သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ထိန္းထိန္းသိမ္းသိမ္းေဆာင္ရြက္ဖို႔ တ႐ုတ္ထပ္မံ သတိေပး


မတ္လ ၂၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕က စစ္အာဏာဖီဆန္ ဆႏၵျပပဲြျမင္ကြင္း။ (မတ္ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ၊ ေသြးေျမက်မႈေတြဟာ ဘယ္သူ႔အတြက္မွ အက်ိဳးမရွိဘဲ တကယ္တမ္း နစ္နာသူေတြဟာ ျမန္မာျပည္သူေတြပဲ ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံက သတိေပးေျပာဆိုပါတယ္။ ျမန္မာႏိ္ုင္ငံတြင္း တင္းမာမႈေတြ ေလ်ာ့က်လာေစဖို႔ ျပႆနာကို အျပဳသေဘာနဲ႔ ခ်ည္းကပ္ၿပီး ထိန္းသိမ္းေဆာင္ရြက္ၾကဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Zhao Lijian က တ႐ုတ္ဘာသာစကားနဲ႔ ေျပာသြားတာပါ။

“ျမန္မာႏိုင္ငံတြင္း တင္းမာမႈေတြ ေျပေလ်ာ့ေစဖို႔ သက္ဆိုင္သူအားလံုးအေနနဲ႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိန္းထိန္းသိမ္းသိမ္းေဆာင္ရြက္ၾကဖို႔ အျပဳသေဘာနဲ႔ ခ်ည္းကပ္ေဆာင္ရြက္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္လို႔ က်ေနာ္တို႔ အႀကိမ္ႀကိမ္ေျပာထားၿပီးပါၿပီ။ အၾကမ္းဖက္မႈေတြနဲ႔ ေသြးေျမက်တဲ့ တိုက္ခိုက္မႈေတြဟာ ဘယ္သူ႕အတြက္မွ အက်ိဳးမျဖစ္ေစပါဘူး။ တကယ္တမ္းနစ္နာခံစားရမွာ ျမန္မာျပည္သူေတြျဖစ္ပါတယ္။”

တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရသူ ေျပာသြားတာပါ။ လက္ရွိ ျမန္မာ့ႏိ္ုင္ငံေရး တင္းမာမႈမွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ေထာက္ခံကူညီေနတယ္ဆိုၿပီး ျမန္မာဒီမိုကေရစီေရးေတာင္းဆိုလႈပ္ရွားသူေတြက ယူဆၾကပါတယ္။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံတြင္း တ႐ုတ္ပိုင္ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ဆန္႔က်င္ေျပာဆိုမႈေတြ ရွိၾကပါတယ္။ ဒီလအတြင္းမွာပဲ ရန္ကုန္လိႈင္သာယာက ဆႏၵျပမႈျဖစ္ေနခ်ိန္အတြင္း တ႐ုတ္ပိုင္အထည္ခ်ဳပ္စက္ရံုနဲ႔ စီးပြားေရးလုပ္ငန္းတခ်ိဳ႕ မီးရိႈ႕ဖ်က္ဆီးခံရတာေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ တရုတ်ထပ်မံ သတိပေး

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ၊ သွေးမြေကျမှုတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ တကယ်တမ်း နစ်နာသူတွေဟာ မြန်မာပြည်သူတွေပဲ ဖြစ်တယ်လို့ တရုတ်နိုင်ငံက သတိပေးပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ လျော့ကျလာစေဖို့ ပြဿနာကို အပြုသဘောနဲ့ ချည်းကပ်ပြီး ထိန်းသိမ်းဆောင်ရွက်ကြဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Zhao Lijian က တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။

“မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ ပြေလျော့စေဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ အပြုသဘောနဲ့ ချည်းကပ်ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်လို့ ကျနော်တို့ အကြိမ်ကြိမ်ပြောထားပြီးပါပြီ။ အကြမ်းဖက်မှုတွေနဲ့ သွေးမြေကျတဲ့ တိုက်ခိုက်မှုတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမဖြစ်စေပါဘူး။ တကယ်တမ်းနစ်နာခံစားရမှာ မြန်မာပြည်သူတွေဖြစ်ပါတယ်။”

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ ပြောသွားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေး တင်းမာမှုမှာ တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်ချုပ်ရေးကောင်စီကို ထောက်ခံကူညီနေတယ်ဆိုပြီး မြန်မာဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်း တရုတ်ပိုင် ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့်ကျင်ပြောဆိုမှုတွေ ရှိကြပါတယ်။ ဒီလအတွင်းမှာပဲ ရန်ကုန်လှိုင်သာယာက ဆန္ဒပြမှုဖြစ်နေချိန်အတွင်း တရုတ်ပိုင်အထည်ချုပ်စက်ရုံနဲ့ စီးပွားရေးလုပ်ငန်းတချို့ မီးရှို့ဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG