(Zawgyi/Unicode)
တ႐ုတ္ႏိုင္ငံက သြင္းကုန္ပစၥည္းေတြကိုနဲ႔ ပတ္သက္လို႔ အတင္းအဓမၼေစခိုင္းမႈ သံသယရွိတဲ့ ကုန္ပစၥည္းေတြကို တားျမစ္ဖို႔ ၿဗိတိန္ႏိုင္ငံမွာ အဂၤါေန႔က စည္းမ်ဥ္းစည္းကမ္းအသစ္ ေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါအျပင္ တ႐ုတ္ဟာ ဝွီဂါ လူနည္းစုအေပၚျပင္းထန္ႀကီးမားလွတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ေနရာမွာ ရက္စက္ၾကမ္းၾကတ္မႈအဆင့္ထိ ေရာက္ေနေၾကာင္းလည္း ၿဗိတိန္အစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အဂၤါေန႔က ၿဗိတိန္ပါလီမန္မွာ ျပဳလုပ္တဲ့ အစည္းအေဝးမွာ ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab က တ႐ုတ္အစိုးရရဲ႕ ဝွီဂါလူမ်ိဳးေတြအေပၚ ဖိႏွိပ္မႈေတြနဲ႔ပတ္သက္လို႔ အခုလို ျပင္းျပင္းထန္ထန္ကန႔္ကြက္ေျပာဆိုခဲ့ပါတယ္။
”ထိန္းသိမ္းမႈ သေဘာသဘာဝနဲ႔ အေျခအေနေတြဟာ လူ႔အခြင့္အေရးအေျခခံစံႏႈန္းေတြကိုခ်ိဳးေဖာက္တဲ့အျပင္၊ အဆိုး႐ြားဆုံးအေနအထားနဲ႔ ညႇဥ္းပန္း ႏွိပ္စက္မႈ၊လူမဆန္မႈ၊ အသေရဖ်က္ဆက္ဆံမႈ ေတြပဲျဖစ္တယ္။”
ဒါေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ ဦးေဆာင္ေနတဲ့ ၿဗိတိန္အေနနဲ႔ ကိုယ့္က်င့္တရားဆိုင္ရာ တုန႔္ျပန္ဖို႔ တာဝန္ရွိတယ္လို႔လည္း သူကေျပာပါတယ္။
ၿဗိတိန္နဲ႔ တ႐ုတ္ဆက္ဆံေရးဟာ ေဟာင္ေကာင္ၿဖိဳခြဲမႈကိစၥကတည္းက တင္းမာေနခဲ့တာပါ။
တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Xinjiang ျပည္နယ္က ဝွီဂါလူမ်ိဳးေတြကို ဆန႔္က်င္ဖိႏွိပ္တဲ့ လူ႔အခြင့္ခ်ိဳးေဖာက္မႈေတြကေန အမွတ္တမဲ့ သို႔မဟုတ္ တမင္တကာအျမတ္ထုတ္တဲ့၊ ဒါမွမဟုတ္ အေထာက္အကူျပဳတဲ့ ၿဗိတိန္ကုမၸဏီေတြကို တားျမစ္ကန႔္သတ္တဲ့ အစီအစဥ္ေတြကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီး Raab ကတင္ျပခဲ့ပါတယ္။
အဲဒီကန္႕သတ္ခ်က္ေတြထဲမွာ- ပြင့္လင္းျမင္သာတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ မကိုက္ညီတဲ့ စီးပြားေရးလုပ္ငန္းေတြအတြက္ဒဏ္ေငြရိုက္ဖို႔အတြက္ ၿဗိတိန္ႏိုင္ငံရဲ႕ ခတ္သစ္ကြၽန္စနစ္အက္ဥပေဒ ပိုမိုအားေကာင္းေအာင္လာဖို႔၊ လုပ္ထုံးလုပ္နည္းေတြကို အမ်ားျပည္သူက႑မွာပါ တိုးခ်ဲ႕ဖို႔နဲ႕Xinjiang ေဒသတ၀ိုက္ ပို႔ကုန္ထိန္းခ်ဳပ္မႈကို အေရးေပၚျပန္လည္ သံုးသပ္ဖို႔ စတာေတြပါ၀င္ပါတယ္။
...........
Uighur လူနည်းစုအပေါ် တရုတ်ရက်စက်မှု ဗြိတိန်ရှုတ်ချ
(Unicode)
တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတွေကိုနဲ့ ပတ်သက်လို့ အတင်းအဓမ္မစေခိုင်းမှု သံသယရှိတဲ့ ကုန်ပစ္စည်းတွေကို တားမြစ်ဖို့ ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့က စည်းမျဉ်းစည်းကမ်းအသစ် တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါအပြင် တရုတ်ဟာ ဝှီဂါ လူနည်းစုအပေါ်ပြင်းထန်ကြီးမားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာမှာ ရက်စက်ကြမ်းကြတ်မှုအဆင့်ထိ ရောက်နေကြောင်းလည်း ဗြိတိန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။ အင်္ဂါနေ့က ဗြိတိန်ပါလီမန်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တရုတ်အစိုးရရဲ့ ဝှီဂါလူမျိုးတွေအပေါ် ဖိနှိပ်မှုတွေနဲ့ပတ်သက်လို့ အခုလို ပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
”ထိန်းသိမ်းမှု သဘောသဘာဝနဲ့ အခြေအနေတွေဟာ လူ့အခွင့်အရေးအခြေခံစံနှုန်းတွေကိုချိုးဖောက်တဲ့အပြင်၊ အဆိုးရွားဆုံးအနေအထားနဲ့ ညှဉ်းပန်း နှိပ်စက်မှု၊လူမဆန်မှု၊ အသရေဖျက်ဆက်ဆံမှု တွေပဲဖြစ်တယ်။”
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဦးဆောင်နေတဲ့ ဗြိတိန်အနေနဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ တုန့်ပြန်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။
ဗြိတိန်နဲ့ တရုတ်ဆက်ဆံရေးဟာ ဟောင်ကောင်ဖြိုခွဲမှုကိစ္စကတည်းက တင်းမာနေခဲ့တာပါ။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang ပြည်နယ်က ဝှီဂါလူမျိုးတွေကို ဆန့်ကျင်ဖိနှိပ်တဲ့ လူ့အခွင့်ချိုးဖောက်မှုတွေကနေ အမှတ်တမဲ့ သို့မဟုတ် တမင်တကာအမြတ်ထုတ်တဲ့၊ ဒါမှမဟုတ် အထောက်အကူပြုတဲ့ ဗြိတိန်ကုမ္ပဏီတွေကို တားမြစ်ကန့်သတ်တဲ့ အစီအစဉ်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီး Raab ကတင်ပြခဲ့ပါတယ်။
ဒီကန့်သတ်ချက်တွေထဲမှာ- ပွင့်လင်းမြင်သာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်ဒဏ်ငွေရိုက်ဖို့အတွက် ဗြိတိန်နိုင်ငံရဲ့ ခတ်သစ်ကျွန်စနစ်အက်ဥပဒေ ပိုမိုအားကောင်းအောင်လာဖို့၊ လုပ်ထုံးလုပ်နည်းတွေကို အများပြည်သူကဏ္ဍမှာပါ တိုးချဲ့ဖို့နဲ့Xinjiang ဒေသတဝိုက် ပို့ကုန်ထိန်းချုပ်မှုကို အရေးပေါ်ပြန်လည် သုံးသပ်ဖို့ စတာတွေပါဝင်ပါတယ်။