[Zawgyi/Unicode]
ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရး မတည္ျငိမ္မႈေတြ ျဖစ္လာတာေၾကာင့္ နယ္စပ္ေတြမွာ တိုက္ပဲြေတြျဖစ္လာရင္ အေရးေပၚ အကူညီေပးႏိုင္ဖို႔ ေနရာေတြကို ထိုင္းဘက္က စီစဥ္ေနတဲ့အေၾကာင္းကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးထားပါတယ္။
ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရး မတည္ျငိမ္မႈေတြ ျဖစ္လာတာေၾကာင့္ ပဋိပကၡေတြျဖစ္လာႏိုင္တဲ့အတြက္ ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္နဲ႔ ကမ္ခ်ဘူရီ ျပည္နယ္ေတြမွာေတာ့ အေရးေပၚ အကူညီေပးတဲ့ေနရာေတြ ျပင္ဆင္ေနတာျဖစ္ေၾကာင္း နယ္စပ္ အာဏာပိုင္ေတြရဲ ့ ထတ္ေဖၚေျပာဆိုခ်က္ေတြကို ကိုးကားျပီး ထိုင္းနိုင္ငံသတင္းေတြမွာ ေဖၚျပေနတာပါ။
တာ့ခ္ျပည္နယ္ကုိ ဒီရက္ထဲ ထုိင္းစစ္ဦးစီးခ်ဳပ္ Gen. Narong Phan Jitkaewtha လာေရာက္ျပီး ထြက္ေျပးခိုလံႈလာသူေတြအတြက္ တာ့ခ္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ ေနရာျပင္ဆင္ေနတယ္လို႔ ထုိင္းသတင္းေထာက္တဦးက အခုလိုေျပာျပပါတယ္။
"ဖြတ္ဖရ ရွိတယ္၊ မယ္လမ ရွိတယ္၊ မဲေဆာက္၊ တန္ေဆာင္ရမ္း စတဲ့ ျမိဳ႕နယ္ရိွတယ္။ အင္တာဗ်ဴးေတာ့မေပးဘူ။း အမိန္႔ကေတာ့ မထြက္လာေသးဘူး။ ဒါေပမဲ့ အစီအစဥ္လုပ္ထားတာေပါ့။ တိုက္ပဲြေတြျဖစ္လာရင္ လူေတြထြက္ေျပးလာႏိုင္တယ္။ ျပႆနာျဖစ္တာမ်ိဳး၈၈တုန္းကလို႔ ထြက္ေျပးလာတာမ်ိဳး ျဖစ္လာမလား၊ သူတို႔ မသိဘူးေပါ့။ လူေတြလာမွာကို တြက္ထားျပီး ဘယ္လိုျပင္ဆင္လို႔ရမလဲ တြက္ထားတာေပါ့။"
မတ္လ ၈ ရက္ေန႔က ထိုင္း စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ Narong Phan Jitkaewtha ဟာ နယ္စပ္အေျခအေနကုိ ၾကည့္ဖို႔ရဟတ္ယာဥ္နဲ ့ တာခ့္ျပည္နယ္၊ ထေဆာင္ရမ္းကို လာေရာက္ခဲ့တာပါ။ ဒီလိုလာတဲ့အခ်ိန္မွာ နယ္ေျမေတြကို စစ္ေဆးသြားခဲ့ျပီး အမွတ္ ၃ စစ္ေဒသ တပ္မွဴးအပါအ၀င္ တာ့ခ္ျပည္နယ္အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြနဲ႔ ေတြ႔ဆုံခဲ့ျပီး နယ္စပ္မွာျဖစ္ပြားေနတဲ့ ေတာမီးေလာင္မႈ မူးယစ္ထိမ္းခ်ဳပ္ေရးအျပင္ နယ္စပ္ကို စစ္ေဘးစစ္ဒဏ္ေတြေႀကာင့္ထြက္ေျပးလာၾကတဲ့ ျမန္မာနိုင္ငံသားေတြကို လက္ခံႏိုင္ေရးအစီစဥ္ေတြကို ႀကိဳတင္တိုင္ပင္ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။
လက္ရွိအေျခအေနမွာ ထိုင္းျမန္မာနယ္စပ္ ျမ၀တီ -ဘုရားသံုးဆူနဲ ့တာခ်ီလိတ္ ေဒသေတြမွာ အာဏာသိမ္းစစ္တပ္ကို ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ပိုပို က်ယ္ျပန့္လာေနတာပါ။ ဒီအျခအေနမ်ိဳးမွာ တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြနဲ ့ ျမန္မာစစ္တပ္အၾကား တင္းမာမႈေတြျဖစ္ပြားျပီး တိုက္ပြဲေတြျဖစ္လာဖို႔ အေျခအေနရွိလာေနတာေၾကာင့္ ျမန္မာနိုင္ငံသားေတြ ေထာင္နဲ႔ခ်ီ ထိုင္းနိုင္ငံဘက္ကို ထြက္ေျပးလာမယ့္အေရး ၾကိဳတင္ျပင္ဆင္တဲ့အေနနဲ ့တပ္ျပည္နယ္၊ ထေဆာင္ရမ္ ၊ ဖြတ္ဖျမိဳ႕နယ္ စတဲ့ေနရာေတြမွာ အေရးေပၚလက္ခံေရးစခန္း ၇ ေနရာ ကန္ခ်နဘူရီျပည္နယ္မွာ ႏွစ္ေနရာ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။ စီစဥ္ေပးတဲ့ေနရာေတြကေတာ့ စာသင္ေက်ာင္းေတြ၊ ေဘာလံုးကြင္းေတြ၊ ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ အေရးေပၚလက္ခံထားေပးမွာျဖစ္ပါတယ္။
ထိုင္းအာဏာပိုင္ေတြကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာနိုင္ငံတြင္းမွာ စစ္အုပ္ခ်ဳပ္ေကာင္စီက အရပ္သားေတြနဲ႔ ႏိုင္ငံေရးသမားေတြကို ပစ္ခတ္သတ္ျဖတ္မႈ၊ ဖမ္းဆီးမႈေတြကို တရား၀င္မွတ္ခ်က္ေပးတာမ်ိဳး ထုတ္ေဖၚေျပာဆိုတာမ်ိဳး မေတြ႔ရဘဲ လူသားခ်င္း စာနာမႈအရ လက္ခံၾကိဳဆိုေရးစခန္းေတြ ျပင္ျပီး ကူညီသြားမယ္လို႔သာ နယ္စပ္ေဒသ အာဏာပိုင္ေတြကို ညႊန္ၾကားေနတာေတြ႔ရပါတယ္။
ထိုင္းျမန္မာနယ္စပ္မွာေတာ့ ကရင္နယ္ျခားေစာင့္တပ္ေတြကလည္း ျမန္မာႏိုင္ငံက ထြက္ေျပးလာသူေတြကို စစ္တပ္နဲ႔အတူ ဖမ္းဆီးေပးေနတယ္ဆုိတဲ့သတင္းေတြလည္း လူမႈကြန္ယက္ေတြမွာ ထြက္ေပၚေနပါတယ္။
[Unicode Version]
မြန်မာနိုင်ငံကနေ ထွက်ပြေးသူတွေ ရှိလာနိုင်တဲ့ အလားအလာ ထိုင်းအာဏာပိုင်တွေပြင်ဆင်
မြန်မာနိုင်ငံမှာနိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာတာကြောင့် နယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်လာရင် အရေးပေါ် အကူညီပေးနိုင်ဖို့ နေရာတွေကို ထိုင်းဘက်က စီစဉ်နေတဲ့အကြောင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာတာကြောင့် ပဋိပက္ခတွေဖြစ်လာနိုင်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်နဲ့ ကမ်ချဘူရီ ပြည်နယ်တွေမှာတော့ အရေးပေါ် အကူညီပေးတဲ့နေရာတွေ ပြင်ဆင်နေတာဖြစ်ကြောင်း နယ်စပ် အာဏာပိုင်တွေရဲ့ ထတ်ဖေါ်ပြောဆိုချက်တွေကို ကိုးကားပြီး ထိုင်းနိုင်ငံသတင်းတွေမှာ ဖေါ်ပြနေတာပါ။
တာ့ခ်ပြည်နယ်ကို ဒီရက်ထဲ ထိုင်းစစ်ဦးစီးချုပ် Gen. Narong Phan Jitkaewtha လာရောက်ပြီး ထွက်ပြေးခိုလှုံလာသူတွေအတွက် တာ့ခ်ပြည်နယ်က မြို့နယ်တချို့မှာ နေရာပြင်ဆင်နေတယ်လို့ ထိုင်းသတင်းထောက်တဦးက အခုလိုပြောပြပါတယ်။
"ဖွတ်ဖရ ရှိတယ်၊ မယ်လမ ရှိတယ်၊ မဲဆောက်၊ တန်ဆောင်ရမ်း စတဲ့ မြို့နယ်ရှိတယ်။ အင်တာဗျူးတော့မပေးဘူ။း အမိန့်ကတော့ မထွက်လာသေးဘူး။ ဒါပေမဲ့ အစီအစဉ်လုပ်ထားတာပေါ့။ တိုက်ပွဲတွေဖြစ်လာရင် လူတွေထွက်ပြေးလာနိုင်တယ်။ ပြဿနာဖြစ်တာမျိုး၈၈တုန်းကလို့ ထွက်ပြေးလာတာမျိုး ဖြစ်လာမလား၊ သူတို့ မသိဘူးပေါ့။ လူတွေလာမှာကို တွက်ထားပြီး ဘယ်လိုပြင်ဆင်လို့ရမလဲ တွက်ထားတာပေါ့။"
မတ်လ ၈ ရက်နေ့က ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် Narong Phan Jitkaewtha ဟာ နယ်စပ်အခြေအနေကို ကြည့်ဖို့ရဟတ်ယာဉ်နဲ့ တာခ့်ပြည်နယ်၊ ထဆောင်ရမ်းကို လာရောက်ခဲ့တာပါ။ ဒီလိုလာတဲ့အချိန်မှာ နယ်မြေတွေကို စစ်ဆေးသွားခဲ့ပြီး အမှတ် ၃ စစ်ဒေသ တပ်မှူးအပါအဝင် တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်မှာဖြစ်ပွားနေတဲ့ တောမီးလောင်မှု မူးယစ်ထိမ်းချုပ်ရေးအပြင် နယ်စပ်ကို စစ်ဘေးစစ်ဒဏ်တွေကြောင့်ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံနိုင်ရေးအစီစဉ်တွေကို ကြိုတင်တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ထိုင်းမြန်မာနယ်စပ် မြဝတီ -ဘုရားသုံးဆူနဲ့တာချီလိတ် ဒေသတွေမှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပိုပို ကျယ်ပြန့်လာနေတာပါ။ ဒီအခြအနေမျိုးမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ်အကြား တင်းမာမှုတွေဖြစ်ပွားပြီး တိုက်ပွဲတွေဖြစ်လာဖို့ အခြေအနေရှိလာနေတာကြောင့် မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာမယ့်အရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့တပ်ပြည်နယ်၊ ထဆောင်ရမ် ၊ ဖွတ်ဖမြို့နယ် စတဲ့နေရာတွေမှာ အရေးပေါ်လက်ခံရေးစခန်း ၇ နေရာ ကန်ချနဘူရီပြည်နယ်မှာ နှစ်နေရာ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ စီစဉ်ပေးတဲ့နေရာတွေကတော့ စာသင်ကျောင်းတွေ၊ ဘောလုံးကွင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ အရေးပေါ်လက်ခံထားပေးမှာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ စစ်အုပ်ချုပ်ကောင်စီက အရပ်သားတွေနဲ့ နိုင်ငံရေးသမားတွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေကို တရားဝင်မှတ်ချက်ပေးတာမျိုး ထုတ်ဖေါ်ပြောဆိုတာမျိုး မတွေ့ရဘဲ လူသားချင်း စာနာမှုအရ လက်ခံကြိုဆိုရေးစခန်းတွေ ပြင်ပြီး ကူညီသွားမယ်လို့သာ နယ်စပ်ဒေသ အာဏာပိုင်တွေကို ညွှန်ကြားနေတာတွေ့ရပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာတော့ ကရင်နယ်ခြားစောင့်တပ်တွေကလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို စစ်တပ်နဲ့အတူ ဖမ်းဆီးပေးနေတယ်ဆိုတဲ့သတင်းတွေလည်း လူမှုကွန်ယက်တွေမှာ ထွက်ပေါ်နေပါတယ်။