သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာမှာ ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးကြောင်း အိုဘားမားပြော

အမေရိကန်သမ္မတ Barack Obama ဝါရှင်တန် ဒီစီ၊ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ ဆုတောင်းပွဲ အခမ်းအနား တက်ရောက် မိန့်ခွန်းပြော (ဖေဖော်ဝါရီ ၆၊ ၂၀၁၄)
အမေရိကန်သမ္မတ Barack Obama ဝါရှင်တန် ဒီစီ၊ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ ဆုတောင်းပွဲ အခမ်းအနား တက်ရောက် မိန့်ခွန်းပြော (ဖေဖော်ဝါရီ ၆၊ ၂၀၁၄)
အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ မနက် ဝါရှင်တန် ဒီစီမြို့မှာ ပြုလုပ်တဲ့ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ စားရင်း ဆုတောင်းပွဲပြုလုပ်တဲ့ အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောကြား တဲ့အထဲ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေး လွတ်လပ်ခွင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တာနဲ့ပတ်သက်ပြီး ပြောကြားသွားရာမှာ အာရှဒေသက မြန်မာနဲ့ တရုတ်နိုင်ငံ တို့ကိုလည်း ထည့်သွင်း ပြောကြား သွားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပါဝင်လာနိုင်ရေးအတွက် အခရာ ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အိုဘားမားက  ဝါရှင်တန်မြို့တော် မှာကျင်းပတဲ့ အမေရိကန် ရိုးရာ National Prayer Breakfast ခေါ် နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

နှစ်ပေါင်းများစွာ အမှောင်ဖုံးခဲ့တဲ့ခေတ်ကနေ လူထုကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်၊ မြန်မာနိုင်ငံ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြန်လည် ပါဝင်လာနိုင်ရေးဟာ ခရစ်ယာန်နဲ့ မူဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေကို ဘယ်လောက် လေးစားတယ်ဆိုတဲ့ အပေါ် မူတည်တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတအိုဘားမား ပြောဆိုသွားတာပါ။

ဘာသာရေးလွတ်လပ်ခွင့်ဟာ အမျိုးသားလုံခြုံရေးအတွက် အရေးပါသလို အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးဆက်ဆံရေးမှာ အဓိက လက်ခံထားတဲ့ မူဝါဒ တခုဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ သူ တရုပ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်ကလည်း ခရစ်ယာန် ဘာသာဝင်တွေ၊ တိဘက် ဗုဒ္ဓဘာသာဝင်တွေနဲ့ Uyghur မူဆလင်တွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုတဲ့အကြောင်း အလေးအနက် ပြောဆိုခဲ့ တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဝါရှင်တန်မြို့တော်မှာ နှစ်စဉ် ဖေဖော်ဝါရီလရဲ့ ပထမဆုံး ကြာသာပတေးနေ့တွေမှာ ကျင်းပလေ့ရှိတဲ့ National Prayer Breakfast ခေါ် နှစ်ပတ်လည် ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို ဘာသာတရား အယူအစွဲ မရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအဝိုင်းက အထူးဧည့်သည်တော်တွေအပြင် ပြည်တွင်းနဲ့ ပြည်ပက ဘာသာရေးခေါင်းဆောင်တွေကို လည်း ဖိတ်ကြားလေ့ရှိပါတယ်။

အမေရိကန် သမ္မတနဲ့  လွှတ်တာ်အမတ်တွေ၊ ပြည်နယ်ပေါင်းစုံက စီးပွားရေးလုပ်ငန်းရှင်တွေ ခေတ် အဆက်ဆက်ပါဝင် တက်ရောက်လေ့ရှိပြီး ဒီနှစ် အခမ်းအနားဟာ ၆၁ နှစ်မြောက် ကျင်းပတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။
XS
SM
MD
LG