သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေမာ္လၿမိဳင္ရထား လူထုဆႏၵျပတားဆီး


ေမာ္လၿမိဳင္-ရန္ကုန္ ထြက္ခြာမယ့္ မီးရထားကို စစ္အာဏာသိမ္း ဆန႔္က်င္သူေတြ ဝိုင္းဝန္း ပိတ္ဆို႔တားဆီးတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - ျမင့္စိုး)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ ႏုိင္ငံအႏွံ႔ ေပၚေပါက္ခ်ိန္ကစလုိ႔ ရပ္ဆုိင္းထားရတဲ့ ရထားေတြ ျပန္လည္ေျပးဆဲြဖုိ႔ အာဏာပုိင္ေတြ ႀကိဳးပမ္းေနခ်ိန္မွာပဲ ဆန္႔က်င္လႈပ္ရွားမႈေတြလည္း ဆက္လက္ ထြက္ေပၚေနပါတယ္။ ဒီကေန႔မွာ ဆုိရင္လည္း ရန္ကုန္ၿမိဳ႕မွာ မီးရထား၀န္ထမ္းေတြ ကန္႔ကြက္ဆႏၵျပခဲ့ၾကသလုိ၊ ေမာ္လၿမိဳင္ကေနထြက္မယ့္ ရထားကုိလည္း ဆႏၵျပလူထုက တားဆီးခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မအဂၢႏြန္က တင္ျပေပးပါမယ္။

လုပ္ငန္းခြင္မ၀င္ဘဲ ကန္႔ကြက္ဆႏၵျပတဲ့ လႈပ္ရွားမႈေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ ရပ္ဆုိင္းထားရတဲ့ ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕ပတ္ရထားေတြ ျပန္လည္ ေျပးဆဲြႏုိင္ေအာင္ အာဏာပုိင္ေတြ ျပင္ဆင္ေနခ်ိန္မွာပဲ ၀န္ထမ္းေတြ ကန္႔ကြက္ဆႏၵျပခဲ့ၾကတာပါ။ အင္းစိန္ၿမိဳ႕နယ္မွာ ဆုိရင္လည္း မီးရထား ဝန္ထမ္းေတြ ရထားသံလမ္းေပၚမွာ လဲွအိပ္ၿပီး ဆႏၵျပခဲ့ၾကတာပါ။ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈမွာ ပါ၀င္ေနတဲ့ ၀န္ထမ္းေတြကုိ ဖိအားေပးခံခဲ့ရၿပီးေနာက္ အခုလုိလႈပ္ရွားခဲ့ၾကတာလုိ႔လည္း ၀န္ထမ္းအသုိင္းအ၀န္းနဲ႔ နီးစပ္သူ တေယာက္ကေျပာပါတယ္။

“ရန္ကုန္မွာဆိုလို႔ရွိရင္ ၿမိဳ႕ပတ္ရထားေတြကို သူတို႔က ျပန္ၿပီးေတာ့ ဆြဲဖို႔လုပ္တယ္ေပ့ါေနာ္၊ ဘယ္ႏွစ္စီးလဲဆိုေတာ့ ႏွစ္စီးလို႔ေျပာပါတယ္။ ႏွစ္စီးလို႔ေျပာတဲ့ အခါ ဘယ္သူေတြက အဲ့ဒီရထားေတြကို လုပ္လည္းဆိုေတာ့ သူတို႔အရာရွိတခ်ဳိ႕ကေပါ့ေနာ္... အရာရွိတခ်ဳိ႕က ဘယ္လိုေျပာမလဲ... CDM ထဲမွာ မပါဘူး။ ရွင္းရွင္းေျပာရရင္ သူတို႔က ျပန္ၿပီးေတာ့ ျပန္ၿပီးေတာ့ လည္ပတ္ႏိုင္တဲ့ ပံုစံမ်ဳိးရေအာင္ ႀကိဳးစားၾကတဲ့သေဘာပါ။”

ဒီကေန႔မွာပဲ ေမာ္လၿမိဳင္ၿမိဳ႕ေန ရန္ကုန္ကုိ ထြက္ခြာမယ့္ ရထားကုိလည္း ဆႏၵျပလူထုက တားဆီးခဲ့ၾကပါတယ္။ ဒီေန႔အေစာပုိင္း ထြက္ခြာမယ့္ ရထားကုိ ၀န္ထမ္းေတြနဲ႔ ေထာင္ခ်ီတဲ့ ဆႏၵျပလူထုက တားဆီးခဲ့ၾကတာလုိ႔လည္း ကုိယ္တုိင္ေတြ႔ခဲ့တဲ့ ေမာ္လၿမိဳင္ၿမိဳ႕ခံ ေဒၚဖူးႏွင္းက ေျပာပါတယ္။

“ျပည္သူလူထုက သြားဝန္းရံတာ၊ အဲ့ဒီေနရာကို။ ရထားထြက္လာၿပီဆိုတာသိလို အဲ့ဒီအနားမွာ ရွိတဲ့ ရပ္ကြက္က ျပည္သူေတြ အရင္ဆံုးတက္တယ္လို႔ေျပာတယ္။ အဲ့ဒီေဘာင္ေပၚတက္ၿပီးေတာ့ ပိတ္ဆို႔ထားတယ္လို႔ ေျပာတယ္။ အဲ့ဒီေတာ့မွာ ဆႏၵျပေနတဲ့ သူေတြက အဲ့ဒီကိုသြားၿပီး ပူးေပါင္းၾကတာ တစ္ဖြဲ႕ၿပီး တစ္ဖြဲ႔ ဆိုင္ကယ္ေတြ၊ ကားေတြနဲ႔ လိုက္သြားၾကတာ။”

ခရီးသည္ မပါဘဲ ထြက္ခြာမယ့္ ရထားဟာ ဆႏၵျပလူထုရဲ႕ တားဆီးမႈေၾကာင့္ ျပန္လည္ဆုတ္ခြာသြားတယ္လုိ႔လည္း ေျပာပါတယ္။ ေနာက္ပုိင္းမွာေတာ့ ရထားကုိ ပိတ္ဆုိ႔တားဆီး ဆႏၵျပခဲ့ၾကတာ့ ေမာ္လၿမိဳင္ရထားဘူတာ႐ုံမွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြ အင္အားတုိးျမွင့္လုိက္ေၾကာင္းလည္း ေဒသခံေတြက ဗြီအုိေအကုိ ေျပာပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ပထမဆုံးအႀကိမ္ ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာေတာ့ ဆႏၵျပလႈပ္ရွားမႈေတြ ေပၚေပါက္ခ်ိန္ကစလုိ႔ ရပ္ဆုိင္းေနတဲ့ ရထားပုိ႔ေဆာင္ေရး လုပ္ငန္းေတြအတြက္ စစ္တပ္က တာ၀န္ယူႏုိင္စြမ္း ရွိေၾကာင္း ေျပာခြင့္ရပုဂၢိဳလ္ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိခဲ့ပါတယ္။

ဆႏၵျပလႈပ္ရွားမႈေတြကုိ ဦးေဆာင္သူေတြကေတာ့ အစုိးရယႏၱရားေတြကုိ ဆက္လက္ ရပ္ဆုိင္းထားႏုိင္ဖုိ႔ အလုပ္မဆင္းဘဲ ဆက္လက္ ဆႏၵျပဖုိ႔လည္း တုိက္တြန္းထားၾကပါတယ္။

ေမာ္လၿမိဳင္ရထား လူထုဆႏၵျပတားဆီး
please wait

No media source currently available

0:00 0:02:18 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မော်လမြိုင်ရထား လူထုဆန္ဒပြတားဆီး

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ချိန်ကစလို့ ရပ်ဆိုင်းထားရတဲ့ ရထားတွေ ပြန်လည်ပြေးဆွဲဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေချိန်မှာပဲ ဆန့်ကျင်လှုပ်ရှားမှုတွေလည်း ဆက်လက် ထွက်ပေါ်နေပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း ရန်ကုန်မြို့မှာ မီးရထားဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို၊ မော်လမြိုင်ကနေထွက်မယ့် ရထားကိုလည်း ဆန္ဒပြလူထုက တားဆီးခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က တင်ပြပေးပါမယ်။

လုပ်ငန်းခွင်မဝင်ဘဲ ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ရပ်ဆိုင်းထားရတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့ပတ်ရထားတွေ ပြန်လည် ပြေးဆွဲနိုင်အောင် အာဏာပိုင်တွေ ပြင်ဆင်နေချိန်မှာပဲ ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ အင်းစိန်မြို့နယ်မှာ ဆိုရင်လည်း မီးရထား ဝန်ထမ်းတွေ ရထားသံလမ်းပေါ်မှာ လဲှအိပ်ပြီး ဆန္ဒပြခဲ့ကြတာပါ။ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို ဖိအားပေးခံခဲ့ရပြီးနောက် အခုလိုလှုပ်ရှားခဲ့ကြတာလို့လည်း ဝန်ထမ်းအသိုင်းအဝန်းနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။

“ရန်ကုန်မှာဆိုလို့ရှိရင် မြို့ပတ်ရထားတွေကို သူတို့က ပြန်ပြီးတော့ ဆွဲဖို့လုပ်တယ်ပေ့ါနော်၊ ဘယ်နှစ်စီးလဲဆိုတော့ နှစ်စီးလို့ပြောပါတယ်။ နှစ်စီးလို့ပြောတဲ့ အခါ ဘယ်သူတွေက အဲ့ဒီရထားတွေကို လုပ်လည်းဆိုတော့ သူတို့အရာရှိတချို့ကပေါ့နော်... အရာရှိတချို့က ဘယ်လိုပြောမလဲ... CDM ထဲမှာ မပါဘူး။ ရှင်းရှင်းပြောရရင် သူတို့က ပြန်ပြီးတော့ ပြန်ပြီးတော့ လည်ပတ်နိုင်တဲ့ ပုံစံမျိုးရအောင် ကြိုးစားကြတဲ့သဘောပါ။”

ဒီကနေ့မှာပဲ မော်လမြိုင်မြို့နေ ရန်ကုန်ကို ထွက်ခွာမယ့် ရထားကိုလည်း ဆန္ဒပြလူထုက တားဆီးခဲ့ကြပါတယ်။ ဒီနေ့အစောပိုင်း ထွက်ခွာမယ့် ရထားကို ဝန်ထမ်းတွေနဲ့ ထောင်ချီတဲ့ ဆန္ဒပြလူထုက တားဆီးခဲ့ကြတာလို့လည်း ကိုယ်တိုင်တွေ့ခဲ့တဲ့ မော်လမြိုင်မြို့ခံ ဒေါ်ဖူးနှင်းက ပြောပါတယ်။

“ပြည်သူလူထုက သွားဝန်းရံတာ၊ အဲ့ဒီနေရာကို။ ရထားထွက်လာပြီဆိုတာသိလို အဲ့ဒီအနားမှာ ရှိတဲ့ ရပ်ကွက်က ပြည်သူတွေ အရင်ဆုံးတက်တယ်လို့ပြောတယ်။ အဲ့ဒီဘောင်ပေါ်တက်ပြီးတော့ ပိတ်ဆို့ထားတယ်လို့ ပြောတယ်။ အဲ့ဒီတော့မှာ ဆန္ဒပြနေတဲ့ သူတွေက အဲ့ဒီကိုသွားပြီး ပူးပေါင်းကြတာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်သွားကြတာ။”

ခရီးသည် မပါဘဲ ထွက်ခွာမယ့် ရထားဟာ ဆန္ဒပြလူထုရဲ့ တားဆီးမှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရထားကို ပိတ်ဆို့တားဆီး ဆန္ဒပြခဲ့ကြတာ့ မော်လမြိုင်ရထားဘူတာရုံမှာ လုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးမြှင့်လိုက်ကြောင်းလည်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်ချိန်ကစလို့ ရပ်ဆိုင်းနေတဲ့ ရထားပို့ဆောင်ရေး လုပ်ငန်းတွေအတွက် စစ်တပ်က တာဝန်ယူနိုင်စွမ်း ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေကို ဦးဆောင်သူတွေကတော့ အစိုးရယန္တရားတွေကို ဆက်လက် ရပ်ဆိုင်းထားနိုင်ဖို့ အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြဖို့လည်း တိုက်တွန်းထားကြပါတယ်။

XS
SM
MD
LG