သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္တြင္း ျမန္မာစစ္အာဏာသိမ္းမႈကန႔္ကြက္ဆႏၵျပ


မဲေဆာက္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားေတြ ကုလဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီး႐ံုးေရွ႕ဆႏၵျပျမင္ကြင္း။ (၀၂၊ ၂၈၊ ၂၁)

ZawGyi/Unicode

ျမန္မာႏို္င္ငံမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက လုပ္ရပ္ေတြကို ထိုင္းႏိုင္ငံေရာက္ ျမန္မာေတြ ေန႔စဥ္ ရက္ဆက္ ဆန႔္က်င္ကန႔္ကြက္လာတာ အခုဆိုရင္ တလရွိလာပါၿပီ။ ဒီေန႔ဆိုရင္ဆန႔္က်င္ကန႔္ကြက္သူ ေသာင္းဂဏန္းအထိ ရွိလာေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူထုကေ႐ြးခ်ယ္ခဲ့တဲ့ေ႐ြးေကာက္ပြဲလာဒ္ကိုပယ္ဖ်က္ၿပီး အာဏာသိမ္းလိုက္တဲ့စစ္အုပ္ခ်ဳပ္ ေရးေကာင္စီကို ဘန္ေကာက္ၿမိဳ႕ ျမန္မာသံ႐ုံးနဲ႔ ဘန္ေကာက္နဲ႔မဲေဆာက္မွာ ဖြင့္လွစ္ထားတဲ့ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးေတြရဲ႕ေရွ႕မွာ ဆႏၵျပေနၾကတာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အာရွႏိုင္ငံေတြက ေက်ာင္းသူေက်ာင္းသားေတြပါ ပါဝင္လာခဲ့ၿပီး ျမန္မာႏိုင္ငံသားေတြနဲ႔အတူ စုေပါင္းဆႏၵျပခဲ့ၾကတာျဖစ္ေၾကာင္း Myanmar community in Thailand အဖြဲ႕က ကိုစိုင္းက ေျပာပါတယ္။

“လူမ်ားတယ္။ေသာင္းဂဏန္းရွိတယ္။ေန႔လည္က ထိုင္းေတြလာၿပီး ပူးေပါင္းတဲ့အခ်ိန္မွာ အာဏာပိုင္ေတြကလည္း လူစုခြဲခိုင္းတယ္။ ျမန္မာေတြကေတာ့ လူစုခြဲေပးရတယ္။ ျပည္သူအခ်င္းခ်င္း ပူးေပါင္းသြားမွာကို စိုးရိမ္ပုံရပါတယ္။ ထိုင္းေတြကေတာ့ အႏုစာဝါရီေက်ာက္တိုင္ကေန ဝန္ႀကီးခ်ဳပ္႐ုံးအထိ ခ်ီတက္ေနၾကတယ္။ အဲဒီထဲမွာ ျမန္မာတခ်ိဳ႕လည္း ပါပါတယ္။ လူဦးေရကေတာ့ ေသာင္းဂဏန္းေလာက္ရွိပါတယ္။”

မဲေဆာက္ၿမိဳ႕မွာေတာ့ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးေရွ႕မွာ ျမန္မာအလုပ္သမားေတြ စုေဝးဆႏၵျပခဲ့ၾကပါတယ္။ ျမန္မာျပည္တြင္းမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက လက္နက္မဲ့ျပည္သူေတြကို သတ္ျဖတ္တာေတြကို အေရးယူေပးပါ ဆိုတဲ့ ပိုစတာေတြနဲ႔ ဆႏၵျပေနၾကတာျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕ ဆႏၵျပအလုပ္သမားတဦးက အခုလို ေျပာသြားပါတယ္။

“ျဖစ္တာက ဒီေန႔မပါေသးဘူး။ ၁၃ ေယာက္ရွိတယ္။ ဒီေန႔ဆို ဘယ္ေလာက္မွန္းေတာင္ ရွိမယ္မသိေတာ့ဘူး။ ဆရာမတေယာက္လည္းဆုံးသြားတယ္။ အနာဂတ္အတြက္ အမ်ားႀကီးနစ္နာပါတယ္။ ျပည္တြင္းမွာျဖစ္ေနတာေတြ ၾကားရတာ ရင္ေတြ ကြဲမတတ္ ခံစားေနရပါတယ္။”

စစ္တပ္ကဖြဲ႕ထားတဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းလိုက္တဲ့ေန႔ကစလို႔ဒီေန႔တလၾကာတဲ့အထိ ထိုင္းႏိုင္ငံတြင္းက ယူအန္႐ုံး ျမန္မာသံ႐ုံးနဲ႔စက္႐ုံး အသီးသီးမွာလည္းနည္းမ်ိဳးစုံဆႏၵထုတ္ေဖာ္မူေတြကေတာ့ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


Unicode

ထိုင်းနိုင်တွင်း မြန်မာစစ်အာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြ

မြန်မာနို်င်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက လုပ်ရပ်တွေကို ထိုင်းနိုင်ငံရောက် မြန်မာတွေ နေ့စဉ် ရက်ဆက် ဆန့်ကျင်ကန့်ကွက်လာတာ အခုဆိုရင် တလရှိလာပါပြီ။ ဒီနေ့ဆိုရင်ဆန့်ကျင်ကန့်ကွက်သူ သောင်းဂဏန်းအထိ ရှိလာကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ လူထုကရွေးချယ်ခဲ့တဲ့ရွေးကောက်ပွဲလာဒ်ကိုပယ်ဖျက်ပြီး အာဏာသိမ်းလိုက်တဲ့စစ်အုပ်ချုပ် ရေးကောင်စီကို ဘန်ကောက်မြို့ မြနမာသံရုံးနဲ့ ဘန်ကောက်နဲ့မဲဆောက်မှာ ဖွင့်လှစ်ထားတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွေရဲ့ရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အာရှနိုင်ငံတွေက ကျောင်းသူကျောင်းသားတွေပါ ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံသားတွေနဲ့အတူ စုပေါင်းဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း Myanmar community in Thailand အဖွဲ့က ကိုစိုင်းက ပြောပါတယ်။

“လူများတယ်။သောင်းဂဏန်းရှိတယ်။နေ့လည်က ထိုင်းတွေလာပြီး ပူးပေါင်းတဲ့အချိန်မှာ အာဏာပိုင်တွေကလည်း လူစုခွဲခိုင်းတယ်။ မြန်မာတွေကတော့ လူစုခွဲပေးရတယ်။ ပြည်သူအချင်းချင်း ပူးပေါင်းသွားမှာကို စိုးရိမ်ပုံရပါတယ်။ ထိုင်းတွေကတော့ အနုစာဝါရီကျောက်တိုင်ကနေ ဝန်ကြီးချုပ်ရုံးအထိ ချီတက်နေကြတယ်။ အဲဒီထဲမှာ မြန်မာတချို့လည်း ပါပါတယ်။ လူဦးရေကတော့ သောင်းဂဏန်းလောက်ရှိပါတယ်။”

မဲဆောက်မြို့မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီက လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေကို အရေးယူပေးပါ ဆိုတဲ့ ပိုစတာတွေနဲ့ ဆန္ဒပြနေကြတာဖြစ်ကြောင်း မဲဆောက်မြို့ ဆန္ဒပြအလုပ်သမားတဦးက အခုလို ပြောသွားပါတယ်။

“ဖြစ်တာက ဒီနေ့မပါသေးဘူး။ ၁၃ ယောက်ရှိတယ်။ ဒီနေ့ဆို ဘယ်လောက်မှန်းတောင် ရှိမယ်မသိတော့ဘူး။ ဆရာမတယောက်လည်းဆုံးသွားတယ်။ အနာဂတ်အတွက် အများကြီးနစ်နာပါတယ်။ ပြည်တွင်းမှာဖြစ်နေတာတွေ ကြားရတာ ရင်တွေ ကွဲမတတ် ခံစားနေရပါတယ်။”

စစ်တပ်ကဖွဲ့ထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ဒီနေ့တလကြာတဲ့အထိ ထိုင်းနိုင်ငံတွင်းက ယူအန်ရုံး မြန်မာသံရုံးနဲ့စက်ရုံး အသီးသီးမှာလည်းနည်းမျိုးစုံဆန္ဒထုတ်ဖော်မူတွေကတော့ရှိနေပါတယ်ရှင်။

#MyanmarMilitaryCoup #MyanamrProtest #MyanamrTaiwan #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG