သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း ဝမ္းနည္းဖြယ္ျဖစ္ရပ္ေတြကို ႐ုရွားမေထာက္ခံ


ရန္ကုန္ၿမိဳ႕ တေနရာတြင္ေတြ႔ရတဲ့ ဆႏၵျပသူတခ်ိဳ႕။ (မတ္ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ရုရွားႏုိင္ငံဟာ ျမန္မာႏုိင္ငံနဲ႔ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးေတြ ေရရွည္တည္ေဆာက္ထားတယ္ဆိုေပမဲ့ ျမန္မာႏုိင္ငံမွာ ေပၚေပါက္ေနတဲ့ ၀မ္းနည္းစရာျဖစ္ရပ္ေတြကို ေထာက္ခံတဲ့သေဘာ မဟုတ္ဘူးလို႔ ရုရွားအစိုးရက တနလၤာေန႔မွာ ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ရဲ ႔ လက္ခ်က္ေၾကာင့္ အရပ္သားျပည္သူ ရာနဲ႔ခ်ီေသဆုံးေနရခ်ိန္မွာ ရုရွားကာကြယ္ေရး ဒု၀န္ႀကီး Alexander Fomin က ျမန္မာႏိုင္ငံကို အလည္အပတ္လာေရာက္ၿပီး ႏွစ္ႏုိင္ငံစစ္ဘက္ဆက္ဆံေရး တိုးတက္ဖို႔ ကတိျပဳခဲ့တဲ့အေပၚ လူ႔အခြင့္အေရးအဖြြဲ႔ေတြရဲ ႔ ေ၀ဖန္ေျပာဆုိမႈေတြ အႀကီးအက်ယ္ထြက္ေပၚလာတာေနပါတယ္။ အဲဒီလို ေ၀ဖန္သံေတြ ထြက္ေပၚလာလခ်ိန္မွာပဲ ရုရွားႏုိင္ငံရဲ ႔ရပ္တည္ခ်က္ကို နားလည္မႈ မလြဲေစခ်င္ဘူးလို႔ ရုရွားအစိုးရေျပာခြင့္ရသူ Dmitry Peskov က သတင္းေထာက္ေတြကို တနလၤာေန႔မွာ ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

ျမန္မာနဲ႔ ရုရွားႏုိင္ငံၾကား အျပဳသေဘာေဆာင္တဲ့ဆက္ဆံေရးေတြ ေရရွည္တည္ရွိထားေပမဲ့လည္း ျမန္မာႏို္င္ငံမွာ လတ္တေလာေပၚေပါက္ေနတဲ့ ၀မ္းနည္းစရာျဖစ္ရပ္ေတြကို ရုရွားက လုံး၀မေထာက္ခံပါဘူးလို႔ ေျပာခြင့္ရသူ Peskov က ဒီကေန႔ သတင္းစာရွင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံလာေရာက္ခဲ့တဲ့ ႐ုရွားကာကြယ္ေရး ဒု၀န္ႀကီးဟာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကက်င္းပတဲ့ တပ္မေတာ္ေန႔အခမ္းအနားကို တတ္ေရာက္ခဲ့ပါေသးတယ္။ အဲဒီေန႔မွာပဲ ဖက္ဆစ္ေတာ္လွန္ေရးေန႔ ဆႏၵျပပဲြေတြကို စစ္တပ္နဲ႔ ရဲ ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆံုးခဲ့ရပါတယ္။

[Unicode Version]

မြန်မာပြည်တွင်း ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ရုရှားမထောက်ခံ

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ရေရှည်တည်ဆောက်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တွေကို ထောက်ခံတဲ့သဘော မဟုတ်ဘူးလို့ ရုရှားအစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ ရာနဲ့ချီသေဆုံးနေရချိန်မှာ ရုရှားကာကွယ်ရေး ဒုဝန်ကြီး Alexander Fomin က မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ပြီး နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး တိုးတက်ဖို့ ကတိပြုခဲ့တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ပြောဆိုမှုတွေ အကြီးအကျယ်ထွက်ပေါ်လာတာနေပါတယ်။ အဲဒီလို ဝေဖန်သံတွေ ထွက်ပေါ်လာလချိန်မှာပဲ ရုရှားနိုင်ငံရဲ့ရပ်တည်ချက်ကို နားလည်မှု မလွဲစေချင်ဘူးလို့ ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနဲ့ ရုရှားနိုင်ငံကြား အပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေ ရေရှည်တည်ရှိထားပေမဲ့လည်း မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တွေကို ရုရှားက လုံးဝမထောက်ခံပါဘူးလို့ ပြောခွင့်ရသူ Peskov က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံလာရောက်ခဲ့တဲ့ ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟာ စစ်အုပ်ချုပ်ရေးကောင်စီကကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို တတ်ရောက်ခဲ့ပါသေးတယ်။ အဲဒီနေ့မှာပဲ ဖက်ဆစ်တော်လှန်ရေးနေ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲ ပစ်ခတ်နှိမ်နင်းတာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG