သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ဆီ ထိုင္းဘက္က ရိကၡာပို႔ေပးမႈ KNU ကန္႔ကြက္


ထိုင္းဘက္ျခမ္းကေန ျမန္မာဘက္ျခမ္းကို ေပးပို႔မယ့္ ရိကၡာမ်ား သယ္ေဆာင္လာပံု။ (ဓာတ္ပံု - ထိုင္း ျမန္မာနယ္စပ္)

(Zawgyi/Unicode)

ကရင္ျပည္နယ္ ဖာပြန္ခရိုင္ သံလြင္ျမစ္ကမ္း အနီးမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ စခန္းအခ်ိဳ ႔ကုိ ထိုင္းဘက္က စားနပ္ရိကၡာမ်ား ေပးပို႔တာနဲ႔ ပတ္သက္လို့ ေကအန္ယူ တပ္မဟာ(၅) က တနဂၤေႏြေန႔က ကန္႔ကြက္စာထုတ္ခဲ့ပါတယ္။ ထိုင္း အေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းမွာ တပ္စဲြထားတဲ့ ျမန္မာစစ္အုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ တပ္စခန္းေတြကို စေနေန႔က ထိုင္းဘက္ျခမ္းကေန ရိကၡာ ေပးပို႔တာနဲ႔ ပတ္သက္လို႔ KNU တပ္မဟာ (၅) ဘက္က ကန္႔ကြက္ခဲ႔ပါတယ္။ ျမန္မာ စစ္တပ္ရဲ႕ ရိကၡာ လမ္းေၾကာင္းေတြကို KNU က ျဖတ္ေတာက္ထားတာေၾကာင့္ ဘယ္သူဘဲ ပို႔ပို႔ ကန္႔ကြက္ေၾကာင္း တပ္မဟာ (၅) ရဲ႕ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ေစာကလယ္ဒို က ေျပာပါတယ္။

“ ၿမိဳ႕ထဲမွာလည္း လူထုကို ပစ္ခတ္ သတ္ျဖတ္တယ္။ ေတာင္ေပၚ ေဒသမွာလည္း လူထုကို ဒုကၡ အမ်ိဳးမ်ိဳးေပးတယ္။ ဒီေဒသကေန ထြက္သြားေအာင္ တပ္ေတြကို ဖိအားေပးတဲ႔ အေနနဲ႔ လူထုဘက္က ရည္တည္ၿပီး ဖိအားေပးခဲ႔တာ။ ဖိအားေပးတဲ႔ အခါမွာ တပ္ေတြ ထြက္သြာေအာင္ လုပ္လာတာ။ အဲဒီလို လုပ္လာေတာ့ သူတို႔က ရိကၡာ ရွိေနရင္ ထြက္သြားမွာ မဟုတ္ဘူး။ ”

“ သူတို႔ ရိကၡာ မရေအာင္ ရိကၡာ လမ္းေၾကာင္းေတြကို ပိတ္ဆို႔ထားတာပါ။ တပ္မဟာ (၅) အေနနဲ႔ကေတာ့ ထိုင္းဘက္ကေန ဒီလို ရိကၡာေတြ ဘယ္ေလာက္ ပို႔ပို႔ သူ႔ႏုိင္ငံ ေဒသတြင္းမွာဘဲ ပို႔လို႔ ရမယ္။ သူ႔ႏုိင္ငံ နယ္စပ္ထိဘဲ ပို႔လို႔ရမယ္။ သူ႔ နယ္စပ္ကို ေက်ာ္လြန္သြားရင္ေတာ့ သူတို႔မွာ တာ၀န္မရွိေတာ့ဘူး။ တပ္မဟာ (၅) မွာဘဲ တာ၀န္ ရွိေတာ့တာေပါ့။ ”

ထိုင္းႏုိင္ငံဆိုင္ရာ သတင္းေတြမွာ ထိုင္းဘက္က ရိကၡာပို႔ေပးတယ္ဆိုတဲ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္လာၿပီးေနာက္ ျမန္မာ စစ္တပ္ကို ဆန္ရိကၡာ ေထာက္ပံ႔ျခင္း မရွိဘူးလို႔ ထိုင္းစစ္တပ္ဘက္က ျငင္းဆိုခဲ႔ပါတယ္။ ဒါဟာ နယ္စပ္မွာ ပံုမွန္ ကုန္ေရာင္း ကုန္၀ယ္ လုပ္တာ ျဖစ္လို႔ ဥပေဒ အရ တားစရာ မရွိဘူးလို႔လည္း ထိုင္း စစ္တပ္က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ႔ပါတယ္။ KNU တပ္မဟာ (၅) ကေတာ့ ျမန္မာ စစ္တပ္ အေနနဲ႔ ရိကၡာေတြ ဆက္ရွိေနမယ္ဆိုရင္ သူတို႔ ေဒသမွာ ျမန္မာ စစ္တပ္ဘက္က အခုိင္အမာ တပ္စြဲထားၿပီး ေဒသတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနဦးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ သူတို႔ ရိကၡာေတြ ရွိေနမယ္ဆိုရင္ တပ္မဟာ (၅) ေဒသတြင္းက သူတို႔က ဘယ္ေတာ့မွ ထြက္မွာ မဟုတ္ဘူး။ အေျခပိုၿပီး ခိုင္ၿပီးေတာ့ တပ္မဟာ (၅) ေဒသတြင္းက လူထုကို ဒုကၡေတြ ထပ္ေပးဦးမွာဘဲလို႔ ေျပာလို႔ ရတာေပါ့။ ”

သံလြင္ျမစ္ တေလွ်ာက္မွာ တပ္စြဲထားတဲ႔ ျမန္မာ စစ္တပ္နဲ႔ KNU တပ္မဟာ (၅) တို႔ဟာ ဒီလပိုင္းေတြ အတြင္း ဆက္တိုက္ တိုက္ပြဲေတြ ျဖစ္ေနတာပါ။ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီကို ေဒသခံ လူထုက ကန္႔ကြက္ေနခ်ိန္မွာဘဲ ျမန္မာ စစ္တပ္နဲ႔ KNU တပ္မဟာ (၅) တို႔ၾကား တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ခဲ႔ပါတယ္။

KNU အေနနဲ႔ စစ္တပ္ အတြက္ ရိကၡာပို႔တဲ႔ လမ္းေၾကာင္းေတြကိုလည္း ျဖတ္ေတာက္ၿပီး တိုက္ခိုက္ေနတာေၾကာင့္ အဲဒီ ေဒသမွာ တပ္စြဲထားတဲ႔ ျမန္မာ စစ္တပ္က အခက္အခဲေတြ ရွိေနတာပါ။ ဒီအတြက္ ထိုင္းႏုိင္ငံ တာ႔ခ္ခရိုင္အတြင္းက တဆင့္ မယ္ေဟာင္ေဆာင္ ခရိုင္ထဲကို ဆန္အိတ္ (၇၀၀)နဲ႔ ေရႊဖီဦး လက္ဖက္ေျခာက္၊ အမဲသားဘူး၊ စားသံုးဆီေတြ ပို႔ေပးဖို႔ စီစဥ္ၾကတာ ျဖစ္ပါတယ္။ ဒီ စားေသာက္ကုန္ေတြကို မဲေဆာက္ၿမိဳ႕က တဆင့္ ကုန္တင္းကားေတြနဲ႔ မယ္ေဟာင္ေဆာင္ ခရိုင္တြင္းက သံလြင္ေလွဆိပ္ ျဖစ္တဲ႔ မဲ႔စံလက္ (ေသာ္လဲထာ) လမ္းေၾကာင္း အတိုင္း ေပးပို႔ခဲ႔တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာစစ်တပ်ဆီ ထိုင်းဘက်က ရိက္ခာပို့ပေးမှု KNU ကန့်ကွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်ကမ်း အနီးမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ် စခန်းအချို့ကို ထိုင်းဘက်က စားနပ်ရိက္ခာများ ပေးပို့တာနဲ့ ပတ်သက်လို့ ကေအန်ယူ တပ်မဟာ(၅) က တနင်္ဂနွေနေ့က ကန့်ကွက်စာထုတ်ခဲ့ပါတယ်။ ထိုင်း အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်အုပ်ချုပ်ရေး ကောင်စီရဲ့ တပ်စခန်းတွေကို စနေနေ့က ထိုင်းဘက်ခြမ်းကနေ ရိက္ခာ ပေးပို့တာနဲ့ ပတ်သက်လို့ KNU တပ်မဟာ (၅) ဘက်က ကန့်ကွက်ခဲ့ပါတယ်။ မြန်မာ စစ်တပ်ရဲ့ ရိက္ခာ လမ်းကြောင်းတွေကို KNU က ဖြတ်တောက်ထားတာကြောင့် ဘယ်သူဘဲ ပို့ပို့ ကန့်ကွက်ကြောင်း တပ်မဟာ (၅) ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒို က ပြောပါတယ်။

“ မြို့ထဲမှာလည်း လူထုကို ပစ်ခတ် သတ်ဖြတ်တယ်။ တောင်ပေါ် ဒေသမှာလည်း လူထုကို ဒုက္ခ အမျိုးမျိုးပေးတယ်။ ဒီဒေသကနေ ထွက်သွားအောင် တပ်တွေကို ဖိအားပေးတဲ့ အနေနဲ့ လူထုဘက်က ရည်တည်ပြီး ဖိအားပေးခဲ့တာ။ ဖိအားပေးတဲ့ အခါမှာ တပ်တွေ ထွက်သွာအောင် လုပ်လာတာ။ အဲဒီလို လုပ်လာတော့ သူတို့က ရိက္ခာ ရှိနေရင် ထွက်သွားမှာ မဟုတ်ဘူး။ ”

“ သူတို့ ရိက္ခာ မရအောင် ရိက္ခာ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာပါ။ တပ်မဟာ (၅) အနေနဲ့ကတော့ ထိုင်းဘက်ကနေ ဒီလို ရိက္ခာတွေ ဘယ်လောက် ပို့ပို့ သူ့နိုင်ငံ ဒေသတွင်းမှာဘဲ ပို့လို့ ရမယ်။ သူ့နိုင်ငံ နယ်စပ်ထိဘဲ ပို့လို့ရမယ်။ သူ့ နယ်စပ်ကို ကျော်လွန်သွားရင်တော့ သူတို့မှာ တာဝန်မရှိတော့ဘူး။ တပ်မဟာ (၅) မှာဘဲ တာဝန် ရှိတော့တာပေါ့။ ”

ထိုင်းနိုင်ငံဆိုင်ရာ သတင်းတွေမှာ ထိုင်းဘက်က ရိက္ခာပို့ပေးတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးနောက် မြန်မာ စစ်တပ်ကို ဆန်ရိက္ခာ ထောက်ပံ့ခြင်း မရှိဘူးလို့ ထိုင်းစစ်တပ်ဘက်က ငြင်းဆိုခဲ့ပါတယ်။ ဒါဟာ နယ်စပ်မှာ ပုံမှန် ကုန်ရောင်း ကုန်ဝယ် လုပ်တာ ဖြစ်လို့ ဥပဒေ အရ တားစရာ မရှိဘူးလို့လည်း ထိုင်း စစ်တပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ KNU တပ်မဟာ (၅) ကတော့ မြန်မာ စစ်တပ် အနေနဲ့ ရိက္ခာတွေ ဆက်ရှိနေမယ်ဆိုရင် သူတို့ ဒေသမှာ မြန်မာ စစ်တပ်ဘက်က အခိုင်အမာ တပ်စွဲထားပြီး ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ သူတို့ ရိက္ခာတွေ ရှိနေမယ်ဆိုရင် တပ်မဟာ (၅) ဒေသတွင်းက သူတို့က ဘယ်တော့မှ ထွက်မှာ မဟုတ်ဘူး။ အခြေပိုပြီး ခိုင်ပြီးတော့ တပ်မဟာ (၅) ဒေသတွင်းက လူထုကို ဒုက္ခတွေ ထပ်ပေးဦးမှာဘဲလို့ ပြောလို့ ရတာပေါ့။ ”

သံလွင်မြစ် တလျှောက်မှာ တပ်စွဲထားတဲ့ မြန်မာ စစ်တပ်နဲ့ KNU တပ်မဟာ (၅) တို့ဟာ ဒီလပိုင်းတွေ အတွင်း ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေတာပါ။ စစ်အုပ်ချုပ်ရေး ကောင်စီကို ဒေသခံ လူထုက ကန့်ကွက်နေချိန်မှာဘဲ မြန်မာ စစ်တပ်နဲ့ KNU တပ်မဟာ (၅) တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

KNU အနေနဲ့ စစ်တပ် အတွက် ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ပြီး တိုက်ခိုက်နေတာကြောင့် အဲဒီ ဒေသမှာ တပ်စွဲထားတဲ့ မြန်မာ စစ်တပ်က အခက်အခဲတွေ ရှိနေတာပါ။ ဒီအတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းက တဆင့် မယ်ဟောင်ဆောင် ခရိုင်ထဲကို ဆန်အိတ် (၇၀၀)နဲ့ ရွှေဖီဦး လက်ဖက်ခြောက်၊ အမဲသားဘူး၊ စားသုံးဆီတွေ ပို့ပေးဖို့ စီစဉ်ကြတာ ဖြစ်ပါတယ်။ ဒီ စားသောက်ကုန်တွေကို မဲဆောက်မြို့က တဆင့် ကုန်တင်းကားတွေနဲ့ မယ်ဟောင်ဆောင် ခရိုင်တွင်းက သံလွင်လှေဆိပ် ဖြစ်တဲ့ မဲ့စံလက် (သော်လဲထာ) လမ်းကြောင်း အတိုင်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG