သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ဂ်ပန္နဲ႔ အင္ဒိုနီးရွားအၾကား အနီးကပ္တိုင္ပင္ေဆြးေႏြးေန


အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi (ဝဲ) နဲ႔ ဂ်ပန္ႏုိင္ငံျခားေရးဝန္ၾကီး Toshimitsu Motegi (ယာ) တို႔ ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (မတ္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္းက အေျခအေနနဲ႔ ပတ္သက္လို႔ အင္ဒိုနီးရွားနဲ႔ ဂ်ပန္ႏုိင္ငံၾကား အနီးကပ္ေဆြးေႏြးေနတယ္လို႔ ဂ်ပန္ႏုိင္ငံကိုေရာက္ရွိေနတဲ့ အင္ဒိုနီးရွားႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi ကေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္းက လက္ရွိျဖစ္ပြားေနတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ အင္ဒိုနီးရွားနဲ႔ ဂ်ပန္ႏုိင္ငံၾကားအနည္းဆုံး တပတ္ကို ၂ ႀကိမ္ေဆြးေႏြးေနၾကပါတယ္လို႔ ၀န္ႀကီး Marsudi ကေျပာဆိုပါတယ္။ ဂ်ပန္နဲ႔ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ ႏွစ္ႏုိင္ငံအက်ိဳးစီးပြါးအတြက္ သာမဟုတ္ဘဲ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ သာယာ၀ေျပာေရးအတြက္ကိုပါ ပူးေပါင္းလုပ္ကုိင္ေနၾကတာျဖစ္တယ္လို႔လည္းေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ အၾကပ္အတည္း အေျခအေနေတြနဲ႔ ပတ္သက္လို႔ အာဆီယံႏိုင္ငံေတြထဲက အင္ဒိုနီးရွားနဲ႔ စင္ကာပူဟာ အေတာ္ေလး တက္တက္္ႂကြႂကြရွိေနၿပီး၊ အျခားမိတ္ဖက္ႏိုင္ငံေတြနဲ႔ ျမန္မာ့အေရးေဆြးေႏြးတိုင္ပင္မႈေတြ ဆက္တိုက္လုပ္ေနတဲ့သေဘာပါ။ အာဆီယံလႊတ္ေတာ္အမတ္မ်ားအဖြဲ႔ APHR ကလည္း ျမန္မာစစ္တပ္ရဲ ႔ ရက္စက္ၾကမ္းၾကဳတ္ၿပီး သတၱိနည္းတဲ့လုပ္ရပ္ေၾကာင့္ ကေလးငယ္ေတြအပါအ၀င္ လူ ၁၀၀ ေက်ာ္ေသဆုံးခဲ့ရတဲ့ စေနေန႔က လုပ္ရပ္ကိုၾကည့္ရင္ ျမန္မာစစ္တပ္ရဲ ႔လုပ္ရပ္ေတြ ထိေရာက္စြာထိန္းႏုိင္ဖို႔ ႏုိင္ငံတကာက ေရွ႕ဆက္တိုးေဆာင္ရြက္ဖို႔ လိုေနၿပီဆိုတာ မီးေမွာင္းထိုးျပလိုက္တာျဖစ္တယ္လို႔ ဒီကေန႔ပဲ ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။ သူ႕အဆို လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ေနတ့ဲ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ ႏုိင္ငံတကာက ျပစ္တင္ရႈတ္ခ်ေနတဲ့ၾကားက ေက်းရြာေတြကို လက္နက္ႀကီးေတြနဲ႔ပစ္တာ၊ အိမ္ထဲက ကေလးငယ္ေတြကို သတ္ျဖတ္ေနတဲ့အျပင္ ၾကမ္းၾကဳတ္ရက္စက္တဲ့လုပ္ရပ္ေတြ ၂ လၾကာ တိုးလုပ္လာေနတဲ႔ အတြက္ ဒီလူနဲ႔ ေတြ႔ဆုံေဆြးေႏြးႏိုင္စရာ အေၾကာင္းမရွိဘူးလို႔လည္း APHR ရဲ႕ ဥကၠ႒ျဖစ္တဲ့ မေလးရွားလႊတ္ေတာ္အမတ္ Charles Santiago က ေျပာဆိုထားပါတယ္။

ျမန္မာစစ္တပ္ရဲ ႔ လုပ္ရပ္ေတြ ရပ္တန္႔သြားေစမယ့္ တခုတည္းေသာနည္းလမ္းျဖစ္တဲ့ လက္နက္နဲ႔ ဘ႑ာေငြေတြကို လက္လွမ္းမီိလို႔ မရေအာင္ ကမၻာတ၀ွမ္းလုံး ပိတ္ဆုိ႔ထားဖို႔ကိုလည္းေၾကျငာခ်က္မွာ တုိက္တြန္းထားပါတယ္။

[Unicode Version]

မြန်မာ့အရေး ဂျပန်နဲ့ အင်ဒိုနီးရှားအကြား အနီးကပ်တိုင်ပင်ဆွေးနွေးနေ

မြန်မာနိုင်ငံတွင်းက အခြေအနေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြား အနီးကပ်ဆွေးနွေးနေတယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။

မြန်မာနိုင်ငံတွင်းက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြားအနည်းဆုံး တပတ်ကို ၂ ကြိမ်ဆွေးနွေးနေကြပါတယ်လို့ ဝန်ကြီး Marsudi ကပြောဆိုပါတယ်။ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နှစ်နိုင်ငံအကျိုးစီးပွါးအတွက် သာမဟုတ်ဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးအတွက်ကိုပါ ပူးပေါင်းလုပ်ကိုင်နေကြတာဖြစ်တယ်လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြပ်အတည်း အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှားနဲ့ စင်ကာပူဟာ အတော်လေး တက်တက်ကြွကြွရှိနေပြီး၊ အခြားမိတ်ဖက်နိုင်ငံတွေနဲ့ မြန်မာ့အရေးဆွေးနွေးတိုင်ပင်မှုတွေ ဆက်တိုက်လုပ်နေတဲ့သဘောပါ။ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး သတ္တိနည်းတဲ့လုပ်ရပ်ကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ စနေနေ့က လုပ်ရပ်ကိုကြည့်ရင် မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေ ထိရောက်စွာထိန်းနိုင်ဖို့ နိုင်ငံတကာက ရှေ့ဆက်တိုးဆောင်ရွက်ဖို့ လိုနေပြီဆိုတာ မီးမှောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ဒီကနေ့ပဲ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သူ့အဆို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေတဲ့ကြားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ အိမ်ထဲက ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့အပြင် ကြမ်းကြုတ်ရက်စက်တဲ့လုပ်ရပ်တွေ ၂ လကြာ တိုးလုပ်လာနေတဲ့ အတွက် ဒီလူနဲ့ တွေ့ဆုံဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူးလို့လည်း APHR ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားလွှတ်တော်အမတ် Charles Santiago က ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားစေမယ့် တခုတည်းသောနည်းလမ်းဖြစ်တဲ့ လက်နက်နဲ့ ဘဏ္ဍာငွေတွေကို လက်လှမ်းမီလို့ မရအောင် ကမ္ဘာတဝှမ်းလုံး ပိတ်ဆို့ထားဖို့ကိုလည်းကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG