သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ေထာက္ပံ့ေၾကး ေဒၚလာ ၁.၉  ထရီလီယံ ေပးမယ္႔ ဥပေဒ သမၼတ Biden လက္မွတ္ထိုးၿပီ


အေမရိကန္နိင္ငံသားေတြအတြက္ကိုရိုနာဗိုင္းရပ္စ္ကယ္ဆယ္ေရးစီမံခ်က္ကို သမၼတ ဘိုင္ဒန္ လက္မွတ္ေရးထိုးစဥ္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္ဒဏ္ခံစားေနရတဲ့ အေမရိကန္ႏိုင္ငံသားေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြ အတြက္ အေထာက္အပံ့အျဖစ္ ေဒၚလာ ၁.၉ ထရီလီယံ ကူညီကယ္ဆယ္ေရး ရံပံုေငြခ်ထားေပးဖို႔ ၾကာသပေတးေန႔မွာ သမၼတ ဂ်ိဳးဘိုင္ဒန္က လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။

အခုလို လက္မွတ္မေရးထိုးခင္က ဒီရံပံုေငြ ျပဌာန္းခ်က္ဟာ ႏိုင္ငံတည္ေဆာက္ေရးမွာပါဝင္ေနသူေတြ၊ အလုပ္သမားေတြ၊ အလယ္အလတ္တန္းစားေတြ၊ ႏိုင္ငံသားေတြ အတြက္ ႐ုန္းကန္ဖို႔အခြင့္အလမ္းတခု ေပးတာ ျဖစ္ၿပီး ႏိုင္ငံခိုင္မာေအာင္ တည္ေဆာက္ေရးအတြက္ သမိုင္းဝင္ျဖစ္ၾကာင္း သမၼတဘိုင္ဒန္က ေျပာၾကားခဲ့တာပါ။

ေအာက္လႊတ္ေတာ္မွာ ဒီရံပံုေငြ အတည္ျပဳေရးအတြက္ မဲခြဲရာမွာ ရီပတ္ဘလစ္ကင္ပါတီဝင္ေတြရဲ႕ ပံ့ပိုးမႈမရပဲ ကန္႔ကြက္မဲ ၂၁၁ မဲ၊ ေထာက္ခံမဲ ၂၂၀ နဲ႔ အတည္ျပဳႏိုင္ခဲ့တာ ျဖစ္ၿပီး အခု ရံပံုေငြဟာ ပမာဏသိပ္မ်ားေနသလို စီးပြါးေရးအေထာက္အကူ အလိုအပ္ဆံုးသူေတြအတြက္ လံုေလာက္မႈမရွိဘူးလို႔ ရီပတ္ဘလစ္ကင္ပါတီဝင္ေတြက ေျပာၿပီး ကန္႔ကြက္ၾကတာ ျဖစ္ပါတယ္။
ဒီဥပေဒျပဌာန္းခ်က္ထဲက တခ်ိဳ႕အခ်က္ေတြကို ေအာက္လႊတ္ေတာ္ကျပန္ျပင္ေပးခဲ့ၿပီး အထက္လႊတ္ေတာ္မွာ စေနေန႔က မဲအနည္းငယ္အသာနဲ႕ အတည္ျပဳေပးခဲ့တာပါ။ အဲဒီျပင္ဆင္ခ်က္ေတြ ထဲမွာ ဗဟိုအစိုးရရဲ႕ အနည္းဆံုးလစာ တိုးႁမွင့္ဖို႔ လုပ္ေဆာင္မႈကို ဖယ္ရွားခဲ့တာလည္း ပါပါတယ္။

အခု ျပဌာန္းခ်က္အသစ္အရ ဝင္ေငြမ်ားတဲ့ သူေတြမွအပ ႏိုင္ငံသားတေယာက္ကို ေဒၚလာ ၁၄၀၀ ခ်က္လက္မွတ္ေပးဖို႔ ကေလးေတြ အတြက္ အသက္အရြယ္အလိုက္ ေဒၚလာ ၃၀၀၀ ကေန ၃၆၀၀ ၾကား ေငြထုတ္ေပးဖို႔ ပါဝင္ပါတယ္။
အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြ အတြက္လည္း အစိုးရက သီတင္းတပတ္ကို ေဒၚလာ ၃၀၀ ေထာက္ပံ့ေငြ ဆက္ေပးမွာျဖစ္သလို ျပည္နယ္နဲ႔ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဒဏ္ကေန ျပန္နလံထူေရး အတြက္ ေဒၚလာ ဘီလီယံ ၃၅၀ ရရွိၾကမွာပါ။

ဒီရံပံုေငြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ဖို႔၊ ေရာဂါရွိသူနဲ႔ ထိေတြမႈဆိုင္ရာ ေနာက္ေယာက္ခံလိုက္တာ အျပင္ ၿပီးခဲ့တဲ့ႏွစ္ထဲ စီးပြါးေရးလုပ္ငန္း ထိခိုက္မႈ ရွိသူေတြကို ေထာက္ပံ့ကူညီဖို႔ပါ ပါဝင္ပါတယ္။

................................................

ကိုဗစ်ကာလ ထောက်ပံ့ကြေး ဒေါ်လာ ၁.၉ ထရီလီယံ ပေးမယ့် ဥပဒေ သမ္မတ Biden လက်မှတ်ထိုးပြီ

(Unicode)

ကိုရိုနာဗိုင်းရပ်ဒဏ်ခံစားနေရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် အထောက်အပံ့အဖြစ် ဒေါ်လာ ၁.၉ ထရီလီယံ ကူညီကယ်ဆယ်ရေး ရံပုံငွေချထားပေးဖို့ ကြာသပတေးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အခုလို လက်မှတ်မရေးထိုးခင်က ဒီရံပုံငွေ ပြဌာန်းချက်ဟာ နိုင်ငံတည်ဆောက်ရေးမှာပါဝင်နေသူတွေ၊ အလုပ်သမားတွေ၊ အလယ်အလတ်တန်းစားတွေ၊ နိုင်ငံသားတွေ အတွက် ရုန်းကန်ဖို့အခွင့်အလမ်းတခု ပေးတာ ဖြစ်ပြီး နိုင်ငံခိုင်မာအောင် တည်ဆောက်ရေးအတွက် သမိုင်းဝင်ဖြစ်ကြာင်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာပါ။

အောက်လွှတ်တော်မှာ ဒီရံပုံငွေ အတည်ပြုရေးအတွက် မဲခွဲရာမှာ ရီပတ်ဘလစ်ကင်ပါတီဝင်တွေရဲ့ ပံ့ပိုးမှုမရပဲ ကန့်ကွက်မဲ ၂၁၁ မဲ၊ ထောက်ခံမဲ ၂၂၀ နဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပြီး အခု ရံပုံငွေဟာ ပမာဏသိပ်များနေသလို စီးပွါးရေးအထောက်အကူ အလိုအပ်ဆုံးသူတွေအတွက် လုံလောက်မှုမရှိဘူးလို့ ရီပတ်ဘလစ်ကင်ပါတီဝင်တွေက ပြောပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။
ဒီဥပဒေပြဌာန်းချက်ထဲက တချို့အချက်တွေကို အောက်လွှတ်တော်ကပြန်ပြင်ပေးခဲ့ပြီး အထက်လွှတ်တော်မှာ စနေနေ့က မဲအနည်းငယ်အသာနဲ့ အတည်ပြုပေးခဲ့တာပါ။ အဲဒီပြင်ဆင်ချက်တွေ ထဲမှာ ဗဟိုအစိုးရရဲ့ အနည်းဆုံးလစာ တိုးမြှင့်ဖို့ လုပ်ဆောင်မှုကို ဖယ်ရှားခဲ့တာလည်း ပါပါတယ်။

အခု ပြဌာန်းချက်အသစ်အရ ဝင်ငွေများတဲ့ သူတွေမှအပ နိုင်ငံသားတယောက်ကို ဒေါ်လာ ၁၄၀၀ ချက်လက်မှတ်ပေးဖို့ ကလေးတွေ အတွက် အသက်အရွယ်အလိုက် ဒေါ်လာ ၃၀၀၀ ကနေ ၃၆၀၀ ကြား ငွေထုတ်ပေးဖို့ ပါဝင်ပါတယ်။
အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေ အတွက်လည်း အစိုးရက သီတင်းတပတ်ကို ဒေါ်လာ ၃၀၀ ထောက်ပံ့ငွေ ဆက်ပေးမှာဖြစ်သလို ပြည်နယ်နဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့တွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကနေ ပြန်နလံထူရေး အတွက် ဒေါ်လာ ဘီလီယံ ၃၅၀ ရရှိကြမှာပါ။

ဒီရံပုံငွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့၊ ရောဂါရှိသူနဲ့ ထိတွေမှုဆိုင်ရာ နောက်ယောက်ခံလိုက်တာ အပြင် ပြီးခဲ့တဲ့နှစ်ထဲ စီးပွါးရေးလုပ်ငန်း ထိခိုက်မှု ရှိသူတွေကို ထောက်ပံ့ကူညီဖို့ပါ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG