သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္က တိမ္းေရွာင္သူေတြ၀င္လာႏိုင္ေျခ ထိုင္းေစာင္႔ၾကည္႔ ျပင္ဆင္


မတ္လ ၁၈ ရက္ေန႔က ထိုင္း-ျမန္မာနယ္စပ္ ထိုင္းနယ္ျခားေစာင့္ တပ္သားမ်ား (ဓါတ္ပံု- REUTERS/Soe Zeya Tun)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန္႔က်င္လႈပ္ရွားမႈေတြအေပၚ အာဏာပိုင္ေတြ အၾကမ္းဖက္ ၿဖိဳခဲြမႈေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္သူေတြ တိုးလာေနတာေၾကာင့္၊ အိမ္နီးခ်င္း ထိုင္းႏိုင္ငံကလည္း ႀကိဳတင္ျပင္ဆင္ေနပါတယ္။ ေဒသခံ ထိုင္းတပ္မွဴးတဦးကေတာ့ အေျခအေနေတြကို အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ ေျပာဆိုခဲ့တာပါ။

“ပဋိပကၡေတြ ျဖစ္လာမယ္ဆိုရင္ ဆႏၵျပသူေတြ ထိုင္းႏိုင္ငံကို နယ္စပ္ျဖတ္ေက်ာ္ ၀င္လာႏိုင္တဲ့ အလားအလာေတြ ရွိေနပါတယ္။ စစ္ျဖစ္ၿပီ ဆိုရင္ေတာ့ လူေတြ အလုံးအရင္းနဲ႔လည္း ေရာက္လာႏိုင္ပါတယ္။” လို႔ ျမန္မာႏိုင္ငံနဲ႔နယ္စပ္ခ်င္း ထိစပ္ေနတဲ့ ထိုင္းႏိုင္ငံ မဲေဆာက္ခ႐ိုင္ အေျခစိုက္ ထိုင္းအမွတ္ ၄ တပ္ရင္း၊ တပ္ရင္းမွဴး Prasan Henprasert က Reuters သတင္းဌာနကို ေျပာဆိုလိုက္တာပါ။

တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕တခုျဖစ္တဲ့ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU ထိန္းခ်ဳပ္ရာ နယ္ေျမမွာ တိမ္းေရွာင္လာသူေတြ ရာနဲ႔ခ်ီ ရွိေနသလို၊ ထိုင္းႏိုင္ငံနဲ႔ နယ္စပ္ ရွမ္းျပည္နယ္က တိုင္းရင္းသား လက္နက္ကိုင္ေတြ ထိန္းခ်ဳပ္ရာ နယ္ေျမမွာ ခိုလႈံေနသူေတြ ရွိတယ္လို႔လည္း KNU တာ၀န္ရွိသူတဦးကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရး မတည္မၿငိမ္ အေျခအေနေတြ ေပၚေပါက္ေနသလို၊ KNU အပါအ၀င္ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕တခ်ဳိ႕နဲ႔ ျမန္မာလုံျခံဳေရးတပ္ဖဲြ႕ေတြၾကား တိုက္ခိုက္မႈေတြ ရွိေနတာေၾကာင့္ ထိုင္းအာဏာပိုင္ေတြက နယ္စပ္ေဒသေတြမွာ လုံျခံဳေရး တိုးျမႇင့္ထားၿပီး ေစာင့္ၾကည့္ေနတာပါ။ ျမန္မာႏိုင္ငံဖက္က တိမ္းေရွာင္လာသူေတြ ေရာက္လာခဲ့မယ္ဆိုရင္ ေနရာခ်ထားေပးႏိုင္ေအာင္ မဲေဆာက္ခ႐ိုင္ထဲမွာ လူဦးေရ ၄၃,၀၀၀ ေလာက္အတြက္ ခိုလႈံစရာေနရာ ျပင္ဆင္ထားတဲ့ အစီအစဥ္တခုကိုလည္း ေတြ႕ျမင္ခဲ့ရေၾကာင္း Reuters သတင္းက ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာဘက်က တိမ်းရှောင်သူတွေဝင်လာနိုင်ခြေ ထိုင်းစောင့်ကြည့်ပြင်ဆင်
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ တိုးလာနေတာကြောင့်၊ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ကြိုတင်ပြင်ဆင်နေပါတယ်။ ဒေသခံ ထိုင်းတပ်မှူးတဦးကတော့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောဆိုခဲ့တာပါ။

“ပဋိပက္ခတွေ ဖြစ်လာမယ်ဆိုရင် ဆန္ဒပြသူတွေ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်လာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ စစ်ဖြစ်ပြီ ဆိုရင်တော့ လူတွေ အလုံးအရင်းနဲ့လည်း ရောက်လာနိုင်ပါတယ်။” လို့ မြန်မာနိုင်ငံနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်ခရိုင် အခြေစိုက် ထိုင်းအမှတ် ၄ တပ်ရင်း၊ တပ်ရင်းမှူး Prasan Henprasert က Reuters သတင်းဌာနကို ပြောဆိုလိုက်တာပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ နယ်မြေမှာ တိမ်းရှောင်လာသူတွေ ရာနဲ့ချီ ရှိနေသလို၊ ထိုင်းနိုင်ငံနဲ့ နယ်စပ် ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ရာ နယ်မြေမှာ ခိုလှုံနေသူတွေ ရှိတယ်လို့လည်း KNU တာဝန်ရှိသူတဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်နေသလို၊ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ လုံခြုံရေး တိုးမြှင့်ထားပြီး စောင့်ကြည့်နေတာပါ။ မြန်မာနိုင်ငံဖက်က တိမ်းရှောင်လာသူတွေ ရောက်လာခဲ့မယ်ဆိုရင် နေရာချထားပေးနိုင်အောင် မဲဆောက်ခရိုင်ထဲမှာ လူဦးရေ ၄၃,၀၀၀ လောက်အတွက် ခိုလှုံစရာနေရာ ပြင်ဆင်ထားတဲ့ အစီအစဉ်တခုကိုလည်း တွေ့မြင်ခဲ့ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG