သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ မလႊကုန္း မီးရထား၀င္းကုိ အင္အားအလုံးအရင္းနဲ႔ ၀င္ေရာက္ စီးနင္း


မတ္လ ၁၀ ရက္ေန႔က မလႊကုန္း မီးရထား၀င္းကုိ ရဲနဲ႔ စစ္တပ္ အင္အားအလုံးအရင္းနဲ႔ ၀င္ေရာက္ စီးႏွင္းေနပံု (ဓါတ္ပံု Credit- မီရထား၀န္ထမ္းတဦး)

(Zawgyi/Unicode)

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္က မလႊကုန္းမီးရထားဝင္းကို ရဲနဲ႔ စစ္တပ္က ဝင္ေရာက္ စီးနင္းပိတ္ဆို႔ထားပါတယ္။

ဒီေန႔မနက္ပိုင္း ၅ နာရီခြဲ ဝန္းက်င္ေလာက္မွာ အင္အား အလုံးအရင္း၊ ခန္႔မွန္းအင္အား ၁၅၀၀ ဝန္းက်င္ေလာက္နဲ႔ ေရာက္လာၿပီး အတားအဆီးေတြကို ဖ်က္ဆီးၿပီး ဝင္လာၾကၿပီး ထြက္ေပါက္ေတြ အားလုံးကို ပိတ္ဆို႔ထားတယ္လို႔ အဲ့ဒီမီးရထားဝင္းထဲက ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

လုံၿခဳံေရး အင္အား အမ်ားစုနဲ႔ မလႊကုန္း စက္ေခါင္းစပ္႐ုံဘက္ကို တက္သြားတာေတြ႕တယ္လို႔လည္း မီးရထား ဝန္ထမ္းေတြက ဆိုပါတယ္။

ဒါ့အျပင္ လက္နက္ကုိင္တပ္ဖြဲ႔၀င္ေတြ အလုံးအရင္းနဲ႔ ၀င္လာေနတဲ့ပုံေတြကုိလည္း အဲဒီမွာရွိေနတဲ့ ၀န္ထမ္းတခ်ဳိ႕က လူမႈကြန္ယက္ကေနလည္း တုိက္ရုိက္ ထုတ္လႊင့္ ျပသေနၾကပါတယ္။

မီးရထားဝန္ထမ္းေတြက ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ကစၿပီး CDM မွာ ပါဝင္ေနၾကတာပါ။ ဒီလို CDM မွာ ပါဝင္တဲ့အတြက္ ၿခိမ္းေျခာက္ခံရတာအျပင္ လုိက္လံ ဖမ္းဆီးေနတာေတြ ရွိေနတာေၾကာင့္ ၀န္ထမ္းတခ်ဳိ႕ဟာ ေဘးကင္းရာမွာ တိမ္းေရွာင္ေနၾကရပါတယ္။

............

ရန်ကုန် မလွှကုန်း မီးရထားဝင်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်း
(Unicode)

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က မလွှကုန်းမီးရထားဝင်းကို ရဲနဲ့ စစ်တပ်က ဝင်ရောက် စီးနင်းပိတ်ဆို့ထားပါတယ်။

ဒီနေ့မနက်ပိုင်း ၅ နာရီခွဲ ဝန်းကျင်လောက်မှာ အင်အား အလုံးအရင်း၊ ခန့်မှန်းအင်အား ၁၅၀၀ ဝန်းကျင်လောက်နဲ့ ရောက်လာပြီး အတားအဆီးတွေကို ဖျက်ဆီးပြီး ဝင်လာကြပြီး ထွက်ပေါက်တွေ အားလုံးကို ပိတ်ဆို့ထားတယ်လို့ အဲ့ဒီမီးရထားဝင်းထဲက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လုံခြုံရေး အင်အား အများစုနဲ့ မလွှကုန်း စက်ခေါင်းစပ်ရုံဘက်ကို တက်သွားတာတွေ့တယ်လို့လည်း မီးရထား ဝန်ထမ်းတွေက ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ ဝင်လာနေတဲ့ပုံတွေကိုလည်း အဲဒီမှာရှိနေတဲ့ ဝန်ထမ်းတချို့က လူမှုကွန်ယက်ကနေလည်း တိုက်ရိုက် ထုတ်လွှင့် ပြသနေကြပါတယ်။

မီးရထားဝန်ထမ်းတွေက ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး CDM မှာ ပါဝင်နေကြတာပါ။ ဒီလို CDM မှာ ပါဝင်တဲ့အတွက် ခြိမ်းခြောက်ခံရတာအပြင် လိုက်လံ ဖမ်းဆီးနေတာတွေ ရှိနေတာကြောင့် ဝန်ထမ်းတချို့ဟာ ဘေးကင်းရာမှာ တိမ်းရှောင်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG