သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံ ပကြ်တ္ၿမိဳ႕နယ္တြင္း ဖမ္းမိရတဲ့ ျမန္မာ ၃၀ ေက်ာ္ ကိုဗစ္ေရာဂါပိုးစမ္းသပ္ေတြ႕ရွိ


မတ္လ ၂ ရက္ေန႔က ထိုင္းႏိုင္ငံရွိ ေနရာတခုတြင္ ဖမ္းမိခဲ့တဲ့ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - လဝက - မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ၊ ပကြ်တ္ျပည္နယ္၊ ပကြ်တ္္ျမိဳ႕နယ္အတြင္း ၿပီးခဲ့တဲ့အပတ္က ဖမ္းမိတဲ့ ျမန္မာႏို္င္ငံသား ၃၀ ေက်ာ္ထဲမွာ ကိုဗစ္ကပ္ေရာဂါပုိးေတြ႔ ရွိတာေၾကာင့္ သူတို႔နဲ႔ ထိစပ္သူ ထုိင္းအာဏာပိုင္ ၁၀၀ ေက်ာ္ေလာက္ကုိ ေစာင့္ၾကည္ေရးစင္တာကုိ ပုိ႔ထားပါတယ္။ အျပည့္အစုံကုိေတာ့ မေအးေအးမာက ေျပာျပေပးမွာပါ။

ထုိင္းႏို္င္ငံတြင္းကုိ လူကုန္ကူးသူေတြနဲ႔ ခိုး၀င္လာလို႔ ျပီးခဲ့တဲ့အပတ္က ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသား ၃၀ ေက်ာ္ထဲမွာ ကိုဗစ္ကပ္ေရာဂါပုိး ၄ ဦးေတြ႕ရိွခဲ့တာေၾကာင့္ သူတိုနဲ႔ ထိစပ္ခဲ့တဲ့ ထုိင္းအာဏာပိုင္ ၁၀၀ ေက်ာ္ကို ေစာင့္ၾကည္႔ေရးစင္တာကို ပို႔ခဲ့ရတယ္လို႔ ထိုင္းေတာင္ပုိင္းအျခစိုက္ FED အဖဲြ႔က အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးကေျပာျပပါတယ္။

"ျမန္မာေတြ ၀င္လာလို႔ ဖမ္းဆီးခံရထားတာ ရိွတယ္။ သူတို႔ကုိ ၃ ေနရာခဲြၿပီး ထိန္းသိမ္းထားတာ။ အေျဖက အခုမွထြက္တယ္။ ကိုဗစ္ေပါ့စတစ္ျဖစ္တာ ၄ ေယာက္ျဖစ္တာကိုး။ ထိန္းသိမ္းထားတာ ၃၂ ထဲမွာ ၄ ေယာက္ျဖစ္တာ။ သူတို႔လည္း နည္းနည္းေတာ့ ပ်ာပ်ာသလဲျဖစ္တယ္။ သူတို႔ ထိစပ္တဲ့၀န္ထမ္းက လူ ၁၀၀ ေက်ာ္ရွိတယ္။ ၄ ေယာက္နဲ႔ ထိစပ္ခဲ့တဲ့ အက်ဥ္းက်ေတြ၊ ရဲေတြ၊ အာဏာပိုင္ေတြက ေစာင့္ၾကည့္ရမယ့္ထဲမွာ ပါသြားတယ္။ အဲဒီေရာဂါျဖစ္တဲ့သူေတြကိုေတာ့ ပကြ်တ္ေဆးရံုမွာထားတယ္။"

၂၀၂၁ မတ္လ ၇ ရက္ေန႔၊ ၁၃ ရက္ေန ႔အတြင္းမွာ ဘန္ေကာက္ၿမိဳ႕၊ ဖာစီခ်ေရာင္းၿမိဳ႕နယ္ ဘန္ခဲေစ်းက ေစ်းသူေစ်းသား ၄,၀၄၆ ဦးကို ကိုဗစ္ကပ္ေရာဂါပုိးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာမွာ ကိုဗစ္ကူးစက္ခံထားရတဲ့လူနာ ၉၆ ဦးေတြ႕ရွိခဲ့ၿပီး အဲဒီအထဲမွာ ျမန္မာႏိုင္ငံသား ၃၉ ဦးပါဝင္တယ္လို႔ ဆိုပါတယ္။ ဆက္လက္ျပီး ဘန္ခဲေစ်းအပါအဝင္ ဘန္ေကာက္ၿမိဳ႕တြင္းက ေစ်းေပါင္း ၆ ခုကို ကိုဗစ္စစ္ေဆးေနပါတယ္။

ကိုဗစ္ေရာဂါပိုး ကူးစက္ခံရတဲ့သူအမ်ားစုကေတာ့ ေစ်းသူေစ်းသားေတြျဖစ္ၾကေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပႀကပါတယ္။

ကုိဗစ္ကပ္ေရာဂါပုိးေတြရွိသူ ၂၇,၀၀၀ ေက်ာ္ရွိျပီး ေသဆံုးသူ ၈၇ ေယာက္ရွိတဲ့ ထုိင္းႏိုင္ငံမွာေတာ့ ကုိဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရးကို တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ေနျပီး အခုခ်ိန္ထိ ျမန္မာေတြအပါအ၀င္ ေရႊ႕ေျပာင္းအလုပ္သမားေတြဟာ နယ္ေျမေက်ာ္ျပီး ခရီးသြားလာခြင့္ေတြ ကန္႔သတ္ခံထားရဆဲ ျဖစ္ပါတယ္။

စမုတ္ဆာခြန္းနဲ႔ ဆာမြတ္ပရာကန္ စတဲ့ ျမန္မာႏို္င္ငံသားအမ်ားစု ကိုဗစ္ကပ္ေရာဂါပုိး ေတြ႔ရွိခဲ့တဲ့ ေနရာေတြအပါအ၀င္ ထိုင္းျမန္မာနယ္စပ္ ေနရာတိုင္းမွာေတာ့ ကုိဗစ္ထိန္းခ်ဳပ္ေရးဥပေဒအရ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ နယ္ေျမျဖတ္ေက်ာ္ ခရီးသြားလာခြင့္ေတြ ကန္႔သတ္ခံထားရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံ ပကျွတ်မြို့နယ်တွင်း ဖမ်းမိရတဲ့မြန်မာ ၃၀ ကျော် ကိုဗစ်ရောဂါပိုးစမ်းသပ်တွေ့ရှိ

ထိုင်းနိုင်ငံ၊ ပကျွတ်ပြည်နယ်၊ ပကျွတ်မြို့နယ်အတွင်း ပြီးခဲ့တဲ့အပတ်က ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ထဲမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ ရှိတာကြောင့် သူတို့နဲ့ ထိစပ်သူ ထိုင်းအာဏာပိုင် ၁၀၀ ကျော်လောက်ကို စောင့်ကြည်ရေးစင်တာကို ပို့ထားပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံတွင်းကို လူကုန်ကူးသူတွေနဲ့ ခိုးဝင်လာလို့ ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ထဲမှာ ကိုဗစ်ကပ်ရောဂါပိုး ၄ ဦးတွေ့ရှိခဲ့တာကြောင့် သူတိုနဲ့ ထိစပ်ခဲ့တဲ့ ထိုင်းအာဏာပိုင် ၁၀၀ ကျော်ကို စောင့်ကြည့်ရေးစင်တာကို ပို့ခဲ့ရတယ်လို့ ထိုင်းတောင်ပိုင်းအခြစိုက် FED အဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကပြောပြပါတယ်။

"မြန်မာတွေ ဝင်လာလို့ ဖမ်းဆီးခံရထားတာ ရှိတယ်။ သူတို့ကို ၃ နေရာခွဲပြီး ထိန်းသိမ်းထားတာ။ အဖြေက အခုမှထွက်တယ်။ ကိုဗစ်ပေါ့စတစ်ဖြစ်တာ ၄ ယောက်ဖြစ်တာကိုး။ ထိန်းသိမ်းထားတာ ၃၂ ထဲမှာ ၄ ယောက်ဖြစ်တာ။ သူတို့လည်း နည်းနည်းတော့ ပျာပျာသလဲဖြစ်တယ်။ သူတို့ ထိစပ်တဲ့ဝန်ထမ်းက လူ ၁၀၀ ကျော်ရှိတယ်။ ၄ ယောက်နဲ့ ထိစပ်ခဲ့တဲ့ အကျဉ်းကျတွေ၊ ရဲတွေ၊ အာဏာပိုင်တွေက စောင့်ကြည့်ရမယ့်ထဲမှာ ပါသွားတယ်။ အဲဒီရောဂါဖြစ်တဲ့သူတွေကိုတော့ ပကျွတ်ဆေးရုံမှာထားတယ်။"

၂၀၂၁ မတ်လ ၇ ရက်နေ့၊ ၁၃ ရက်နေ့အတွင်းမှာ ဘန်ကောက်မြို့၊ ဖာစီချရောင်းမြို့နယ် ဘန်ခဲဈေးက ဈေးသူဈေးသား ၄,၀၄၆ ဦးကို ကိုဗစ်ကပ်ရောဂါပိုးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှာ ကိုဗစ်ကူးစက်ခံထားရတဲ့လူနာ ၉၆ ဦးတွေ့ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၃၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဘန်ခဲဈေးအပါအဝင် ဘန်ကောက်မြို့တွင်းက ဈေးပေါင်း ၆ ခုကို ကိုဗစ်စစ်ဆေးနေပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့သူအများစုကတော့ ဈေးသူဈေးသားတွေဖြစ်ကြကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ကိုဗစ်ကပ်ရောဂါပိုးတွေရှိသူ ၂၇,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၇ ယောက်ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေပြီး အခုချိန်ထိ မြန်မာတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေဟာ နယ်မြေကျော်ပြီး ခရီးသွားလာခွင့်တွေ ကန့်သတ်ခံထားရဆဲ ဖြစ်ပါတယ်။

စမုတ်ဆာခွန်းနဲ့ ဆာမွတ်ပရာကန် စတဲ့ မြန်မာနိုင်ငံသားအများစု ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ နေရာတွေအပါအဝင် ထိုင်းမြန်မာနယ်စပ် နေရာတိုင်းမှာတော့ ကိုဗစ်ထိန်းချုပ်ရေးဥပဒေအရ မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်တွေ ကန့်သတ်ခံထားရဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG