတွေ ဖြန့်ဝေမှုကြောင့်ဖြစ်ကြောင်းပါ ကြေညာခဲ့ပါတယ်။

၁၉၈၉ ခုနှစ် တရုတ်နိုင်ငံ Tiananmen အရေးအခင်းမှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲမှုကြောင့် အီးယူကစီးပွါးရေး ပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်ခဲ့တဲ့နောက် အခု အီးယူက ပထမဆုံး အကြိမ် တရုတ်အပေါ် ဒဏ်ခတ်အရေးယူလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG