သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္နက္ကိုင္ေတာ္လွန္ေရးအေပၚ ေမွ်ာ္လင့္ခ်က္ထားတဲ့ ကခ်င္လူငယ္တဦးႏွင့္ ေမးျမန္းခ်က္


Anti-coup protesters gesture with a three-fingers salute, a symbol of resistance during a demonstration during by police crack down in Thaketa township Yangon, Myanmar, Saturday, March 27, 2021.

ျမန္မာႏိုင္ငံတ၀ွမ္းမွာ စစ္ေကာင္စီရဲ႕ ေန႔စဥ္နဲ႔ အမွ် ပစ္ခတ္သတ္ျဖတ္မႈေတြအေပၚ လက္နက္မဲ့ျပည္သူေတြ မခံမရပ္ႏိုင္ေအာင္ျဖစ္လာေနသလို၊ လက္နက္နဲ႔ ျပန္တုန္႔ျပန္မွျဖစ္ေတာ့မယ္ဆိုတဲ့ခံယူခ်က္ေတြ လူငယ္ေတြမွာရွိလာေနတယ္လို႔ ကခ်င္လူငယ္ေခါင္းေဆာင္ ဘရမ္က ေျပာပါတယ္။

စစ္တပ္ရဲ႕ ရက္ရက္စက္စက္ အၾကမ္းဖက္ၿဖိဳခဲြေနမႈေတြေၾကာင့္ ၿမိဳ႕ျပသပိတ္ေတြမွာ ေရွ႕တန္းက ဦးေဆာင္ေနၾကသူေတြဟာ ခုခံကာကြယ္ေရးအတြက္ ေပ်ာက္ၾကားတိုက္ပဲြ ပံုစံမ်ဳိးေရာက္ရွိလာသလို၊ လူငယ္အမ်ားစုဟာဆိုရင္ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ဖို႔ ျမန္မာနယ္စပ္တေလ်ာက္မွာ ရက္တို လက္နက္ကိုင္ သင္တန္းေတြ တက္ေရာက္သင္ယူေနေၾကာင္း နာမည္ေက်ာ္ နယူးေရာက္တိုင္းမ္စ္သတင္းစာအပါအဝင္ ႏိုင္ငံတကာသတင္းမီဒီယာေတြမွာ ၿပီးခဲ့တဲ့ သတင္းပတ္က ေဖၚျပခဲ့ၾကပါတယ္။
လူငယ္ေတြဘာေၾကာင့္ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ဖို႔လမ္းကို ေရြးခ်ယ္လာၾကသလဲဆိုတာကို ဘရမ္က ဗီြအိုေအကို အခုလိုေျပာပါတယ္။

” ရန္ကုန္မွာ ေဖေဖၚ၀ါရီလ ၂၀ ကစၿပီး စစ္ေကာင္စီက အၾကမ္းဖက္ၿပီး ဖမ္းဆီးသတ္ျဖတ္တာေတြကို ယေန႔ထိ ေန႔စဥ္လုပ္ေဆာင္လာခဲ့တဲ့အေျခအေနမွာ လူငယ္အမ်ားစုဟာ non-violence အၾကမ္းမဖက္တဲ့နည္းကို သံသယရွိလာၾကတဲ့အပိုင္းေတြ ေတြ႕လာရပါတယ္။ ေန႔စဥ္နဲ႔ အမွ် အသက္ေတြေပးေနရတဲ့အေပၚ ခံျပင္းေဒါသထြက္လာၾကတယ္။ ငါတို႔ဟာ တခုခုနဲ႔ေတာ့ တိုက္ခိုက္ရေတာ့မယ္။ ျပန္တုန္႔ျပန္ရေတာ့မယ္ဆိုတဲ့ ခံယူခ်က္နဲ႔ လူငယ္တခ်ဳိ႕ေတြ႕ဟာ လက္နက္ကိုင္လမ္းစဥ္ကို သူတို႔ ေရြးခ်ယ္ခဲ့ၾကတယ္ဆိုတာ က်ေနာ္ေတြ႕ျမင္ရပါတယ္။”

ဒါအျပင္ လက္နက္ကိုင္ေတာ္လွန္ေရးမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕ အခန္းက႑နဲ႔ ပတ္သက္လို႔လည္း ဘရမ္က အခုလိုေျပာပါတယ္။

”က်ေနာ္တို႔ ျမန္မာျပည္ရဲ႕အေျခအေနအရ ရွိေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔အစည္းေတြနဲ႔ စုဖဲြ႔ၿပီးမွ ႏိုင္ငံေရးဘုံရည္မွန္းခ်က္ပန္းတိုင္ တခုနဲ႔ တသားတည္း အတူ လက္တဲြသြားမယ္ဆိုရင္ ဒီခရီးဟာ ပိုမိုေအာင္ျမင္မယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ (၁)ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ဆႏၵျပပြဲေတြကို စစ္ေကာင္စီက အင္အားသုံး အျပင္းအထန္ အၾကမ္းဖက္ပစ္ခြဲၿဖိဳမႈေၾကာင့္ ကေလးငယ္ေတြအပါအ၀င္ လူေပါင္း ၅၀၀နီးပါး ေသဆံုးခဲ့ေၾကာင္း ေအေအပီပီ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖဲြ႔က တနဂၤေႏြေန႔က စာရင္းထုတ္ျပန္ထားပါတယ္။

စစ္အာဏာရွင္ဆန္႔က်င္ေရး ရန္ကုန္သပိတ္ေတြမွာ ကိုယ္တိုင္ဦးေဆာင္ခဲ့သူတဦးျဖစ္ၿပီး အခု နယ္စပ္တေနရာကိုေရာက္ရွိေနတဲ့ ကခ်င္တိုင္းရင္းသားလူငယ္ေခါင္းေဆာင္ ဘရမ္ ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

လက်နက်ကိုင်တော်လှန်ရေးအပေါ် မျှော်လင့်ချက်ထားတဲ့ ကချင်လူငယ်တဦးနှင့် မေးမြန်းချက်

မြန်မာနိုင်ငံတဝှမ်းမှာ စစ်ကောင်စီရဲ့ နေ့စဉ်နဲ့ အမျှ ပစ်ခတ်သတ်ဖြတ်မှုတွေအပေါ် လက်နက်မဲ့ပြည်သူတွေ မခံမရပ်နိုင်အောင်ဖြစ်လာနေသလို၊ လက်နက်နဲ့ ပြန်တုန့်ပြန်မှဖြစ်တော့မယ်ဆိုတဲ့ခံယူချက်တွေ လူငယ်တွေမှာရှိလာနေတယ်လို့ ကချင်လူငယ်ခေါင်းဆောင် ဘရမ်က ပြောပါတယ်။

စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲနေမှုတွေကြောင့် မြို့ပြသပိတ်တွေမှာ ရှေ့တန်းက ဦးဆောင်နေကြသူတွေဟာ ခုခံကာကွယ်ရေးအတွက် ပျောက်ကြားတိုက်ပွဲ ပုံစံမျိုးရောက်ရှိလာသလို၊ လူငယ်အများစုဟာဆိုရင် လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ မြန်မာနယ်စပ်တလျောက်မှာ ရက်တို လက်နက်ကိုင် သင်တန်းတွေ တက်ရောက်သင်ယူနေကြောင်း နာမည်ကျော် နယူးရောက်တိုင်းမ်စ်သတင်းစာအပါအဝင် နိုင်ငံတကာသတင်းမီဒီယာတွေမှာ ပြီးခဲ့တဲ့ သတင်းပတ်က ဖေါ်ပြခဲ့ကြပါတယ်။
လူငယ်တွေဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့လမ်းကို ရွေးချယ်လာကြသလဲဆိုတာကို ဘရမ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

” ရန်ကုန်မှာ ဖေဖေါ်ဝါရီလ ၂၀ ကစပြီး စစ်ကောင်စီက အကြမ်းဖက်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေကို ယနေ့ထိ နေ့စဉ်လုပ်ဆောင်လာခဲ့တဲ့အခြေအနေမှာ လူငယ်အများစုဟာ non-violence အကြမ်းမဖက်တဲ့နည်းကို သံသယရှိလာကြတဲ့အပိုင်းတွေ တွေ့လာရပါတယ်။ နေ့စဉ်နဲ့ အမျှ အသက်တွေပေးနေရတဲ့အပေါ် ခံပြင်းဒေါသထွက်လာကြတယ်။ ငါတို့ဟာ တခုခုနဲ့တော့ တိုက်ခိုက်ရတော့မယ်။ ပြန်တုန့်ပြန်ရတော့မယ်ဆိုတဲ့ ခံယူချက်နဲ့ လူငယ်တချို့တွေ့ဟာ လက်နက်ကိုင်လမ်းစဉ်ကို သူတို့ ရွေးချယ်ခဲ့ကြတယ်ဆိုတာ ကျနော်တွေ့မြင်ရပါတယ်။”

ဒါအပြင် လက်နက်ကိုင်တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း ဘရမ်က အခုလိုပြောပါတယ်။

”ကျနော်တို့ မြန်မာပြည်ရဲ့အခြေအနေအရ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ပြီးမှ နိုင်ငံရေးဘုံရည်မှန်းချက်ပန်းတိုင် တခုနဲ့ တသားတည်း အတူ လက်တွဲသွားမယ်ဆိုရင် ဒီခရီးဟာ ပိုမိုအောင်မြင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး အပြင်းအထန် အကြမ်းဖက်ပစ်ခွဲဖြိုမှုကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၅၀၀နီးပါး သေဆုံးခဲ့ကြောင်း အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က တနင်္ဂနွေနေ့က စာရင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်သပိတ်တွေမှာ ကိုယ်တိုင်ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အခု နယ်စပ်တနေရာကိုရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသားလူငယ်ခေါင်းဆောင် ဘရမ် ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG