သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ကုန္စည္ ကန္ ပိတ္ပင္မႈ ျပန္ဖြင့္ေပးဖို႔ တရုတ္ေတာင္းဆို


တရုတ္ႏိုင္ငံ Tianjin ဆိပ္ကမ္းျမင္ကြင္းတခု

(Zawgyi/Unicode)

တ႐ုတ္နိုင္ငံ Xinjiangျပည္နယ္က ထုတ္လုပ္တဲ့ ခ်ည္ထည္ပစၥည္းနဲ႔ ခရမ္းခ်ဥ္သီး ထြက္ကုန္ေတြကို အေမရိကန္နိုင္ငံထဲ တင္သြင္းခြင့္ မျပဳဘဲ ပိတ္ပင္ထားတာကို ျပန္႐ုပ္သိမ္းေပးဖို႔ တ႐ုတ္နိုင္ငံက ေတာင္းဆိုလိုက္ပါတယ္။

အေမရိကန္တို႔အေနနဲ႔ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ကို ျပန္ျပင္သင့္ေၾကာင္း၊ Xinjiang ျပည္နယ္နဲ႔ပတ္သက္ၿပီး တ႐ုတ္နိုင္ငံရဲ့ ျပည္ တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေနတာကို ရပ္ဆိုင္းသင့္ေၾကာင္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာ ပါတယ္။

တ႐ုတ္နိုင္ငံရဲ့ အမ်ိဳးသား အက်ိဳး စီးပြားနဲ႔ ဂုဏ္သိကၡာကို ကာကြယ္ဖို႔ နဲ႔ အခ်ဳပ္အျခာ အာဏာကို ကာကြယ္ေစာင့္ေရွာက္သြားမယ္လို႔ လည္း တ႐ုတ္ေျပာခြင့္ရက ေျပာပါတယ္။

သမၼတ ထရမ့္ အစိုးရက တ႐ုတ္ တာဝန္ရွိသူေတြ၊ ကုမၸဏီေတြနဲ႔ တ႐ုတ္ ကုန္ပစၥည္းေတြအေပၚ လူ႔အခြင့္အေရးနဲ႔ လုံျခဳံေရးကို အေျခခံ အေၾကာင္းျပၿပီး ဒဏ္ခတ္ ပိတ္ဆို႔မႈေတြကို ဆက္တိုက္ လုပ္ေဆာင္ေနတာပါ။

စီးပြားေရးအရ ဘယ္ေလာက္ ထိခိုက္မလဲဆိုတာ မသိရေသးေပမဲ့ တ႐ုတ္နိုင္ငံဘက္က Xinjiang ျပည္နယ္နဲ႔ ပတ္သက္လာရင္ အကဲဆတ္ေလ့ ရွိပါတယ္။ အဲဒီ ျပည္နယ္မွာ Uighur နဲ႔ တျခား မူဆလင္ ၁ သန္းေက်ာ္ ထိန္းသိမ္းေရး စခန္းေတြမွာ ေနထိုင္ ေနၾကရတယ္လို႔ စြပ္စြဲခံထားရပါတယ္။

တ႐ုတ္နိုင္ငံကေတာ့ Uighur အေပၚ မေတာ္မတရားလုပ္တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားၿပီး ေဒသခံေတြ စီးပြားေရး တိုးတက္လာေစဖို႔နဲ႔ အစြန္းေရာက္ဝါဒကို တိုက္ဖ်က္ဖို႔ ႀကိဳးပမ္းေနတာလို႔ ေျပာပါတယ္။

တ႐ုတ္နိုင္ငံက အဝတ္အထည္ ထုတ္လုပ္ေရး လုပ္ငန္းေတြအတြက္ Xinjiang ျပည္နယ္က ခ်ည္ထည္ပစၥည္းအဓိက ထုတ္လုပ္ၿပီး ဘဂၤလားေဒ့ရွ္၊ ဗီယက္နမ္နဲ႔ တျခားနိုင္ငံေတြကဆီကိုလည္း တင္ပို႔ပါတယ္။ အေမရိကန္တို႔ရဲ့ အေရးယူ ပိတ္ဆို႔မႈေၾကာင့္နာမည္ႀကီး အဝတ္အထည္ ေရာင္းခ်တဲ့ကုမၸဏီေတြ အေနနဲ႔ သူတို႔ ထုတ္လုပ္တဲ့ အဝတ္အထည္ေတြမွာ Xinjiang ထုတ္ ခ်ည္ထည္ေတြ အသုံးမျပဳဖို႔ လိုအပ္လာမွာ ျဖစ္ပါတယ္။

အေမရိကန္တို႔က မႏွစ္က အေမရိကန္ ေဒၚလာ ၉ ဘီလီယံ တန္ဖိုး ပမာဏရွိတဲ့ ခ်ည္ထည္နဲ႔ဆက္ႏြယ္ေနတဲ့ ကုန္ပစၥည္းေတြကိုတ႐ုတ္ နိုင္ငံကေန တိုက္ရိုက္ တင္သြင္းခဲ့တယ္လို႔ အေမရိကန္ အစိုးရ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

တရုတ်ကုန်စည် ကန် ပိတ်ပင်မှု ပြန်ဖွင့်ပေးဖို့ တရုတ်တောင်းဆို

(Unicode)

တရုတ်နိုင်ငံ Xinjiangပြည်နယ်က ထုတ်လုပ်တဲ့ ချည်ထည်ပစ္စည်းနဲ့ ခရမ်းချဉ်သီး ထွက်ကုန်တွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် မပြုဘဲ ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်တို့အနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်သင့်ကြောင်း၊ Xinjiang ပြည်နယ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကို ရပ်ဆိုင်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က ပြော ပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုး စီးပွားနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ နဲ့ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ လည်း တရုတ်ပြောခွင့်ရက ပြောပါတယ်။

သမ္မတ ထရမ့် အစိုးရက တရုတ် တာဝန်ရှိသူတွေ၊ ကုမ္ပဏီတွေနဲ့ တရုတ် ကုန်ပစ္စည်းတွေအပေါ် လူ့အခွင့်အရေးနဲ့ လုံခြုံရေးကို အခြေခံ အကြောင်းပြပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတာပါ။

စီးပွားရေးအရ ဘယ်လောက် ထိခိုက်မလဲဆိုတာ မသိရသေးပေမဲ့ တရုတ်နိုင်ငံဘက်က Xinjiang ပြည်နယ်နဲ့ ပတ်သက်လာရင် အကဲဆတ်လေ့ ရှိပါတယ်။ အဲဒီ ပြည်နယ်မှာ Uighur နဲ့ တခြား မူဆလင် ၁ သန်းကျော် ထိန်းသိမ်းရေး စခန်းတွေမှာ နေထိုင် နေကြရတယ်လို့ စွပ်စွဲခံထားရပါတယ်။

တရုတ်နိုင်ငံကတော့ Uighur အပေါ် မတော်မတရားလုပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဒေသခံတွေ စီးပွားရေး တိုးတက်လာစေဖို့နဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ ကြိုးပမ်းနေတာလို့ ပြောပါတယ်။

တရုတ်နိုင်ငံက အဝတ်အထည် ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် Xinjiang ပြည်နယ်က ချည်ထည်ပစ္စည်းအဓိက ထုတ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေကဆီကိုလည်း တင်ပို့ပါတယ်။ အမေရိကန်တို့ရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့်နာမည်ကြီး အဝတ်အထည် ရောင်းချတဲ့ကုမ္ပဏီတွေ အနေနဲ့ သူတို့ ထုတ်လုပ်တဲ့ အဝတ်အထည်တွေမှာ Xinjiang ထုတ် ချည်ထည်တွေ အသုံးမပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

အမေရိကန်တို့က မနှစ်က အမေရိကန် ဒေါ်လာ ၉ ဘီလီယံ တန်ဖိုး ပမာဏရှိတဲ့ ချည်ထည်နဲ့ဆက်နွယ်နေတဲ့ ကုန်ပစ္စည်းတွေကိုတရုတ် နိုင်ငံကနေ တိုက်ရိုက် တင်သွင်းခဲ့တယ်လို့ အမေရိကန် အစိုးရ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG