သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ကို မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်



[ Zawgyi / Unicode ]


ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေပူနိကျေးရွာကို မြန်မာစစ်တပ်က မတ်လ ၂၇ ရက် စနေနေ့ ညပိုင်း ၈ နာရီလောက်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။

မြန်မာ - ထိုင်း နယ်စပ်က ဒေပူနိကျေးရွာက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖြစ်ပါတယ်။ စနေနေ့ညပိုင်း လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း ၊ ကရင် ငြိမ်းချမ်းရေးကွန်ယက် ပြောခွင့်ရသူကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။

ဝေးလံပြီး ဆက်သွယ်ရေး ခက်ခဲတာကြောင့် ထိခိုက်သေဆုံးရမှု အတိအကျ သိရဖို့ အခက်အခဲရှိပြီး ထိခိုက်သေဆုံးမှု ပိုပြီး များနိုင်တယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်တပ် ပြောခွင့်ရကို Reuters က တယ်လီဖုန်းဆက် စုံစမ်းပေမယ့်လည်း ဖုန်းမကိုင်ပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစာချုပ်မှာ KNU က လက်မှတ်ထိုးထားပေမယ့်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်နဲ့ စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ တပ်မတော်နေ့ ကျင်းပတဲ့ စနေနေ့မှာပဲ ဖာပွန်ခရိုင်တွင်းက မြန်မာစစ်တပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၄၉ ထိန်းချုပ်ရာ သီးမူထား စခန်းကို KNU က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မြန်မာစစ်တပ် ခြေမြန်တပ်ရင်း တပ်ဖွဲ့ဝင် ၃၀ ကျော် ရှိတဲ့ သီးမူထား စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာ စစ်တပ်ဘက်က ၁၀ ဦးကျဆုံး၊ ၈ ဦး ဖမ်းမိပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိကြောင်း KNU က ဗွီအိုအေကို ပြောပါတယ်။ သီးမူထားစခန်းကို KNU ဘက်က သိမ်းပိုက်ပြီးနောက် ညပိုင်းမှာဘဲ မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တဲ့သတင်း ထွက်ပေါ်လာတာပါ။

တိုက်ရိုက် လင့်ခ်



[ Unicode ]






XS
SM
MD
LG