သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဏ္၀န္ထမ္းေတြရဲ႕ အာဏာရွင္ အန္တုမွဳ ထိေရာက္မွာလား


Protesters hold up signs supporting the Civil Disobedience Movement (CDM) at a demonstration against the military coup in Yangon on February 14, 2021. (Photo by YE AUNG THU / AFP)
တိုက္႐ိုက္ လင့္ခ္


ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီ ၁ ရက္ ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္အာဏာသိမ္းပြဲ ျဖစ္ပြားၿပီးေနာက္ ျပည္သူလူထုရဲ႕ ျပင္းထန္တဲ့ ဆန႔္က်င္ ဆႏၵျပပြဲႀကီးေတြ ေပၚေပါက္လာသလို၊ ဝန္ထမ္းေတြရဲ႕ အစိုးရယႏၲယား မလည္ပတ္ႏိုင္ေအာင္ ဟန႔္တားတဲ့ CDM လႈပ္ရွားမႈႀကီးလည္း တၿပိဳင္နက္တည္း ေပၚေပါက္လာပါတယ္။ ထူးျခားတာ တစ္ခုကေတာ့ အစိုးရဌာန ဆိုင္ရာ မဟုတ္ပါပဲနဲ႔ ပုဂၢလိက ဘဏ္ဝန္ထမ္းေတြရဲ႕ CDM လုပ္ရွားမႈပါ။ အဲလို ပုဂၢလိက ဘဏ္ဝန္ထမ္းေတြရဲ႕ CDM လုပ္မႈေၾကာင့္ စစ္ေကာင္စီ အာဏာရယူၿပီး ၂ လေက်ာ္ ၾကာလာသည္အထိ ပုဂၢလိက ဘဏ္ေတြ မဖြင့္လွစ္ႏိုင္၊ ျမန္မာႏိုင္ငံ စီးပြားေရး လုပ္ငန္းေတြရဲ႕ ေငြေရးေၾကးေရး အခန္းက႑လည္း ရပ္ဆိုင္းသလို ျဖစ္ေနခဲ့ပါတယ္။ စစ္ေကာင္စီ အစည္းအေဝး တစ္ႀကိမ္က်င္းပတိုင္း ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ပုဂၢလိက ဘဏ္ေတြ ျပန္ဖြင့္ႏိုင္ေရး ၫႊန္ၾကားခဲ့ၿပီး၊ ၫႊန္ၾကားသလို အေကာင္အထည္ မေဖာ္ႏိုင္ခဲ့ရင္ ဘဏ္တာဝန္ရွိသူေတြကိုေရာ၊ ဘဏ္ကိုပါ အေရးယူဖို႔ ၿခိမ္းေျခာက္ခဲ့တာလည္း တစ္ႀကိမ္ ႏွစ္ႀကိမ္ မကေတာ့ပါဘူး။ ျမန္မာ့စီးပြားေရး လုပ္ငန္းေတြ ပုံမွန္ ျပန္လည္ပတ္ႏိုင္ေရးမွာ ပုဂၢလိကဘဏ္ေတြ ပုံမွန္ ျပန္ဖြင့္လွစ္ႏိုင္ေရး အမ်ားႀကီး အေရးပါပါတယ္။ အခုလို စစ္ေကာင္စီရဲ႕ ဘက္ေပါင္းစုံကေန ဖိအားေပး၊ အၾကပ္ကိုင္ ၿခိမ္းေျခာက္မႈေတြေၾကာင့္ ပုဂၢလိကဘဏ္ေတြ သိပ္မၾကာခင္ ပုံမွန္ ျပန္ ဖြင့္လာႏိုင္မလား၊ ဒါမွမဟုတ္ စစ္ေကာင္စီကေန ဘဏ္ေတြအေပၚ ႀကီးမားတဲ့ အေရးယူမႈေတြ လုပ္လာေလမလား ဆိုၿပီး စိုးရိမ္မႈေတြလည္း ထြက္ေပၚေနပါတယ္။

အာဏာရွင္ကို ဆန္႔က်င္တဲ့ လွဳပ္ရွားမွဳေတြမွာ ပုဂၢလိက ဘဏ္၀န္ထမ္းေတြရဲ႕ ပါ၀င္မွဳဟာ အမ်ားၾကီး အေရးပါပါတယ္။ ျပည္သူလူထုကလည္း အဲလို အေရးပါတယ္ဆုိတာကို သိတဲ့အတြက္ ပုဂၢလိက ဘဏ္ပိုင္ရွင္ေတြအေနနဲ႔ ၀န္ထမ္းေတြရဲ႕ CDM လုပ္ထားမွဳကို ဆန္႔က်င္ျပီး ဘဏ္ေတြကို အတင္းအၾကပ္ ျပန္ဖြင့္ဖို႔ ၾကိဳးစားမယ္ဆုိရင္ ၀ိုင္းျပီး အေရးယူ ဒဏ္ခတ္ၾကမယ္လို႔ ေၾကြးေၾကာ္ခဲ့ၾကပါတယ္။ ျပည္သူေတြက ၀ိုင္းျပီး ဒဏ္ခတ္မယ္ ဆိုတဲ့ကိစၥက ရိုးရိုးရွင္းရွင္းေလးပါ၊ အဲလို CDM ကို ဆန္႔က်င္ျပီး ျပန္ဖြင့္တဲ့ဘဏ္မွာ ေငြအပ္ထားသူေတြ အားလံုး စုျပံဳသြားေရာက္ၾကျပီး ကိုယ့္အပ္ေငြေတြကို ကိုယ္ျပန္ထုတ္ယူမယ္ ဆိုတဲ့ သေဘာပါ။ ဘဏ္ေတြဆိုတာ အေျခခံအားျဖင့္ ေငြစုခ်င္သူေတြရဲ႕ ေငြေတြကို အတိုးေပးျပီး လက္ခံ၊ ရလာတဲ့ ေငြေတြ လိုအပ္တဲ့ လုပ္ငန္းရွင္ေတြကို အတိုးယူျပီး ျပန္ေခ်းေပး၊ ဘဏ္က ၾကားခံ အေနနဲ႔ ၀န္ေဆာင္မွဳ ေပးျပီး အက်ိဳးအျမတ္ ရေအာင္ လုပ္ငန္းလည္ပတ္ၾကရတာမို႔ ေခ်းေငြေတြ ျပန္ဆပ္တာ မရွိပဲ အပ္ေငြေတြ အလံုးအရင္းနဲ႔ ျပန္လာထုတ္ရင္ေတာ့ ဘယ္ဘဏ္မွ ခံႏိုင္မွာ မဟုတ္လို႔ ျဖစ္ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ အာဏာသိမ္းျပီး သိပ္မၾကာခင္ ဗဟိုဘဏ္ကေန တဆင့္ ဘဏ္ေတြအားလံုး ေဖေဖၚ၀ါရီ ၈ ရက္ေန႔မွာ ျပန္ဖြင့္ဖို႔၊ လိုအပ္ရင္ စစ္တပ္ကေန လံုျခံဳေရးယူေပးမယ္ ဆိုျပီး ညႊန္ၾကားခဲ့ပါတယ္။ အဲလို ညႊန္ၾကားခဲ့တဲ့တိုင္ ပုဂၢလိကဘဏ္ေတြ ဖြင့္လွစ္တာ မရွိေလေတာ့ စစ္တပ္ပိုင္ ျမ၀တီဘဏ္ေတြ ဖြင့္ဖုိ႔ ညႊန္ၾကားခဲ့ျပန္ပါတယ္။ တကယ့္တကယ္ ျမ၀တီဘဏ္ေတြ ဖြင့္လွစ္တဲ့အခါ အပ္ေငြ ျပန္လာထုတ္သူ ျပည္သူေတြ မ်ားလြန္းလို႔၊ အပ္ေငြေတြကို ျပန္ထုတ္မေပးႏိုင္ ျဖစ္ရျပီး ဘဏ္ေတြ ျပန္ပိတ္တာ၊ ဘဏ္ဖြင့္ခ်ိန္ ေလ်ာ့ခ်တာမ်ိဳး လုပ္ခဲ့ရပါတယ္။

အဲဒီလို ျမ၀တီဘဏ္ ၾကံဳရတဲ့ အခက္အခဲေတြေၾကာင့္ ဗဟိုဘဏ္ဟာ ဘဏ္အားလံုးအတြက္ စည္းကမ္းခ်က္အသစ္ေတြကို မတ္လ ၁ ရက္ေန႔မွာ ခ်မွတ္ခဲ့ျပန္ပါတယ္။ နဂို ATM စက္ေတြမွာ ကဒ္တစ္ခု တစ္ေန႔ က်ပ္ေငြ ၁၀ သိန္း ထုတ္ယူခြင့္ေပးရာကေန တစ္ေန႔ က်ပ္ေငြ က်ပ္ ၅ သိန္းပဲ ထုတ္ခြင့္ေပးေတာ့တာ၊ ဘဏ္ဖြင့္လို႔ ဘဏ္မွာ ေငြသြားထုတ္ရင္လည္း တစ္ပတ္စာ အတြက္ အမ်ားဆံုး က်ပ္ သိန္း ၂၀ ပဲ ထုတ္ခြင့္ေပးတာ၊ ဘဏ္အေကာင့္န္ ပိတ္သိမ္းခြင့္ မေပးတာ၊ စီးပြားေရး လုပ္ငန္းနဲ႔ ကုမၸဏီေတြအတြက္ တစ္ပတ္ က်ပ္ သိန္း ၂၀၀ အထိပဲ ထုတ္ခြင့္ျပဳတာ စသျဖင့္ စည္းကမ္းမ်ိဳးစံု တင္းၾကပ္ခဲ့ပါတယ္။ အဓိပၸါယ္ကေတာ့ ျပန္ဖြင့္တဲ့ ဘဏ္ေတြရွိခဲ့ရင္ ျပည္သူေတြ အၾကပ္မကိုင္ႏုိင္ေအာင္ ရည္ရြယ္တဲ့ သေဘာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာလည္း ပုဂၢလိကဘဏ္ အမ်ားစု ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးပါဘူး။ ပုဂၢလိက ဘဏ္ေတြဘက္က ၀န္ထမ္းေတြ ရံုးမတက္လို႔ ၀န္ထမ္းအင္အား မလံုေလာက္လို႔ ဘဏ္ေတြ ဖြင့္လွစ္လို႔ မရတာ ဆုိျပီး ဗဟိုဘဏ္ကို အေၾကာင္းျပၾကပါတယ္။ ဒီအခါ ဗဟိုဘဏ္ ဘဏ္လုပ္ငန္း ၾကီးၾကပ္ စစ္ေဆးေရး ဌာနကေန မတ္လ ၂၄ ရက္ေန႔မွာ ေနာက္ထပ္ ညႊန္ၾကားခ်က္ ထုတ္ျပန္ပါတယ္။ အဲဒါကေတာ့ ရံုးမတက္တဲ့ ၀န္ထမ္းေတြကို အေရးယူေပးဖုိ႔ပါ။

ဒါေပမယ့္ ပုဂၢလိကဘဏ္ေတြဘက္ကေတာ့ ျမန္မာႏုိင္ငံမွာ တည္ဆဲျဖစ္တဲ့ အလုပ္ရွင္ အလုပ္သမား ဥပေဒေတြအတုိင္း ၀န္ထမ္းေတြကို ကိုင္တြယ္ျပတာမ်ိဳး လုပ္ပါတယ္။ အဲဒါကေတာ့ ဗဟိုဘဏ္က ညႊန္ၾကားတဲ့ရက္မွာ ရံုးတက္ႏိုင္၊ မတက္ႏိုင္ ဘဏ္ကို အသိေပးၾကဖို႔၊ တကယ္လို႔ ရံုးမတက္ဘူး ဆုိရင္ မတ္လအတြက္ လစာကို ၇၅% ပဲ ခံစားခြင့္ေပးမွာ ျဖစ္တဲ့အေၾကာင္း၊ ေနာက္ထပ္ ပ်က္ကြက္ရင္ေတာ့ ဧျပီလကုန္အထိ လစာမဲ့ ခြင့္အျဖစ္ သတ္မွတ္ေပးထားမွာ ျဖစ္ေၾကာင္း ေၾကညာၾကပါတယ္။ တကယ္ေတာ့ ပုဂၢလိကဘဏ္ေတြဟာ ၀န္ထမ္းေတြ CDM စ လုပ္တဲ့ ေဖေဖၚ၀ါရီလအတြက္ လစာ အျပည့္ ေပးခဲ့ၾကပါတယ္။ မတ္လ အတြက္က်မွ ၇၅% ေပးျပီး ဧျပီလကုန္သည္ အထိလည္း ခြင့္ေပးထားဦးမယ္ ဆိုတဲ့ သေဘာပါ။ အဓိပၸါယ္ကေတာ့ ၀န္ထမ္းေတြ ပ်က္ကြက္လို႔ လာမယ့္ ဧျပီလကုန္သည္ အထိလည္း ဘဏ္ေတြ ျပန္ဖြင့္ႏိုင္ဦးမွာ မဟုတ္ေသးဘူး ဆုိတဲ့ သေဘာပါပဲ။

လက္ရွိအခ်ိန္ စစ္ေကာင္စီဟာ ဥပေဒ၊ စည္းမ်ဥ္းနဲ႔အညီ မဟုတ္ပဲ အစိုးရဌာနဆုိင္ရာ ၀န္ထမ္းေတြကို CDM လုပ္လို႔ ဆုိျပီး ဖမ္းဆီးတဲ့သူေတြကို ဖမ္းဆီး၊ ေထာင္ခ်သူကို ေထာင္ခ်တာအျပင္ ၀န္ထမ္း အေျမာက္အမ်ားကိုလည္း တာ၀န္ကေန ယာယီထုတ္ပယ္မွဳ လုပ္ထားျပီးပါျပီ။ ဒါေပမယ့္ ပုဂၢလိကဘဏ္ေတြဘက္ကေတာ့ အဲဒါဟာ တည္ဆဲ အလုပ္သမား ဥပေဒေတြနဲ႔ ကိုက္ညီမွဳ မရွိတာေၾကာင့္ ၀န္ထမ္းတစ္ေယာက္ကို ခုိင္လံုတဲ့ အေၾကာင္းျပခ်က္ မရွိပဲ လြယ္လြယ္ အလုပ္က ထုတ္ပယ္တာမ်ိဳး မလုပ္ပဲ ဧျပီလကုန္အထိ ခြင့္ သတ္မွတ္ေပးလိုက္တာ ျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔ စစ္ေကာင္စီက ခဏ ခဏ ဖိအားေပးေနတဲ့ၾကားက ပုဂၢလိကဘဏ္ေတြ ျပန္ဖြင့္ေရး အေကာင္အထည္ ေပၚမလာတာပါ။ အခုေနာက္ဆံုး မတ္လ ၁၀ ရက္ေန႔နဲ႔ ၁၈ ရက္ေန႔မွာ စစ္ေကာင္စီနဲ႔ ဗဟိုဘဏ္ဘက္က လုပ္လာတာက ပုဂၢလိက ဘဏ္ေတြ အေနနဲ႔ ဘဏ္ခြဲေတြ အားလံုး ျပန္မဖြင့္ႏိုင္ရင္၊ ဘဏ္ခြဲ အေရအတြက္ ပိုင္ဆုိင္မွဳအလိုက္၊ ဖြင့္လွစ္ႏုိင္ျခင္း မရွိတဲ့ ဘဏ္ခြဲအေရအတြက္ ရာခုိင္ႏွဳန္း အလိုက္ အပတ္စဥ္ ဒဏ္ေၾကးေပးေဆာင္ရမယ္ ဆိုျပီး ဖိအားေပးတာမ်ိဳး ျဖစ္ပါတယ္။ ဒီအတြက္ ပုဂၢလိက ဘဏ္ေတြဟာ ဘဏ္အၾကီး အေသးအလိုက္၊ ဖြင့္လွစ္ႏိုင္ျခင္း မရွိတဲ့ ဘဏ္ခြဲ အေရအတြက္ ရာခုိင္ႏွဳန္း အလိုက္ တစ္ပတ္ ဒဏ္ေငြ အနည္းဆံုး က်ပ္ သိန္း ၂၀ ကေန အမ်ားဆံုး က်ပ္ သိန္း ၃၀၀ အထိ ဒဏ္ေဆာင္ရမွာျဖစ္ျပီး ဗဟိုဘဏ္ဟာ ပုဂၢလိက ဘဏ္ေတြကေန သူ႔ဆီအပ္ထားတဲ့ ေငြစာရင္းကေန ျမီစားျပဳလုပ္ ခုႏွိမ္မယ္လို႔ ဆုိျပီး လက္ရွိ ဒဏ္ေၾကး စယူေနပါျပီ။

ဘယ္လိုပဲျဖစ္ျဖစ္ အာဏာရွင္ကို ဆန္႔က်င္တဲ့ ျပည္သူေတြရဲ႕ အၾကမ္းမဖက္ လွဳပ္ရွားမွဳမွာ အစိုးရ၀န္ထမ္းေတြရဲ႕ CDM လွဳပ္ရွားမွဳက ထိေရာက္ေနတုန္းပဲရွိျပီး စစ္ေကာင္စီရဲ႕ အစိုးရယႏၱယား ပံုမွန္လည္ပတ္ေရး ၾကိဳးပမ္းမွဳ ေအာင္ျမင္မွဳ မရ ျဖစ္ေနပါေသးတယ္။ အလားတူ စီးပြားေရး လုပ္ငန္းေတြ ပံုမွန္ျပန္ျဖစ္ေနတယ္ ဆိုတာျပဖို႔ ပုဂၢလိကဘဏ္ေတြ ပံုမွန္လည္ပတ္ေရး ကိစၥမွာလည္း ပုဂၢလိက ဘဏ္၀န္ထမ္းေတြရဲ႕ CDM လုပ္မွဳ၊ ျပည္သူေတြရဲ႕ ညီညြတ္မွဳေၾကာင့္ ခုခ်ိန္အထိ ဘဏ္ေတြ အျပည့္အ၀ ျပန္မဖြင့္ႏုိင္ေသးပါဘူး။ အခုလို ပုဂၢလိက ဘဏ္၀န္ထမ္းေတြရဲ႕ CDM လွဳပ္ရွားမႈဟာလက္ရွိ ကိစၥေတြအားလံုးကို ေျပာင္းလဲ မသြားႏုိင္ဘူး ဆုိေပမယ့္ ျပည္သူလူထု တစ္ရပ္လံုး ဆင္ႏဲႊေနတဲ့ အာဏာရွင္ ဆန္႔က်င္ေရး အေရးေတာ္ပံုၾကီးရဲ့ တစ္တပ္တစ္အား ေတာ့ ျဖစ္ေနဆဲပါ။

---------------------------

ဘဏ်ဝန်ထမ်းတွေရဲ့ အာဏာရှင် အန်တုမှု ထိရောက်မှာလား
စည်သူအောင်မြင့်


မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းပွဲ ဖြစ်ပွားပြီးနောက် ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင် ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာသလို၊ ဝန်ထမ်းတွေရဲ့ အစိုးရယန္တယား မလည်ပတ်နိုင်အောင် ဟန့်တားတဲ့ CDM လှုပ်ရှားမှုကြီးလည်း တပြိုင်နက်တည်း ပေါ်ပေါက်လာပါတယ်။ ထူးခြားတာ တစ်ခုကတော့ အစိုးရဌာန ဆိုင်ရာ မဟုတ်ပါပဲနဲ့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေရဲ့ CDM လုပ်ရှားမှုပါ။ အဲလို ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေရဲ့ CDM လုပ်မှုကြောင့် စစ်ကောင်စီ အာဏာရယူပြီး ၂ လကျော် ကြာလာသည်အထိ ပုဂ္ဂလိက ဘဏ်တွေ မဖွင့်လှစ်နိုင်၊ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းတွေရဲ့ ငွေရေးကြေးရေး အခန်းကဏ္ဍလည်း ရပ်ဆိုင်းသလို ဖြစ်နေခဲ့ပါတယ်။ စစ်ကောင်စီ အစည်းအဝေး တစ်ကြိမ်ကျင်းပတိုင်း ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂလိက ဘဏ်တွေ ပြန်ဖွင့်နိုင်ရေး ညွှန်ကြားခဲ့ပြီး၊ ညွှန်ကြားသလို အကောင်အထည် မဖော်နိုင်ခဲ့ရင် ဘဏ်တာဝန်ရှိသူတွေကိုရော၊ ဘဏ်ကိုပါ အရေးယူဖို့ ခြိမ်းခြောက်ခဲ့တာလည်း တစ်ကြိမ် နှစ်ကြိမ် မကတော့ပါဘူး။ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်နိုင်ရေးမှာ ပုဂ္ဂလိကဘဏ်တွေ ပုံမှန် ပြန်ဖွင့်လှစ်နိုင်ရေး အများကြီး အရေးပါပါတယ်။ အခုလို စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံကနေ ဖိအားပေး၊ အကြပ်ကိုင် ခြိမ်းခြောက်မှုတွေကြောင့် ပုဂ္ဂလိကဘဏ်တွေ သိပ်မကြာခင် ပုံမှန် ပြန် ဖွင့်လာနိုင်မလား၊ ဒါမှမဟုတ် စစ်ကောင်စီကနေ ဘဏ်တွေအပေါ် ကြီးမားတဲ့ အရေးယူမှုတွေ လုပ်လာလေမလား ဆိုပြီး စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေရဲ့ ပါဝင်မှုဟာ အများကြီး အရေးပါပါတယ်။ ပြည်သူလူထုကလည်း အဲလို အရေးပါတယ်ဆိုတာကို သိတဲ့အတွက် ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ CDM လုပ်ထားမှုကို ဆန့်ကျင်ပြီး ဘဏ်တွေကို အတင်းအကြပ် ပြန်ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင် ဝိုင်းပြီး အရေးယူ ဒဏ်ခတ်ကြမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ပြည်သူတွေက ဝိုင်းပြီး ဒဏ်ခတ်မယ် ဆိုတဲ့ကိစ္စက ရိုးရိုးရှင်းရှင်းလေးပါ၊ အဲလို CDM ကို ဆန့်ကျင်ပြီး ပြန်ဖွင့်တဲ့ဘဏ်မှာ ငွေအပ်ထားသူတွေ အားလုံး စုပြုံသွားရောက်ကြပြီး ကိုယ့်အပ်ငွေတွေကို ကိုယ်ပြန်ထုတ်ယူမယ် ဆိုတဲ့ သဘောပါ။ ဘဏ်တွေဆိုတာ အခြေခံအားဖြင့် ငွေစုချင်သူတွေရဲ့ ငွေတွေကို အတိုးပေးပြီး လက်ခံ၊ ရလာတဲ့ ငွေတွေ လိုအပ်တဲ့ လုပ်ငန်းရှင်တွေကို အတိုးယူပြီး ပြန်ချေးပေး၊ ဘဏ်က ကြားခံ အနေနဲ့ ဝန်ဆောင်မှု ပေးပြီး အကျိုးအမြတ် ရအောင် လုပ်ငန်းလည်ပတ်ကြရတာမို့ ချေးငွေတွေ ပြန်ဆပ်တာ မရှိပဲ အပ်ငွေတွေ အလုံးအရင်းနဲ့ ပြန်လာထုတ်ရင်တော့ ဘယ်ဘဏ်မှ ခံနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းပြီး သိပ်မကြာခင် ဗဟိုဘဏ်ကနေ တဆင့် ဘဏ်တွေအားလုံး ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်ဖို့၊ လိုအပ်ရင် စစ်တပ်ကနေ လုံခြုံရေးယူပေးမယ် ဆိုပြီး ညွှန်ကြားခဲ့ပါတယ်။ အဲလို ညွှန်ကြားခဲ့တဲ့တိုင် ပုဂ္ဂလိကဘဏ်တွေ ဖွင့်လှစ်တာ မရှိလေတော့ စစ်တပ်ပိုင် မြဝတီဘဏ်တွေ ဖွင့်ဖို့ ညွှန်ကြားခဲ့ပြန်ပါတယ်။ တကယ့်တကယ် မြဝတီဘဏ်တွေ ဖွင့်လှစ်တဲ့အခါ အပ်ငွေ ပြန်လာထုတ်သူ ပြည်သူတွေ များလွန်းလို့၊ အပ်ငွေတွေကို ပြန်ထုတ်မပေးနိုင် ဖြစ်ရပြီး ဘဏ်တွေ ပြန်ပိတ်တာ၊ ဘဏ်ဖွင့်ချိန် လျော့ချတာမျိုး လုပ်ခဲ့ရပါတယ်။

အဲဒီလို မြဝတီဘဏ် ကြုံရတဲ့ အခက်အခဲတွေကြောင့် ဗဟိုဘဏ်ဟာ ဘဏ်အားလုံးအတွက် စည်းကမ်းချက်အသစ်တွေကို မတ်လ ၁ ရက်နေ့မှာ ချမှတ်ခဲ့ပြန်ပါတယ်။ နဂို ATM စက်တွေမှာ ကဒ်တစ်ခု တစ်နေ့ ကျပ်ငွေ ၁၀ သိန်း ထုတ်ယူခွင့်ပေးရာကနေ တစ်နေ့ ကျပ်ငွေ ကျပ် ၅ သိန်းပဲ ထုတ်ခွင့်ပေးတော့တာ၊ ဘဏ်ဖွင့်လို့ ဘဏ်မှာ ငွေသွားထုတ်ရင်လည်း တစ်ပတ်စာ အတွက် အများဆုံး ကျပ် သိန်း ၂၀ ပဲ ထုတ်ခွင့်ပေးတာ၊ ဘဏ်အကောင့်န် ပိတ်သိမ်းခွင့် မပေးတာ၊ စီးပွားရေး လုပ်ငန်းနဲ့ ကုမ္ပဏီတွေအတွက် တစ်ပတ် ကျပ် သိန်း ၂၀၀ အထိပဲ ထုတ်ခွင့်ပြုတာ စသဖြင့် စည်းကမ်းမျိုးစုံ တင်းကြပ်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ပြန်ဖွင့်တဲ့ ဘဏ်တွေရှိခဲ့ရင် ပြည်သူတွေ အကြပ်မကိုင်နိုင်အောင် ရည်ရွယ်တဲ့ သဘောဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ပုဂ္ဂလိကဘဏ် အများစု ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ ပုဂ္ဂလိက ဘဏ်တွေဘက်က ဝန်ထမ်းတွေ ရုံးမတက်လို့ ဝန်ထမ်းအင်အား မလုံလောက်လို့ ဘဏ်တွေ ဖွင့်လှစ်လို့ မရတာ ဆိုပြီး ဗဟိုဘဏ်ကို အကြောင်းပြကြပါတယ်။ ဒီအခါ ဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးရေး ဌာနကနေ မတ်လ ၂၄ ရက်နေ့မှာ နောက်ထပ် ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ အဲဒါကတော့ ရုံးမတက်တဲ့ ဝန်ထမ်းတွေကို အရေးယူပေးဖို့ပါ။

ဒါပေမယ့် ပုဂ္ဂလိကဘဏ်တွေဘက်ကတော့ မြန်မာနိုင်ငံမှာ တည်ဆဲဖြစ်တဲ့ အလုပ်ရှင် အလုပ်သမား ဥပဒေတွေအတိုင်း ဝန်ထမ်းတွေကို ကိုင်တွယ်ပြတာမျိုး လုပ်ပါတယ်။ အဲဒါကတော့ ဗဟိုဘဏ်က ညွှန်ကြားတဲ့ရက်မှာ ရုံးတက်နိုင်၊ မတက်နိုင် ဘဏ်ကို အသိပေးကြဖို့၊ တကယ်လို့ ရုံးမတက်ဘူး ဆိုရင် မတ်လအတွက် လစာကို ၇၅% ပဲ ခံစားခွင့်ပေးမှာ ဖြစ်တဲ့အကြောင်း၊ နောက်ထပ် ပျက်ကွက်ရင်တော့ ဧပြီလကုန်အထိ လစာမဲ့ ခွင့်အဖြစ် သတ်မှတ်ပေးထားမှာ ဖြစ်ကြောင်း ကြေညာကြပါတယ်။ တကယ်တော့ ပုဂ္ဂလိကဘဏ်တွေဟာ ဝန်ထမ်းတွေ CDM စ လုပ်တဲ့ ဖေဖေါ်ဝါရီလအတွက် လစာ အပြည့် ပေးခဲ့ကြပါတယ်။ မတ်လ အတွက်ကျမှ ၇၅% ပေးပြီး ဧပြီလကုန်သည် အထိလည်း ခွင့်ပေးထားဦးမယ် ဆိုတဲ့ သဘောပါ။ အဓိပ္ပါယ်ကတော့ ဝန်ထမ်းတွေ ပျက်ကွက်လို့ လာမယ့် ဧပြီလကုန်သည် အထိလည်း ဘဏ်တွေ ပြန်ဖွင့်နိုင်ဦးမှာ မဟုတ်သေးဘူး ဆိုတဲ့ သဘောပါပဲ။

လက်ရှိအချိန် စစ်ကောင်စီဟာ ဥပဒေ၊ စည်းမျဉ်းနဲ့အညီ မဟုတ်ပဲ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေကို CDM လုပ်လို့ ဆိုပြီး ဖမ်းဆီးတဲ့သူတွေကို ဖမ်းဆီး၊ ထောင်ချသူကို ထောင်ချတာအပြင် ဝန်ထမ်း အမြောက်အများကိုလည်း တာဝန်ကနေ ယာယီထုတ်ပယ်မှု လုပ်ထားပြီးပါပြီ။ ဒါပေမယ့် ပုဂ္ဂလိကဘဏ်တွေဘက်ကတော့ အဲဒါဟာ တည်ဆဲ အလုပ်သမား ဥပဒေတွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် ဝန်ထမ်းတစ်ယောက်ကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပဲ လွယ်လွယ် အလုပ်က ထုတ်ပယ်တာမျိုး မလုပ်ပဲ ဧပြီလကုန်အထိ ခွင့် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ စစ်ကောင်စီက ခဏ ခဏ ဖိအားပေးနေတဲ့ကြားက ပုဂ္ဂလိကဘဏ်တွေ ပြန်ဖွင့်ရေး အကောင်အထည် ပေါ်မလာတာပါ။ အခုနောက်ဆုံး မတ်လ ၁၀ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာ စစ်ကောင်စီနဲ့ ဗဟိုဘဏ်ဘက်က လုပ်လာတာက ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့ ဘဏ်ခွဲတွေ အားလုံး ပြန်မဖွင့်နိုင်ရင်၊ ဘဏ်ခွဲ အရေအတွက် ပိုင်ဆိုင်မှုအလိုက်၊ ဖွင့်လှစ်နိုင်ခြင်း မရှိတဲ့ ဘဏ်ခွဲအရေအတွက် ရာခိုင်နှုန်း အလိုက် အပတ်စဉ် ဒဏ်ကြေးပေးဆောင်ရမယ် ဆိုပြီး ဖိအားပေးတာမျိုး ဖြစ်ပါတယ်။ ဒီအတွက် ပုဂ္ဂလိက ဘဏ်တွေဟာ ဘဏ်အကြီး အသေးအလိုက်၊ ဖွင့်လှစ်နိုင်ခြင်း မရှိတဲ့ ဘဏ်ခွဲ အရေအတွက် ရာခိုင်နှုန်း အလိုက် တစ်ပတ် ဒဏ်ငွေ အနည်းဆုံး ကျပ် သိန်း ၂၀ ကနေ အများဆုံး ကျပ် သိန်း ၃၀၀ အထိ ဒဏ်ဆောင်ရမှာဖြစ်ပြီး ဗဟိုဘဏ်ဟာ ပုဂ္ဂလိက ဘဏ်တွေကနေ သူ့ဆီအပ်ထားတဲ့ ငွေစာရင်းကနေ မြီစားပြုလုပ် ခုနှိမ်မယ်လို့ ဆိုပြီး လက်ရှိ ဒဏ်ကြေး စယူနေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ အကြမ်းမဖက် လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုက ထိရောက်နေတုန်းပဲရှိပြီး စစ်ကောင်စီရဲ့ အစိုးရယန္တယား ပုံမှန်လည်ပတ်ရေး ကြိုးပမ်းမှု အောင်မြင်မှု မရ ဖြစ်နေပါသေးတယ်။ အလားတူ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေတယ် ဆိုတာပြဖို့ ပုဂ္ဂလိကဘဏ်တွေ ပုံမှန်လည်ပတ်ရေး ကိစ္စမှာလည်း ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေရဲ့ CDM လုပ်မှု၊ ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့် ခုချိန်အထိ ဘဏ်တွေ အပြည့်အ၀ ပြန်မဖွင့်နိုင်သေးပါဘူး။ အခုလို ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာလက်ရှိ ကိစ္စတွေအားလုံးကို ပြောင်းလဲ မသွားနိုင်ဘူး ဆိုပေမယ့် ပြည်သူလူထု တစ်ရပ်လုံး ဆင်နွဲှနေတဲ့ အာဏာရှင် ဆန့်ကျင်ရေး အရေးတော်ပုံကြီးရဲ့ တစ်တပ်တစ်အား တော့ ဖြစ်နေဆဲပါ။

XS
SM
MD
LG