သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်မှာ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီး


ကရင်ပြည်နယ်ရှိ ရွာတရွာမှာ တွေ့ရတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၂၁၊ ၂၀၁၆)
ကရင်ပြည်နယ်ရှိ ရွာတရွာမှာ တွေ့ရတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၂၁၊ ၂၀၁၆)

[Zawgyi/Unicode]

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ တပ်ဖွဲ့တွေဟာ ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်သလို တောင်ယာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကေအန်ယူထိန်းချုပ်တဲ့နယ်မြေ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်မှာ မြန်မာ စစ်အုပ်ချုပ်ရေးကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေရဲ တောင်ယာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ကရင်ရွာ ၂ ရွာက ရွာသား ၈၀၀ ဝန်းကျင် ဘေးလွတ်ရာပြေးနေရကြောင်း KNU ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းက လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ကရင်သတင်းစဉ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ်နန်းဖောဂေက အခုလို ပြောပြပါတယ်။

"ကေအန်ယူနယ်မြေပေါ့။ မူတြော်ခရိုင် ဆိုတာ။ ဖာပွန်ခရိုင်ပေါ့။ အဲဒီမှာ လူသောမြို့နယ်ထဲက ကျေးရွာအုပ်စုထဲက လယ်မူပလောတို့ အဲဒီ ကျေးရွာအုပ်ရွာအုပ်စုတွေမှာရှိတဲ့ စစ်ကောင်စီစစ်တပ်တွေရဲ့ တပ်ဖွဲ့ဝင်တွေကနေပြီးတော့ ဒီမှာရှိတဲ့ တောင်ယာတွေကို မီးရှို့တာကို ထုတ်ပြန်ထားတယ်။ ကေအန်ယူက သူတို့ထိန်းချုပ်တဲ့ ဧရိယာက ဖြစ်ပျက်တဲ့အခြေအနေတွေကို ခရိုင်အလိုက်၊ မြို့နယ်အလိုက် သူတို့ control ဧရိယာတွေထဲက အနီးတဝိုက် သတင်းပေးပို့လာတဲ့အပေါ်မှာ သူတို့သတင်းထုတ်ပြန်ထားတယ်။ အဲဒီက လူထုရဲ့အခြေအနေတွေပေါ့။"

စစ်အုပ်ချုပ်ရေးကောင်စီရဲ့စစ်တပ်ဖြစ်တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) နဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကရင်တိုင်းရင်းသားတွေရဲ့ တောင်ယာခင်းများကို လိုက်လံမီးရှို့ခဲ့သလို ကျေးရွာတွေကို လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် လယ်မူပလောကျေးရွာနဲ့ ဟီဂိုလိုကျေးရွာ နှစ် ရွာပေါင်းက ရွာသား ၈၀၀ နီးပါး ပြေးလွှားပုန်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကေအန်ယူတပ်မဟာတချို့မှာ စစ်တပ်နဲ့ ကေအန်ယူတို့ နှစ်ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို ခပ်စိတ်စိတ်ပြန်ဖြစ်လာတာပါ။

အခုဖာပွန် ခရိုင်အတွင်းမှာပဲ ကေအန်ယူ တပ်မဟာ ၅ နဲ့ မြန်မာစစ်တိုက်တို့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတဲ့အတွက် အဲဒီအနီးရွာကျေးရွားတွေက ထောင်နဲ့ချီရှိတဲ့ ကျေးရွာသားတွေလည်း ထွက်ပြေးနေရကြောင်း ဒေသခံတွေကဆိုပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG