(Zawgyi/Unicode)
ျမန္မာႏိုင္ငံကေန ခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းသူေတြကို ထိုင္းႏိုင္ငံက ျပန္ေမာင္းမထုတ္ဖို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႕တခုျဖစ္တဲ့ HRW က တိုက္တြန္းလိုက္ပါတယ္။ ခိုလႈံခြင့္ေပးသင့္တဲ့လူေတြ ဟုတ္မဟုတ္ ဆိုတာကို ဆုံးျဖတ္ႏိုင္ေအာင္ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) ကို အျပည့္အ၀ လုပ္ကိုင္ခြင့္ျပဳဖို႔လည္း ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ တိုက္တြန္းထားပါတယ္။
ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္ေဒသမွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက ျမန္မာႏိုင္ငံ တာခ်ီလိတ္ နယ္စပ္ကို ျဖတ္ေက်ာ္လာတဲ့ သံဃာ ၂ ပါး၊ အမ်ဳိးသမီး ၄ ဦးနဲ႔ အမ်ဳိးသား ၂ ဦး၊ စုစုေပါင္း ျမန္မာႏိုင္ငံသား ၈ ဦးကို ေဒသခံထိုင္းစစ္တပ္က စစ္ေဆးေတြ႕ရွိခဲ့ၿပီး ျပန္ေမာင္းထုတ္ခဲ့ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကို အၾကမ္းဖက္ၿဖိဳခဲြခံေနရတာေၾကာင့္ ထြက္ေျပးလာရသူေတြ ဟုတ္၊ မဟုတ္ဆိုတာကို ထိုင္းအာဏာပိုင္ေတြ စစ္ေဆးတာမရွိပဲ ျပန္လႊတ္ခဲ့တာလို႔လည္း ေဒသခံသတင္းေတြကို ကိုးကားေဖာ္ျပခဲ့တာပါ။
ျမန္မာႏိုင္ငံက ထြက္ေျပးလာသူေတြကို ေမာင္းမထုတ္ဖို႔လည္း HRW အဖဲြ႕ရဲ႕ ဒုကၡသည္နဲ႔ ေရႊ႕ေျပာင္းအေျခခ်သူေတြ အခြင့္အေရးဆိုင္ရာ ဒါ႐ိုက္တာ Bill Frelick က ထိုင္းအာဏာပိုင္ေတြကို တိုက္တြန္းထားပါတယ္။ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ သတိေပးေနခ်ိန္မွာပဲ နယ္စပ္ေဒသအေျခအေနကို ထိုင္းအာဏာပိုင္ေတြ ကိုယ္တိုင္လာေရာက္ အကဲခတ္ေနတာေတြ ရွိတယ္လို႔လည္း ေဒသခံထိုင္းသတင္းေထာက္တေယာက္က ဗြီအိုေအကို ေျပာပါတယ္။
“အမိန္႔ကေတာ့ ထြက္မလာေသးဘူး။ ဒါေပမဲ့ အစီအစဥ္လုပ္ထားတာေပါ့။ တိုက္ပဲြေတြျဖစ္လာရင္ လူေတြထြက္ေျပးလာႏိုင္တယ္။ ျပသနာျဖစ္တာမ်ိဳး၈၈တုန္းကလို့ထြက္ေျပးလာတာ မ်ိဳးျဖစ္လာမလား သူတို့မသိဘူးေပါ့။လူေတြလာမွာကို တြက္ထားျပီး ဘယ္လိုျပင္ဆင္လို ့ရမလဲ တြက္ထားတာေပါ့။”
ထိုင္းစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Narongpan Jittkaewtae ဟာဆိုရင္လည္း တနလၤာေန႔ကပဲ နယ္စပ္ေဒသကို ရဟတ္ယာဥ္နဲ႔ ေရာက္ရွိလာၿပီး အေျခအေနကို ၾကည့္႐ႈစစ္ေဆးခဲ့သလို၊ ျမန္မာႏိုင္ငံကေန တိမ္းေရွာင္လာၾကသူေတြ ေရာက္ရွိလာႏိုင္တဲ့ အေျခအေနကို ေဆြးေႏြးခဲ့တယ္လို႔လည္း ေဒသခံသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။
...............
ခိုလှုံလာတဲ့ မြန်မာတွေကိုလက်ခံဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း
(Unicode)
မြန်မာနိုင်ငံကနေ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေကို ထိုင်းနိုင်ငံက ပြန်မောင်းမထုတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။ ခိုလှုံခွင့်ပေးသင့်တဲ့လူတွေ ဟုတ်မဟုတ် ဆိုတာကို ဆုံးဖြတ်နိုင်အောင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကို အပြည့်အ၀ လုပ်ကိုင်ခွင့်ပြုဖို့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မြန်မာနိုင်ငံ တာချီလိတ် နယ်စပ်ကို ဖြတ်ကျော်လာတဲ့ သံဃာ ၂ ပါး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၈ ဦးကို ဒေသခံထိုင်းစစ်တပ်က စစ်ဆေးတွေ့ရှိခဲ့ပြီး ပြန်မောင်းထုတ်ခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွဲခံနေရတာကြောင့် ထွက်ပြေးလာရသူတွေ ဟုတ်၊ မဟုတ်ဆိုတာကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးတာမရှိပဲ ပြန်လွှတ်ခဲ့တာလို့လည်း ဒေသခံသတင်းတွေကို ကိုးကားဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို မောင်းမထုတ်ဖို့လည်း HRW အဖွဲ့ရဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူတွေ အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Bill Frelick က ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ သတိပေးနေချိန်မှာပဲ နယ်စပ်ဒေသအခြေအနေကို ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင်လာရောက် အကဲခတ်နေတာတွေ ရှိတယ်လို့လည်း ဒေသခံထိုင်းသတင်းထောက်တယောက်က ဗွီအိုအေကို ပြောပါတယ်။
“အမိန့်ကတော့ ထွက်မလာသေးဘူး။ ဒါပေမဲ့ အစီအစဉ်လုပ်ထားတာပေါ့။ တိုက်ပွဲတွေဖြစ်လာရင် လူတွေထွက်ပြေးလာနိုင်တယ်။ ပြသနာဖြစ်တာမျိုး၈၈တုန်းကလို့ထွက်ပြေးလာတာ မျိုးဖြစ်လာမလား သူတို့မသိဘူးပေါ့။လူတွေလာမှာကို တွက်ထားပြီး ဘယ်လိုပြင်ဆင်လို့ရမလဲ တွက်ထားတာပေါ့။”
ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Narongpan Jittkaewtae ဟာဆိုရင်လည်း တနင်္လာနေ့ကပဲ နယ်စပ်ဒေသကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာပြီး အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သလို၊ မြန်မာနိုင်ငံကနေ တိမ်းရှောင်လာကြသူတွေ ရောက်ရှိလာနိုင်တဲ့ အခြေအနေကို ဆွေးနွေးခဲ့တယ်လို့လည်း ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။