သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ ဖားပြန္တိုက္ပဲြေၾကာင့္ ေဒသခံ ေထာင္ဂဏန္းတိမ္းေရွာင္ေနရ


ထိုင္ ျမန္မာနယ္စပ္ရွိ ဒုကၡသည္စခန္းတခုမွာ ေတြ႔ရတဲ့ ကရင္ဒုကၡသည္တခ်ိဳ႕။ (ေဖေဖာါဝါရီ ၀၅၊ ၂၀၁၀)

[Zawgyi/Unicode]

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ လယ္မူပေလာေဒသဘက္မွာ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ(၅)တပ္ဖြဲ႔တို႔အၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ေဒသခံရြာသား ေထာင္ဂဏန္း စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုနိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

စစ္ေရးတင္းမာေနဆဲ ဖာပြန္ၿမိဳ႕နယ္ လယ္မူပေလာေဒသမွာ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ(၅)တပ္ဖြဲ႕တို႔အၾကားတိုက္ပြဲ ရက္ဆက္ျဖစ္ေနၿပီး စစ္ေရွာင္ေတြလည္း တိုးလာေနတယ္လို႔ ယခင္အစိုးရက ဖြဲ႕စည္းထားတဲ့ ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ေစာင့္ၾကည့္ေရးပူးတြဲေကာ္မီတီ JMC-S အဖြဲ႕၀င္ ေနာ္ေမလာထူးကေျပာပါတယ္။

“လယ္မူပေလာဘက္က ေန႔တိုင္းလိုလိုျဖစ္တယ္တဲ့ တိုက္ပြဲက။ ရြာသားေတြက်ေတာ့ သူတို႔ ေတာ္ေတာ္ထြက္ေျပးၾကတယ္။ တိမ္းေရွာင္မႈေတြကလည္း မ်ားတယ္။ ခန္႔မွန္းေျခက်ေတာ့ လူေပါင္းေထာင္နဲ႔ ရွိၿပီေလ။ သူတို႔ စားနပ္ရိကၡာမရွိဘူး။ သနားဖို႔ ေကာင္းတယ္ေလ။”

ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္နဲ႔ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကခ (၄) လက္ေအာက္ခံ တပ္ဖြဲ႕ဝင္ေတြနဲ႔ KNU တပ္မဟာ ၅ တပ္ဖြဲ႔တို႔ တိုက္ပြဲစဥ္အတြင္း ေတာင္ယာခင္းေတြမီးေလာင္ခဲ့သလို လက္နက္ႀကီးပစ္ခတ္မွဳေၾကာင့္ လယ္မူပေလာေက်းရြာ ေဒသခံ ၄၇၀ ဦး၊ ဟီဂိုးလိုေက်းရြာသား ၂၈၀ ဦးအပါအ၀င္ နီးစပ္ရာရြာသားစုစုေပါင္း ၁,၀၀၀ ခန္႔ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ဖားပြန္ေဒသခံေတြက ဆိုပါတယ္။

ဒါအျပင္မေန႔ကလည္း ဖာပြန္ၿမိဳ႕အတြင္း မိုင္းတလုံးေပါက္ကြဲခဲ့တယ္လို႔ ေနာ္ေမလာထူးကဆက္ေျပာပါတယ္။

“ဖာပြန္ဘက္မွာ မေန႔ကမွေလ။ ေဆးရံုဘက္မွာ သံတံတားမွာေပါ့ေနာ္။ အဲဒီ မိုင္းတလုံးကြဲတာေလ အမိုးတို႔ လန္႔လိုက္တာတခါတည္း။ ဖာပြန္သံတံတားထိပ္မွာေလ။ ဆိုင္ကယ္တစီးပဲ ထိတယ္။ ဘယ္ဘက္မွ မထိဘူး။”

ယြန္းစလင္းေခ်ာင္း တံတားထိပ္ပိုင္းမွာ မိုင္းေပါက္ကြဲတာျဖစ္ဲပီး ဘယ္အဖြဲ႕လက္ခ်က္ဆိုတာ မသိရေသးဘူးလို႔ ဖားပြန္ၿမိဳ႕ခံေတြက ဆိုပါတယ္။

ဖာပြန္ခရိုင္ေခၚ KNU ကေနသတ္မွတ္ေခၚေ၀ၚတဲ့ မူေၾတာ္ခရိုင္ လူေသာ၊ ဒြယ္လိုး၊ ဘူးသို၊ ၿမိဳ႕နယ္ ၃ ခုအတြင္း ျမန္မာစစ္တပ္ရဲ႕ ရိကၡာ ေထာက္ပို႕လမ္းေၾကာင္းေတြကို KNLA တပ္ဖြဲ႕တို႔ကေန ကားျဖတ္ပိတ္ဆို႔တိုက္ခိုက္မႈေတြကလည္း အစဥ္ျဖစ္ပြါးေနတယ္လို႔ KNU တပ္မဟာ(၅)တပ္ဖြဲ႕၀င္တဦးက ဆိုပါတယ္။

“တိုက္ပြဲေတာ့ဟုတ္တယ္ျဖစ္တယ္။ သူတို႔ စခန္းကို အဓိကပိတ္တာေပါ့ KNU ဘက္က။ ဒီအေတာအတြင္းကေတာ့ အစိုးရတပ္ဘက္က အဓိကရိကၡာပို႕ဖို႔က အဓိကလုပ္ေနတာကိုး။ ရိကၡာျဖတ္ေတာက္တဲ့အေနနဲ႕ လမ္းသြားလမ္းလာ လမ္းပိတ္ထားတယ္ေပါ့။"

ဒီလိုေထာက္ပို႔လမ္းေၾကာင္းေတြကို ၾကားျဖတ္တိုက္ခိုက္လာမႈေတြေၾကာင့္ ျမန္မာစစ္တပ္အတြက္ရိကၡာေတြကို ထိုင္းနိုင္ငံ ထိုင္းစစ္တပ္ကေနတဆင့္ တင္သြင္းလာရတယ္လို႔လည္း ဒီရက္ပိုင္းအတြင္း သတင္းေတြ က်ယ္က်ယ္ျပန္႕ျပန္႕ ေပၚထြက္ေနပါတယ္။

KNU ေခၚ ကရင္အမ်ိဳးသားအစည္းအရံုးဟာ ျမန္မာအစုိးရျမန္မာစစ္တပ္နဲ႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားေပမဲ့ ဖာပြန္ခရိုင္ တပ္မဟာ (၅) သထုံခရိုင္တပ္မဟာ(၁)တပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင် ဖားပွန်တိုက်ပွဲကြောင့် ဒေသခံ ထောင်ဂဏန်းတိမ်းရှောင်နေရ

ကရင်ပြည်နယ် ဖာပွန်မြို့နယ် လယ်မူပလောဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံရွာသား ထောင်ဂဏန်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲ ဖာပွန်မြို့နယ် လယ်မူပလောဒေသမှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တပ်ဖွဲ့တို့အကြားတိုက်ပွဲ ရက်ဆက်ဖြစ်နေပြီး စစ်ရှောင်တွေလည်း တိုးလာနေတယ်လို့ ယခင်အစိုးရက ဖွဲ့စည်းထားတဲ့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးပူးတွဲကော်မီတီ JMC-S အဖွဲ့ဝင် နော်မေလာထူးကပြောပါတယ်။

“လယ်မူပလောဘက်က နေ့တိုင်းလိုလိုဖြစ်တယ်တဲ့ တိုက်ပွဲက။ ရွာသားတွေကျတော့ သူတို့ တော်တော်ထွက်ပြေးကြတယ်။ တိမ်းရှောင်မှုတွေကလည်း များတယ်။ ခန့်မှန်းခြေကျတော့ လူပေါင်းထောင်နဲ့ ရှိပြီလေ။ သူတို့ စားနပ်ရိက္ခာမရှိဘူး။ သနားဖို့ ကောင်းတယ်လေ။”

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ KNU တပ်မဟာ ၅ တပ်ဖွဲ့တို့ တိုက်ပွဲစဉ်အတွင်း တောင်ယာခင်းတွေမီးလောင်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်မူပလောကျေးရွာ ဒေသခံ ၄၇၀ ဦး၊ ဟီဂိုးလိုကျေးရွာသား ၂၈၀ ဦးအပါအဝင် နီးစပ်ရာရွာသားစုစုပေါင်း ၁,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဖားပွန်ဒေသခံတွေက ဆိုပါတယ်။

ဒါအပြင်မနေ့ကလည်း ဖာပွန်မြို့အတွင်း မိုင်းတလုံးပေါက်ကွဲခဲ့တယ်လို့ နော်မေလာထူးကဆက်ပြောပါတယ်။

“ဖာပွန်ဘက်မှာ မနေ့ကမှလေ။ ဆေးရုံဘက်မှာ သံတံတားမှာပေါ့နော်။ အဲဒီ မိုင်းတလုံးကွဲတာလေ အမိုးတို့ လန့်လိုက်တာတခါတည်း။ ဖာပွန်သံတံတားထိပ်မှာလေ။ ဆိုင်ကယ်တစီးပဲ ထိတယ်။ ဘယ်ဘက်မှ မထိဘူး။”

ယွန်းစလင်းချောင်း တံတားထိပ်ပိုင်းမှာ မိုင်းပေါက်ကွဲတာဖြစ်ဲပီး ဘယ်အဖွဲ့လက်ချက်ဆိုတာ မသိရသေးဘူးလို့ ဖားပွန်မြို့ခံ တွေကဆိုပါတယ်။

ဖာပွန်ခရိုင်ခေါ် KNU ကနေသတ်မှတ်ခေါ်ဝေါ်တဲ့ မူတြော်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို၊ မြို့နယ် ၃ ခုအတွင်း မြန်မာစစ်တပ်ရဲ့ ရိက္ခာ ထောက်ပို့လမ်းကြောင်းတွေကို KNLA တပ်ဖွဲ့တို့ကနေ ကားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုတွေကလည်း အစဉ်ဖြစ်ပွါးနေတယ်လို့ KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“တိုက်ပွဲတော့ဟုတ်တယ်ဖြစ်တယ်။ သူတို့ စခန်းကို အဓိကပိတ်တာပေါ့ KNU ဘက်က။ ဒီအတောအတွင်းကတော့ အစိုးရတပ်ဘက်က အဓိကရိက္ခာပို့ဖို့က အဓိကလုပ်နေတာကိုး။ ရိက္ခာဖြတ်တောက်တဲ့အနေနဲ့ လမ်းသွားလမ်းလာ လမ်းပိတ်ထားတယ်ပေါ့။"

ဒီလိုထောက်ပို့လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်လာမှုတွေကြောင့် မြန်မာစစ်တပ်အတွက်ရိက္ခာတွေကို ထိုင်းနိုင်ငံ ထိုင်းစစ်တပ်ကနေတဆင့် တင်သွင်းလာရတယ်လို့လည်း ဒီရက်ပိုင်းအတွင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။

KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရမြန်မာစစ်တပ်နဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဖာပွန်ခရိုင် တပ်မဟာ (၅) သထုံခရိုင်တပ်မဟာ(၁)တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG