သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆး ျဖန္႔ခ်ိမႈအတြက္ ကမာၻမွာ ယွဥ္ၿပိဳင္မႈေတြ အားေကာင္းလာ


ကုိဗစ္ကာကြယ္ေဆး

[ Zawgyi / Unicode ]

တရုတ္ထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးထားတဲ႔ ႏုိင္ငံျခားသားေတြ ေဟာင္ေကာင္ကေန တရုတ္ျပည္မႀကီးကို လာေရာက္လိုရင္ အဆင္ေျပ ေခ်ာေမြ႔ေအာင္ ေဆာင္ရြက္ေပးမယ့္အေၾကာင္း စေနေန႔မွာ တရုတ္က ေၾကညာလိုက္တာေၾကာင့္ ကမၻာတလႊား ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ျဖန႔္ခ်ိေရး ယွဥ္ၿပိဳင္မႈကို ပုိၿပီး ျပင္းထန္သြားေစပါတယ္။

အေထာက္အထား စာရြက္စာတမ္း လိုအပ္ခ်က္ေတြကို ေလွ်ာ့ခ်လိုက္ျခင္းအားျဖင့္ အေနာက္ႏုိင္ငံအမ်ားစုက အတည္မျပဳေသးတဲ႔ တရုတ္ရဲ႕ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြအေပၚ ကမၻာတလႊား စိတ္၀င္စားမႈရေစဖို႔ တရုတ္က ေမွ်ာ္လင့္ထားတာပါတယ္။ တခ်ိန္တည္းမွာဘဲ ျပည္ပထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြကို တရုတ္ႏုိင္ငံတြင္း ထုတ္လုပ္ ျဖန္႔ေ၀ေရး အတြက္ တရုတ္က အတည္မျပဳေသးပါဘူး။

အီတလီ ႏုိင္ငံမွာေတာ့ လာမယ့္ စက္တင္ဘာလ အေရာက္မွာ ႏုိင္ငံ လူဦးေရရဲ႕ အနည္းဆံုး ၈၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆး ထိုးေပးဖို႔ စီစဥ္ထားေၾကာင္း ႏုိင္ငံရဲ႕ ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ အထူးေကာ္မရွင္က စေနေန႔မွာ ေျပာပါတယ္။ တရက္ကို ထိုးေဆး အလံုးေရ ၅ သိန္း ျဖန္႔ခ်ီဖို႔ စီစဥ္ထားေၾကာင္း အီတလီအစိုးရရဲ႕ ထုတ္ျပန္ခ်က္က ေဖာ္ျပထားပါတယ္။


အီတလီႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈ တေၾကာ့္ျပန္ တုိးလာေနေၾကာင္း အီတလီ ၀န္ႀကီးခ်ဳပ္ Mario Draghi က ေသာၾကာေန႔မွာ ေျပာဆိုခဲ႔ပါတယ္။ ၿပီးခဲ႔တဲ႔ သီတင္းပတ္အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအသစ္ ၁ သိန္းခြဲရွိခဲ႔ၿပီး အရင္ သီတင္းပတ္က ၁ သိန္း ၃ ေသာင္းေက်ာ္နဲ႔ ယွဥ္ရင္ သိသိသာသာ တိုးလာတာ ျဖစ္ေၾကာင္း၊ ေဆးရံုတက္ရသူနဲ႔ အေရးေပၚ ကုသေပးရသူလည္း တိုးလာတာေၾကာင့္ အေလးေပးဖို႔ လိုအပ္ေနၿပီလို႔လည္း ၀န္ႀကီးခ်ဳပ္က သတိေပးခဲ႔ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ေရး အီတလီအစိုးရက ႀကိဳးစားလာတာနဲ႔အတူ တနလာၤေန႔ကစလို႔ ႏုိင္ငံတြင္း တားျမစ္ ကန္႔သတ္ခ်က္သစ္ေတြ ခ်မွတ္ခဲ႔ပါတယ္။ ေရာမၿမိဳ႕ေတာ္နဲ႔ ဘ႑ာေရး အခ်က္အခ်ာ မီလန္ အပါအ၀င္ ႏုိင္ငံရဲ႕ေဒသ ထက္၀က္ေက်ာ္မွာ ေက်ာင္းေတြ ၊ မျဖစ္မေန ဖြင့္လွစ္စရာမလိုတဲ႔ ဆိုင္ေတြ ပိတ္ပင္တာမ်ဳိး ကန္႔သတ္ တားျမစ္ခ်က္ေတြကို ခ်မွတ္ခဲ႔တာ ျဖစ္ပါတယ္။

[ Unicode ]

ကိုဗစ်ကာကွယ်ဆေး ဖြန့်ချိမှုအတွက် ကမ္ဘာမှာ ယှဉ်ပြိုင်မှုတွေ အားကောင်းလာ

တရုတ်ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံခြားသားတွေ ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကို လာရောက်လိုရင် အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးမယ့်အကြောင်း စနေနေ့မှာ တရုတ်က ကြေညာလိုက်တာကြောင့် ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ချိရေး ယှဉ်ပြိုင်မှုကို ပိုပြီး ပြင်းထန်သွားစေပါတယ်။

အထောက်အထား စာရွက်စာတမ်း လိုအပ်ချက်တွေကို လျှော့ချလိုက်ခြင်းအားဖြင့် အနောက်နိုင်ငံအများစုက အတည်မပြုသေးတဲ့ တရုတ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေအပေါ် ကမ္ဘာတလွှား စိတ်ဝင်စားမှုရစေဖို့ တရုတ်က မျှော်လင့်ထားတာပါတယ်။ တချိန်တည်းမှာဘဲ ပြည်ပထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံတွင်း ထုတ်လုပ် ဖြန့်ဝေရေး အတွက် တရုတ်က အတည်မပြုသေးပါဘူး။

အီတလီ နိုင်ငံမှာတော့ လာမယ့် စက်တင်ဘာလ အရောက်မှာ နိုင်ငံ လူဦးရေရဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ထားကြောင်း နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အထူးကော်မရှင်က စနေနေ့မှာ ပြောပါတယ်။ တရက်ကို ထိုးဆေး အလုံးရေ ၅ သိန်း ဖြန့်ချီဖို့ စီစဉ်ထားကြောင်း အီတလီအစိုးရရဲ့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တကြော့်ပြန် တိုးလာနေကြောင်း အီတလီ ဝန်ကြီးချုပ် Mario Draghi က သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁ သိန်းခွဲရှိခဲ့ပြီး အရင် သီတင်းပတ်က ၁ သိန်း ၃ သောင်းကျော်နဲ့ ယှဉ်ရင် သိသိသာသာ တိုးလာတာ ဖြစ်ကြောင်း၊ ဆေးရုံတက်ရသူနဲ့ အရေးပေါ် ကုသပေးရသူလည်း တိုးလာတာကြောင့် အလေးပေးဖို့ လိုအပ်နေပြီလို့လည်း ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အီတလီအစိုးရက ကြိုးစားလာတာနဲ့အတူ တနလာၤနေ့ကစလို့ နိုင်ငံတွင်း တားမြစ် ကန့်သတ်ချက်သစ်တွေ ချမှတ်ခဲ့ပါတယ်။ ရောမမြို့တော်နဲ့ ဘဏ္ဍာရေး အချက်အချာ မီလန် အပါအဝင် နိုင်ငံရဲ့ဒေသ ထက်ဝက်ကျော်မှာ ကျောင်းတွေ ၊ မဖြစ်မနေ ဖွင့်လှစ်စရာမလိုတဲ့ ဆိုင်တွေ ပိတ်ပင်တာမျိုး ကန့်သတ် တားမြစ်ချက်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG