သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္ဆန႔္က်င္ေရး ႏွင့္ ဖြဲ႔စည္းပုံဥပေဒ အက်ပ္အတည္း


တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးႀကီးျမင့္ - စစ္တပ္အာဏာသိမ္းမႈနဲ႔ ဖြဲ႔စည္းပုံ အက်ပ္အတည္း
ဖြဲ႔စည္းပုံဥပေဒ အက်ပ္အတည္း
please wait

No media source currently available

0:00 0:10:55 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ သမၼတကို ဖမ္းခ်ဳပ္ၿပီး အာဏာသိမ္းထားတဲ့ စစ္တပ္ေကာင္စီက သူတို႔လုပ္ရပ္ဟာ ၂၀၀၈ အေျခခံဥပေဒနဲ႔ ကိုက္ညီတယ္လို႔ ဆိုထားပါတယ္။ တဘက္မွာလဲ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မီတိ CRPH က ယာယီအစိုးရတရပ္ ဖြဲ႔စည္းလိုက္ၿပီး ဖြဲ႔စည္းပုံသစ္ ေရးဆြဲေရး ေႂကြးေၾကာ္လာပါတယ္။ ဒီ ဖြဲ႔စည္းပုံ အက်ပ္အတည္းဟာ ဘယ္လို ၿပီးျပတ္သြားႏိုင္သလဲ။ ေလာေလာဆယ္ အရွိန္ျမင့္လာေနတဲ့ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရးလႈပ္ရွားမႈအေပၚမွာေကာ ႐ိုက္ခတ္ႏိုင္ပါသလား။ တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးႀကီးျမင့္ နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ က်ေနာ္ ဦးႀကီးျမင့္နဲ႔ ေဆြးေႏြးခ်င္တဲ့ အေၾကာင္းအရာကေတာ့ ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံဥပေဒနဲ႔ ပတ္သက္တဲ့အေၾကာင္း ျဖစ္ပါတယ္။ အခုအခ်ိန္မွာ အာဏာသိမ္းထားတဲ့ စစ္တပ္ကလဲ သူတို႔ဟာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လုပ္ေဆာင္ေနတယ္လို႔ ဆိုတယ္။ တခ်ိန္တည္းမွာပဲ CRPH ကလဲ သူတို႔က ဖြဲ႕စည္းပုံအေျခခံဥပေဒသစ္တစ္ရပ္ ျပန္လည္ၿပီးေတာ့ ေရးဆြဲမယ္လို႔ ဆိုပါတယ္။ ဒီႏွစ္ခုၾကားမွာ ေလာေလာဆယ္ Constitutional Crisis ေခၚမွာေပါ့ ဖြဲ႕စည္းပုံဆိုင္ရာ အက်ပ္အတည္း ျဖစ္ေနပါတယ္။ ဒီကိစၥကို ဘယ္လိုေျဖရွင္းမလဲဆိုတာ၊ ဘယ္လိုထြက္ေပါက္ရမလဲဆိုတာကို ေဆြးေႏြးခ်င္လို႔ ျဖစ္ပါတယ္။ ပထမဦးဆုံး စစ္တပ္ဘက္က သူတို႔ဟာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥေပေဒအရ လုပ္ေဆာင္ေနျခင္းဆိုတဲ့ ကိစၥကို ဘယ္လိုေစာဒက တက္ႏိုင္ပါသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ လိုသလို ဆြဲေျပာတာပါ။ လုံးဝ မဟုတ္ပါဘူး။ ဖြဲ႕စည္းပုံအေျခခံဥပေဒ Mother Law ကို ဒီလိုပဲ ကိုယ့္သေဘာနဲ႔ကိုယ္ ဖြင့္ၾကစတမ္းဆိုရင္ ဒီတိုင္းျပည္ပ်က္ၿပီေပါ့။ Constitional Tribunal အေျခခံဥပေဒခုံ႐ုံး ဆိုတာ အလကားထားတာ မဟုတ္ဘူး။ အဲဒါကို ျဖဳတ္ပစ္ၿပီးေတာ့ ကိုယ့္ဘာသာကိုယ္ အဓိပၸါယ္ဖြင့္ၿပီး အာဏာသိမ္းလိုက္တယ္ဆိုကတည္းက ၂၀၀၈ အေျခခံဥပေဒကို စတင္ဖ်က္ဆီးလိုက္ၿပီ။ ဒါဟာ အသက္မဝင္ေတာ့ဘူးလို႔ က်ေနာ္တို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ အဲဒီေတာ့ တကယ္တမ္း ေရွ႕ဆက္မယ္ဆိုရင္ တရားဝင္အစိုးရ ျဖစ္ဖို႔အတြက္ Legitimate Government သို႔တည္းမဟုတ္ Constitutional Government ျဖစ္ဖို႔အတြက္ ဖြဲ႕စည္းပုံတစ္ရပ္ေတာ့ လိုတာေပါ့။ ဆိုေတာ့ CRPH ကလည္း သူတို႔က အခုအခါမွာ အစိုးရ ဖြဲ႕တယ္လို႔ ဆိုပါတယ္။ သူတို႔ကလဲ ေလာေလာဆယ္ ဖြဲ႕စည္းပုံ မရွိေတာ့ ၂၀၀၈ အေျခခံနဲ႔ တက္ေနတဲ့ အဖြဲ႕ျဖစ္ေနတယ္။

ေျဖ ။ ။ အဲဒီ အေျခခံဥပေဒ Mother Law ဆိုတာ လူ႔ယဥ္ေက်းေတြ တိုင္းတာတာ၊ လူမိုက္ေတြ၊ လူရမ္းကားေတြ လက္နက္နဲ႔ အုပ္စိုးမယ့္ လူေတြကေတာ့ ဘယ္ေတာ့မွ မလိုက္နာဘူး။ အတိတ္သမိုင္းကို နည္းနည္းေလး ေျပာခ်င္တယ္။ ၁၉၄၇ အေျခခံဥပေဒကို ၁၉၆၂ ခုႏွစ္မွာ ဗိုလ္ေနဝင္းက အာဏာသိမ္းလိုက္တဲ့အခါၾကေတာ့ (၁၂) ႏွစ္တိတိ အေျခခံဥပေဒ မရွိဘဲနဲ႔ အုပ္စိုးခဲ့တယ္။ အဲဒီအခါမွာ အေျခခံဥပေဒရွိမွ အုပ္စိုးမွာပဲ ဘာညာဆိုတာလဲ ျပႆနာ မေပၚပါဘူး။ ဘယ္သူမွလဲ မေျပာရဲပါဘူး။ ေနာက္တခါ ၁၉၇၄ က်ေတာ့ ဗိုလ္ေနဝင္းက ၁၉၇၄ အေျခခံဥပေဒကို ဆြဲလိုက္ၿပီးေတာ့ (၁၄) ႏွစ္ အုပ္ခ်ဳပ္တယ္။ ၁၉၈၈ က်ေတာ့ ၁၉၇၄ အေျခခံဥပေဒကို ဖ်က္သိမ္းလိုက္ၿပီးေတာ့ သူတို႔စစ္တပ္ကပဲ ဆက္အုပ္ခ်ဳပ္တယ္။ အဲဒီေတာ့ ဒီဥပေဒကို Mother Law လိုဟာမ်ိဳးကိုေတာင္မွ မ႐ိုေသ၊ မေလးစားတဲ့ လူေတြကို က်ေနာ္တို႔ လူ႔ယဥ္ေက်းေတြက ဒါႀကီးကိုဖက္ၿပီးေတာ့ ဒါႀကီးမရွိရင္ေတာ့ ငါတို႔က အုပ္ခ်ဳပ္မရဘူး။ ဒါႀကီးမရွိရင္ေတာ့ မျဖစ္ဘူးဆိုၿပီးေတာ့ အဲဒီလိုလုပ္ေနမယ္ဆိုရင္ က်ေနာ္တို႔က အရႈံးျဖစ္သြားလိမ့္မယ္။ ဒီဟာက အက်ပ္အတည္း ဟုတ္တယ္လို႔ေတာ့ မယူဆပါဘူး။

ေမး ။ ။ တခ်ိဳ႕က အဲဒါကို ေထာက္ျပေနလို႔ပါ။ အေျခခံဥပေဒ မရွိဘဲနဲ႔ ဘယ္လိုလုပ္ၿပီးေတာ့ အစိုးရဖြဲ႕မလဲဆိုတာကို ေျပာေနၾကတာကို ၾကားလို႔ပါ။ အဓိက ဒီေနရာမွာ အေျခခံဥပေဒ ရွိေရး၊ မရွိေရး ဆိုတာထက္၊ အာဏာသိမ္းအစိုးရကို သူတို႔ အန္တုယွဥ္ၿပိဳင္မယ္ဆိုရင္ အဓိက ဘယ္ဟာကို အားထားၿပီးေတာ့ လုပ္ရမလဲ။

ေျဖ ။ ။ တျခားလူေတြေတာ့ မသိဘူး။ က်ေနာ္ကေတာ့ အေတာ္အျမင္ရွင္းတယ္။ CRPH ေခၚတဲ့ NLD အစိုးရက ျပည္သူလူထုက တခဲနက္ ေ႐ြးခ်ယ္တင္ေျမႇာက္ထားၿပီးေတာ့၊ စစ္တပ္ကလဲ အသိအမွတ္ျပဳၿပီသား။ ႏိုင္ငံတကာ ေလ့လာအကဲခတ္ေတြကလဲ အသိအမွတ္ျပဳၿပီသား။ အဲဒါကို ဘာမွ အျငင္းပြားစရာ မရွိဘူး။ ၂၀၀၈ အေျခခံဥပေဒနဲ႔လည္း ညီၫႊတ္တယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဆုံးအျဖတ္က အၿပီးအျပတ္ပဲ။ အဲဒီေလာက္ ရွင္းလင္းျပတ္သားေနတဲ့ဟာႀကီးကို မဟုတ္ဘူး၊ က်ေနာ္တို႔ ေတာဖဲဝိုင္းလိုေပါ့ - ဖဲ႐ိုက္ၿပီးေတာ့ ရႈံးတဲ့အခါမွာ ဓါးေျမာင္းကို စားပြဲေပၚစိုက္ၿပီး မင္းတို႔မထနဲ႔ ျပန္႐ိုက္မယ္ဆိုေတာ့၊ ခင္မ်ားမွာ ကုန္ေနၿပီဆိုေတာ့ ငါကအေႂကြးထိုးမယ္တဲ့။ သူရႈံးရင္ မေပးဘူး။ ႏိုင္ရင္အကုန္ယူမယ္။ အဲဒီလို ျဖစ္ေနတဲ့ဟာမ်ိဳးေတာ့ က်ေနာ္တို႔က သိပ္ႀကီးႀကီးက်ယ္က်ယ္ စဥ္းစားေနမယ္ဆိုရင္ က်ေနာ္တို႔ပဲ ရႈံးမွာပဲ။

ေမး ။ ။ အဲဒီေတာ့ ဘယ္လိုလုပ္ၿပီးေတာ့ ေရွ႕ကိုဆက္ၾကမလဲ။ စစ္တပ္ကေတာ့ သူတို႔ (၁) ႏွစ္အတြင္းမွာ ၂၀၀၈ ဥပေဒမွာလည္း ျပဌာန္းထားတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာလႊဲေပးၿပီး (၁) ႏွစ္အတြင္း ေ႐ြးေကာက္ပြဲ က်င္းပၿပီးေတာ့ အာဏာလြဲေပးရမယ္ဆိုေတာ့ အဲဒီအတိုင္း လုပ္ေပးမယ္လို႔ ေျပာထားပါတယ္။ ဆိုေတာ့ အခုပဲ (၁) လ ေက်ာ္လာခဲ့ၿပီ၊ (၂) လထဲ ေရာက္လာခဲ့ၿပီ။ ဒီလိုနဲ႔ အခ်ိန္ဆြဲၿပီးေတာ့ သူတို႔သတ္မွတ္ထားတဲ့ အခ်ိန္ကို ေရာက္သြားႏိုင္သလား။ သို႔တည္းမဟုတ္ ဒီၾကားထဲမွာ တစုံတရာ ေစာေစာက ဦးႀကီးျမင့္ေျပာတဲ့ လူထုေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရဘက္က ဘယ္လိုထြက္ေပါက္ ရရွိႏိုင္ပါသလဲ။

ေျဖ ။ ။ ဒီဟာကေတာ့ အခုပဲ ႏိုင္ငံတကာ ေထာက္ခံမႈေတြ တခဲနက္ ရေနတယ္။ ျပည္တြင္းမွာလဲ တိုက္ပြဲကို တိုက္ေနတာကေတာ့ အဓိကေတာ့ NLD မဲေပးလိုက္တဲ့ ျပည္သူေတြနဲ႔ ဝန္းရံခဲ့တဲ့လူေတြ။ သူတို႔ေတြရဲ႕ သားသမီးေတြျဖစ္တဲ့ Generation Z ေတြ။ သူတို႔ေတြ တိုက္ေနတာ။ အႏိုင္ရထားတဲ့ ပါတီကို အာဏာျပန္အပ္ေရး။ ဒါပဲ ဘာမွရႈပ္ရႈပ္ေထြေထြ မရွိဘူး။ အဲဒါေတြကို က်န္တဲ့လူေတြက ဝိုင္းရံၾကတာ။ ၿပီးေတာ့ ရန္ကုန္တၿမိဳ႕တည္းမွာ ျပေနၾကတာ မဟုတ္ဘူး။ တျပည္လုံးမွာ ျပေနတာ။ NLD ပါတီရဲ႕ ေ႐ြးေကာက္ပြဲ အႏိုင္ရတဲ့ ရလဒ္က တျပည္လုံးကို လႊမ္းၿခဳံတာ။ သူ႔ရဲ႕ပါတီအဖြဲ႕ဝင္ေတြက တျပည္လုံးမွာ ရွိတယ္။ သူကို ေထာက္ခံတဲ့လူေတြက တျပည္လုံးမွာ ရွိတယ္။ အဲဒီလူေတြက ေ႐ြးေကာက္ပြဲ အႏိုင္ရထားတဲ့ ပါတီကို အာဏာျပန္အပ္ေရးကို အဓိက လုပ္တဲ့အခါမွာ တျပည္လုံးတိုက္ပြဲႀကီး တိုက္ေနတာ။ က်ေနာ္တို႔ ပါဝင္တာကေတာ့ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းမွ ျဖစ္မယ္။ ဒီဥပေဒ ရွိေနသမွ်ေတာ့ မျဖစ္ဘူး။ ေနာက္ထပ္ စစ္အာဏာရွင္ ျပန္သိမ္းဖို႔ လမ္းဖြင့္ေပးသလိုပဲ ျဖစ္အုံးမွာပဲ။ ဒါေၾကာင့္မို႔ က်ေနာ္တို႔က ဒီတိုက္ပြဲႀကီးကို ဝင္ေရာက္ဆင္ႏႊဲေနရတာ။ သို႔ေသာ္ က်ေနာ္တို႔နဲ႔ NLD နဲ႔ လုံးဝပဋိပကၡ မျဖစ္ဘူး။ အတူတူပဲ ဘုံရန္သူကို တိုက္တဲ့ေနရာမွာ အတူတူပဲ။ ဒါေၾကာင့္မို႔လို႔ CRPH လို႔ေခၚတဲ့ NLD ရဲ႕ တိုက္ပြဲဗ်ဴဟာက ေအာင္ျမင္မယ္။ လုံးဝအႏိုင္ရမယ္လို႔ က်ေနာ္တို႔ကေတာ့ ယုံၾကည္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ဥပေဒကို ဂ႐ုမစိုက္ဘူးဆိုတဲ့ စစ္တပ္ကလဲ သူတို႔မွာ လက္နက္ရွိတယ္။ အခုလဲပဲ ဒီလူေတြ ေျပာေနတာကို ႏိုင္ငံတကာက ေထာက္ခံတယ္၊ ျပည္သူလူထုတရပ္လုံး ေထာက္ခံတယ္။ ေနာက္ၿပီးေတာ့ အျပစ္မဲ့တဲ့ တကယ့္ Generation Z ကေလးေတြကလဲ သိပ္သနားစရာ ေကာင္းပါတယ္။ သူတို႔စြန႔္စားၿပီးေတာ့ အေသခံေနၾကရတယ္။ ဒီဟာေတြကို သူတို႔သိရဲ႕သားနဲ႔ လက္နက္အားကိုးနဲ႔ တင္းခံေနတယ္ဆိုေတာ့ ဒီဟာကို ဘယ္လိုထိုးေဖာက္ႏိုင္မလဲဆိုတာ အဓိက စဥ္းစားစရာလို႔ ထင္ပါတယ္။ ျဖစ္ႏိုင္ပါ့မလား။ ဒီအခ်ိန္မွာ သူတို႔ေ႐ြးေကာက္ပြဲ လုပ္လာမယ္ဆိုၿပီးေတာ့ လုပ္လာခဲ့ရင္ သူတို႔ကို လိုလားတဲ့ ပါတီတခ်ိဳ႕ကလဲ အာဏာမသိမ္းခင္ကပဲ သြားေတြ႕ထားတဲ့ ပါတီေတြကလဲ ရွိေနတယ္။ သူတို႔နဲ႔ပဲ ေတြ႕ၿပီးေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္သစ္ကို ျပန္ဖြဲ႕ဖို႔ ဘာညာ။ ေနာက္ၿပီးေတာ့ PR စနစ္ကို က်င့္သုံးဖို႔ ေလသံေတြ ပစ္လာတယ္ဆိုေတာ့ အဲဒီအခ်ိန္ေတြ ဆြဲေနတာနဲ႔ အဲဒီဘက္က ျဖစ္မသြားႏိုင္ဘူးလား။ ဒါကို စဥ္းစားမိတာပါ။

ေျဖ ။ ။ က်ေနာ္လဲ အဲဒီလို အေလးအနက္ စဥ္းစားခဲ့တယ္။ က်ေနာ္ အဆိုတစ္ခု တင္လိုက္ေသးတယ္။ အာဏာသိမ္းၿပီးေတာ့ (၄) ရက္အၾကာမွာ။ ခင္မ်ားတို႔ကို စစ္အာဏာရွင္က ဘယ္ေတာ့မွ ေလွ်ာ့မွာမဟုတ္ဘူး။ လူသတ္ဖို႔လဲ ဝန္မေလးဘူး။ ဒါေၾကာင့္မို႔ ၾကားျဖတ္အစိုးရတစ္ရပ္ကို ျပန္လည္ၿပီးေတာ့ ဖြဲ႕ရမယ္။ အဲဒီၾကားျဖတ္အစိုးရတစ္ရပ္မွာ စစ္အာဏာရွင္လဲ မပါနဲ႔။ ေ႐ြးေကာက္ပြဲ အႏိုင္ရတဲ့ ပါတီေတြလည္း လုံးဝမပါနဲ႔။ Statemen ေတြပဲပါ။ (၁) ႏွစ္အတြင္း ေ႐ြးေကာက္ပြဲလုပ္ေပး။ ၿပီးေတာ့မွ အေျခခံဥပေဒကို ေနာက္မွ ျပန္ေရးဆြဲေပါ့။ အဲဒီေတာ့ ၾကားျဖတ္အစိုးရဆိုတာက ေ႐ြးေကာက္ပြဲမွာဝင္တဲ့ ပါတီေတြ ဝင္လို႔ မရဘူး။ အဲဒီလို အဆိုျပဳတဲ့အခါမွာ က်ေနာ့္ကို ဝိုင္းကန႔္ကြက္ၾကတယ္။ အမ်ားႀကီးေပၚလာတယ္။ က်ေနာ့္လူရင္းေတြပါ။ ခင္မ်ားဥစၥာက က်ေနာ္တို႔ ႏိုင္မယ့္တိုက္ပြဲက - ဒီတိုက္ပြဲႀကီးက က်ေနာ္တို႔ ႏိုင္ကိုႏိုင္ရမယ့္ တိုက္ပြဲ။ ဒီတိုက္ပြဲႀကီးမွာ ဘယ္လိုအဆိုျပဳလိုက္တာလဲ။ ျပန္စဥ္းစားေပးပါအုံးလို႔ ေျပာတဲ့အခါမွာ က်ေနာ္က အဲဒီဟာကို ယာယီရပ္ထားရတယ္။ က်ေနာ္ကေတာ့ အင္မတန္ စိုးရိမ္စိတ္နဲ႔ ခင္မ်ားေျပာသလို ေတြးၿပီးေတာ့ ၾကားလမ္းတစ္ခုကို ခ်ေပးတာ။ သို႔ေပမဲ့ က်ေနာ္တို႔က တိုက္ပြဲကို ရစ္လာတဲ့အခါမွာ အခု (၂၃) ရက္ ျဖစ္လာတဲ့အခါမွာ ဒီတိုက္ပြဲကို ႏိုင္မွျဖစ္ေတာ့မယ္။ ေစ့စပ္ေရးလဲ မရေတာ့ဘူး။ မႏိုင္လို႔ မရေတာ့ဘူးဆိုတာ က်ေနာ္ လုံးဝယုံၾကည္တယ္။ သံဓိဌာန္လည္း ခ်လိုက္ၿပီ။

ေမး ။ ။ ေနာက္ဆုံး က်ေနာ့္စိုးရိမ္ခ်က္တစ္ခုကို ေျပာခ်င္ပါေသးတယ္။ အဲဒါက ေစာေစာကေျပာတဲ့ ဂုဏ္သေရရွိ လူႀကီးလူေကာင္းေတြ၊ ႏိုင္ငံျပဳသုခမိန္ေတြေခၚတဲ့ Statemen ေတြ အဲဒီလို ပုဂၢိဳလ္ေတြနဲ႔ ဖြဲ႕စည္းထားၿပီးေတာ့ တကယ္မွန္ကန္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ ေရးဆြဲၿပီး တက္လာသည့္တိုင္ေအာင္ စစ္တပ္ဆိုတဲ့ဟာက သူတို႔လက္နက္ရွိေနရင္၊ စိတ္ကူးေပါက္ရင္ ျပန္သိမ္းရင္ သိမ္းမွာပဲ။ ထိုင္းမွာပဲၾကည့္။ ၁၉၉၇ ခုႏွစ္တုန္းက ဥပေဒဆိုရင္ ၁၉၃၂ ခုႏွစ္ကတည္းက လုပ္လာတဲ့အထဲမွာ ၉၇ ဥပေဒကို အေတာ္ေလး ခ်ီးက်ဴးၾကတယ္။ တကယ့္ ဥပေဒပညာရွင္ေတြ တရားမွ်တစြာ ေရးဆြဲၾကတယ္။ အဲဒီဟာကိုလဲ ေနာက္ပိုင္းမွာ စစ္တပ္က ျပန္ဖ်က္ၿပီးေတာ့ အာဏာျပန္သိမ္းတယ္။ ဆိုေတာ့ စစ္တပ္ဆိုတာက ဖြဲ႕စည္ညးပုံဥပေဒ ဘယ္ေလာက္ပဲေကာင္းေန ေကာင္းေန။ စစ္တပ္အင္အားႀကီးေနသမွ်ကေတာ့ ဒီသံသရာထဲမွာ ျပန္ေရာက္ႏိုင္တယ္ဆိုတဲ့ စိုးရိမ္စိတ္လည္း ရွိေနေတာ့ အဲဒါကို ဘယ္လိုျမင္ပါလဲ။

ေျဖ ။ ။ အဲဒါကို လုံးဝစိုးရိမ္သင့္တာေပါ့။ တစ္ရာရာခိုင္ႏႈန္းမွန္တယ္။ ေက်ာ္ရင္ေတာင္ ေက်ာ္ေနအုံးမယ္။ သို႔ေသာ္ အဲဒါကိုလဲ ထည့္စဥ္းစားၿပီသားပါ။ အဲဒါက တျခားေတာ့ မဟုတ္ဘူး။ စစ္တပ္က လုံးဝျပန္ၿပီးေတာ့ ေျပာင္းရလိမ့္မယ္။ သို႔ေသာ္ သူတို႔ကို အာမခံခ်က္ ေပးရလိမ့္မယ္။ အဲဒါ ျပည္သူလူထုဆႏၵနဲ႔ ျပည္သူလူထုကေတာ့ သေဘာတူခ်င္မွ တူမယ္။ ဒါေပမဲ့ အမ်ားဆႏၵနဲ႔ ဆုံးျဖတ္ေပါ့။ က်ေနာ္တို႔က သူတို႔ကိုေတာ့ ဂရန္တီ ေပးရမယ္။ အခုနလို ၾကားျဖတ္အစိုးရတရပ္နဲ႔ သြားမယ္ဆိုရင္ေတာ့ ဂရန္တီ ေပးရမယ္။ အဲဒီ ဂရန္တီကေတာ့ ေနာက္ေၾကာင္းလဲ အေရးမယူရဘူး။ အခု ၂၀၂၀ အာဏာသိမ္းတာေတြကိုလဲ ခင္မ်ားတို႔ကို အေရးမယူဘူး။ ခင္မ်ားတို႔ကလဲ ၂၀၀၈ အေျခခံဥပေဒ ဖ်က္သိမ္းတာကို လက္ခံရမယ္။ ေနာက္ေရးဆြဲမယ့္ ဥပေဒကေတာ့ ဖယ္ဒရယ္ဒီမိုကေရစီႏိုင္ငံ ျဖစ္မယ့္၊ တိုင္းရင္းသားေတြ ကိုယ့္ အေျခခံဥပေဒနဲ႔ကိုယ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတဲ့ဟာ အာမခံခ်က္ကို ေပးရမယ္။ ေနာက္တခါ က်ေနာ္တို႔ စစ္တပ္ကို (၄) ႏွစ္ တစ္ႀကိမ္ စစ္ဦးစီးခ်ဳပ္ေျပာင္းမယ္။ ပူးတြဲ Joint Chief of Staff နဲ႔ အလွည့္က် အုပ္ခ်ဳပ္မယ္ဆိုတဲ့ ပုံစံေတြ - အေမရိကလိုေပါ့ - Joint Chief of Staff နဲ႔ အလွည့္က် အုပ္ခ်ဳပ္မယ္။ အဲဒါမ်ိဳးေတြ အပါအဝင္ စစ္တပ္ႀကီးကေတာ့ လုံးုဝႀကီး ေျပာင္းျပစ္ရမယ္။ ဘယ္လိုေျပာင္းမလဲဆိုရင္ က်ေနာ္တို႔ တိုင္းရင္းသားတပ္ေတြပါ ပါလာတဲ့ ဖယ္ဒရယ္တပ္မေတာ္ႀကီးျဖစ္ေအာင္ ျပန္ျပင္ရမယ္။ အဲဒါကေတြကို စစ္တပ္က လက္မခံဘူးဆိုရင္ေတာ့ က်ေနာ္တို႔ ဆက္တိုက္ဖို႔ကလြဲလို႔ မရွိေတာ့ဘူး။ အဲဒါေၾကာင့္မို႔ ကြၽဲကူးေရပါ ျပည္သူလူထုက တိုက္ေနတာ၊ အသက္ေတြ အေသခံေနတာကို က်ေနာ္တို႔လဲ မၾကည့္ရက္ေပမယ့္လို႔ ဒီတိုက္ပြဲႀကီးကို ႏိုင္ေအာင္တိုက္မယ္ဆိုတဲ့ စိတ္ဓါတ္နဲ႔ ေထာက္ခံေနပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ သမ္မတကို ဖမ်းချုပ်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ကောင်စီက သူတို့လုပ်ရပ်ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့ ဆိုထားပါတယ်။ တဘက်မှာလဲ လွှတ်တော်ကိုယ်စားပြုကော်မီတိ CRPH က ယာယီအစိုးရတရပ် ဖွဲ့စည်းလိုက်ပြီး ဖွဲ့စည်းပုံသစ် ရေးဆွဲရေး ကြွေးကြော်လာပါတယ်။ ဒီ ဖွဲ့စည်းပုံ အကျပ်အတည်းဟာ ဘယ်လို ပြီးပြတ်သွားနိုင်သလဲ။ လောလောဆယ် အရှိန်မြင့်လာနေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ်မှာကော ရိုက်ခတ်နိုင်ပါသလား။ တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ကျနော် ဦးကြီးမြင့်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်တဲ့အကြောင်း ဖြစ်ပါတယ်။ အခုအချိန်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကလဲ သူတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်နေတယ်လို့ ဆိုတယ်။ တချိန်တည်းမှာပဲ CRPH ကလဲ သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပြန်လည်ပြီးတော့ ရေးဆွဲမယ်လို့ ဆိုပါတယ်။ ဒီနှစ်ခုကြားမှာ လောလောဆယ် Constitutional Crisis ခေါ်မှာပေါ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း ဖြစ်နေပါတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ၊ ဘယ်လိုထွက်ပေါက်ရမလဲဆိုတာကို ဆွေးနွေးချင်လို့ ဖြစ်ပါတယ်။ ပထမဦးဆုံး စစ်တပ်ဘက်က သူတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒေအရ လုပ်ဆောင်နေခြင်းဆိုတဲ့ ကိစ္စကို ဘယ်လိုစောဒက တက်နိုင်ပါသလဲ။

ဖြေ ။ ။ အဲဒါကတော့ လိုသလို ဆွဲပြောတာပါ။ လုံးဝ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ Mother Law ကို ဒီလိုပဲ ကိုယ့်သဘောနဲ့ကိုယ် ဖွင့်ကြစတမ်းဆိုရင် ဒီတိုင်းပြည်ပျက်ပြီပေါ့။ Constitional Tribunal အခြေခံဥပဒေခုံရုံး ဆိုတာ အလကားထားတာ မဟုတ်ဘူး။ အဲဒါကို ဖြုတ်ပစ်ပြီးတော့ ကိုယ့်ဘာသာကိုယ် အဓိပ္ပါယ်ဖွင့်ပြီး အာဏာသိမ်းလိုက်တယ်ဆိုကတည်းက ၂၀၀၈ အခြေခံဥပဒေကို စတင်ဖျက်ဆီးလိုက်ပြီ။ ဒါဟာ အသက်မဝင်တော့ဘူးလို့ ကျနော်တို့ ပြောလို့ရပါတယ်။

မေး ။ ။ အဲဒီတော့ တကယ်တမ်း ရှေ့ဆက်မယ်ဆိုရင် တရားဝင်အစိုးရ ဖြစ်ဖို့အတွက် Legitimate Government သို့တည်းမဟုတ် Constitutional Government ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံတစ်ရပ်တော့ လိုတာပေါ့။ ဆိုတော့ CRPH ကလည်း သူတို့က အခုအခါမှာ အစိုးရ ဖွဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကလဲ လောလောဆယ် ဖွဲ့စည်းပုံ မရှိတော့ ၂၀၀၈ အခြေခံနဲ့ တက်နေတဲ့ အဖွဲ့ဖြစ်နေတယ်။

ဖြေ ။ ။ အဲဒီ အခြေခံဥပဒေ Mother Law ဆိုတာ လူ့ယဉ်ကျေးတွေ တိုင်းတာတာ၊ လူမိုက်တွေ၊ လူရမ်းကားတွေ လက်နက်နဲ့ အုပ်စိုးမယ့် လူတွေကတော့ ဘယ်တော့မှ မလိုက်နာဘူး။ အတိတ်သမိုင်းကို နည်းနည်းလေး ပြောချင်တယ်။ ၁၉၄၇ အခြေခံဥပဒေကို ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းက အာဏာသိမ်းလိုက်တဲ့အခါကြတော့ (၁၂) နှစ်တိတိ အခြေခံဥပဒေ မရှိဘဲနဲ့ အုပ်စိုးခဲ့တယ်။ အဲဒီအခါမှာ အခြေခံဥပဒေရှိမှ အုပ်စိုးမှာပဲ ဘာညာဆိုတာလဲ ပြဿနာ မပေါ်ပါဘူး။ ဘယ်သူမှလဲ မပြောရဲပါဘူး။ နောက်တခါ ၁၉၇၄ ကျတော့ ဗိုလ်နေဝင်းက ၁၉၇၄ အခြေခံဥပဒေကို ဆွဲလိုက်ပြီးတော့ (၁၄) နှစ် အုပ်ချုပ်တယ်။ ၁၉၈၈ ကျတော့ ၁၉၇၄ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးတော့ သူတို့စစ်တပ်ကပဲ ဆက်အုပ်ချုပ်တယ်။ အဲဒီတော့ ဒီဥပဒေကို Mother Law လိုဟာမျိုးကိုတောင်မှ မရိုသေ၊ မလေးစားတဲ့ လူတွေကို ကျနော်တို့ လူ့ယဉ်ကျေးတွေက ဒါကြီးကိုဖက်ပြီးတော့ ဒါကြီးမရှိရင်တော့ ငါတို့က အုပ်ချုပ်မရဘူး။ ဒါကြီးမရှိရင်တော့ မဖြစ်ဘူးဆိုပြီးတော့ အဲဒီလိုလုပ်နေမယ်ဆိုရင် ကျနော်တို့က အရှုံးဖြစ်သွားလိမ့်မယ်။ ဒီဟာက အကျပ်အတည်း ဟုတ်တယ်လို့တော့ မယူဆပါဘူး။

မေး ။ ။ တချို့က အဲဒါကို ထောက်ပြနေလို့ပါ။ အခြေခံဥပဒေ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ အစိုးရဖွဲ့မလဲဆိုတာကို ပြောနေကြတာကို ကြားလို့ပါ။ အဓိက ဒီနေရာမှာ အခြေခံဥပဒေ ရှိရေး၊ မရှိရေး ဆိုတာထက်၊ အာဏာသိမ်းအစိုးရကို သူတို့ အန်တုယှဉ်ပြိုင်မယ်ဆိုရင် အဓိက ဘယ်ဟာကို အားထားပြီးတော့ လုပ်ရမလဲ။

ဖြေ ။ ။ တခြားလူတွေတော့ မသိဘူး။ ကျနော်ကတော့ အတော်အမြင်ရှင်းတယ်။ CRPH ခေါ်တဲ့ NLD အစိုးရက ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်ထားပြီးတော့၊ စစ်တပ်ကလဲ အသိအမှတ်ပြုပြီသား။ နိုင်ငံတကာ လေ့လာအကဲခတ်တွေကလဲ အသိအမှတ်ပြုပြီသား။ အဲဒါကို ဘာမှ အငြင်းပွားစရာ မရှိဘူး။ ၂၀၀၈ အခြေခံဥပဒေနဲ့လည်း ညီညွှတ်တယ်။ ရွေးကောက်ပွဲကော်မရှင် အဆုံးအဖြတ်က အပြီးအပြတ်ပဲ။ အဲဒီလောက် ရှင်းလင်းပြတ်သားနေတဲ့ဟာကြီးကို မဟုတ်ဘူး၊ ကျနော်တို့ တောဖဲဝိုင်းလိုပေါ့ - ဖဲရိုက်ပြီးတော့ ရှုံးတဲ့အခါမှာ ဓါးမြောင်းကို စားပွဲပေါ်စိုက်ပြီး မင်းတို့မထနဲ့ ပြန်ရိုက်မယ်ဆိုတော့၊ ခင်များမှာ ကုန်နေပြီဆိုတော့ ငါကအကြွေးထိုးမယ်တဲ့။ သူရှုံးရင် မပေးဘူး။ နိုင်ရင်အကုန်ယူမယ်။ အဲဒီလို ဖြစ်နေတဲ့ဟာမျိုးတော့ ကျနော်တို့က သိပ်ကြီးကြီးကျယ်ကျယ် စဉ်းစားနေမယ်ဆိုရင် ကျနော်တို့ပဲ ရှုံးမှာပဲ။

မေး ။ ။ အဲဒီတော့ ဘယ်လိုလုပ်ပြီးတော့ ရှေ့ကိုဆက်ကြမလဲ။ စစ်တပ်ကတော့ သူတို့ (၁) နှစ်အတွင်းမှာ ၂၀၀၈ ဥပဒေမှာလည်း ပြဌာန်းထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးပြီး (၁) နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပြီးတော့ အာဏာလွဲပေးရမယ်ဆိုတော့ အဲဒီအတိုင်း လုပ်ပေးမယ်လို့ ပြောထားပါတယ်။ ဆိုတော့ အခုပဲ (၁) လ ကျော်လာခဲ့ပြီ၊ (၂) လထဲ ရောက်လာခဲ့ပြီ။ ဒီလိုနဲ့ အချိန်ဆွဲပြီးတော့ သူတို့သတ်မှတ်ထားတဲ့ အချိန်ကို ရောက်သွားနိုင်သလား။ သို့တည်းမဟုတ် ဒီကြားထဲမှာ တစုံတရာ စောစောက ဦးကြီးမြင့်ပြောတဲ့ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဘက်က ဘယ်လိုထွက်ပေါက် ရရှိနိုင်ပါသလဲ။

ဖြေ ။ ။ ဒီဟာကတော့ အခုပဲ နိုင်ငံတကာ ထောက်ခံမှုတွေ တခဲနက် ရနေတယ်။ ပြည်တွင်းမှာလဲ တိုက်ပွဲကို တိုက်နေတာကတော့ အဓိကတော့ NLD မဲပေးလိုက်တဲ့ ပြည်သူတွေနဲ့ ဝန်းရံခဲ့တဲ့လူတွေ။ သူတို့တွေရဲ့ သားသမီးတွေဖြစ်တဲ့ Generation Z တွေ။ သူတို့တွေ တိုက်နေတာ။ အနိုင်ရထားတဲ့ ပါတီကို အာဏာပြန်အပ်ရေး။ ဒါပဲ ဘာမှရှုပ်ရှုပ်ထွေထွေ မရှိဘူး။ အဲဒါတွေကို ကျန်တဲ့လူတွေက ဝိုင်းရံကြတာ။ ပြီးတော့ ရန်ကုန်တမြို့တည်းမှာ ပြနေကြတာ မဟုတ်ဘူး။ တပြည်လုံးမှာ ပြနေတာ။ NLD ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်ရတဲ့ ရလဒ်က တပြည်လုံးကို လွှမ်းခြုံတာ။ သူ့ရဲ့ပါတီအဖွဲ့ဝင်တွေက တပြည်လုံးမှာ ရှိတယ်။ သူကို ထောက်ခံတဲ့လူတွေက တပြည်လုံးမှာ ရှိတယ်။ အဲဒီလူတွေက ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ပါတီကို အာဏာပြန်အပ်ရေးကို အဓိက လုပ်တဲ့အခါမှာ တပြည်လုံးတိုက်ပွဲကြီး တိုက်နေတာ။ ကျနော်တို့ ပါဝင်တာကတော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်မယ်။ ဒီဥပဒေ ရှိနေသမျှတော့ မဖြစ်ဘူး။ နောက်ထပ် စစ်အာဏာရှင် ပြန်သိမ်းဖို့ လမ်းဖွင့်ပေးသလိုပဲ ဖြစ်အုံးမှာပဲ။ ဒါကြောင့်မို့ ကျနော်တို့က ဒီတိုက်ပွဲကြီးကို ဝင်ရောက်ဆင်နွှဲနေရတာ။ သို့သော် ကျနော်တို့နဲ့ NLD နဲ့ လုံးဝပဋိပက္ခ မဖြစ်ဘူး။ အတူတူပဲ ဘုံရန်သူကို တိုက်တဲ့နေရာမှာ အတူတူပဲ။ ဒါကြောင့်မို့လို့ CRPH လို့ခေါ်တဲ့ NLD ရဲ့ တိုက်ပွဲဗျူဟာက အောင်မြင်မယ်။ လုံးဝအနိုင်ရမယ်လို့ ကျနော်တို့ကတော့ ယုံကြည်ပါတယ်။

မေး ။ ။ ဒါပေမဲ့ ဥပဒေကို ဂရုမစိုက်ဘူးဆိုတဲ့ စစ်တပ်ကလဲ သူတို့မှာ လက်နက်ရှိတယ်။ အခုလဲပဲ ဒီလူတွေ ပြောနေတာကို နိုင်ငံတကာက ထောက်ခံတယ်၊ ပြည်သူလူထုတရပ်လုံး ထောက်ခံတယ်။ နောက်ပြီးတော့ အပြစ်မဲ့တဲ့ တကယ့် Generation Z ကလေးတွေကလဲ သိပ်သနားစရာ ကောင်းပါတယ်။ သူတို့စွန့်စားပြီးတော့ အသေခံနေကြရတယ်။ ဒီဟာတွေကို သူတို့သိရဲ့သားနဲ့ လက်နက်အားကိုးနဲ့ တင်းခံနေတယ်ဆိုတော့ ဒီဟာကို ဘယ်လိုထိုးဖောက်နိုင်မလဲဆိုတာ အဓိက စဉ်းစားစရာလို့ ထင်ပါတယ်။ ဖြစ်နိုင်ပါ့မလား။ ဒီအချိန်မှာ သူတို့ရွေးကောက်ပွဲ လုပ်လာမယ်ဆိုပြီးတော့ လုပ်လာခဲ့ရင် သူတို့ကို လိုလားတဲ့ ပါတီတချို့ကလဲ အာဏာမသိမ်းခင်ကပဲ သွားတွေ့ထားတဲ့ ပါတီတွေကလဲ ရှိနေတယ်။ သူတို့နဲ့ပဲ တွေ့ပြီးတော့ ရွေးကောက်ပွဲကော်မရှင်သစ်ကို ပြန်ဖွဲ့ဖို့ ဘာညာ။ နောက်ပြီးတော့ PR စနစ်ကို ကျင့်သုံးဖို့ လေသံတွေ ပစ်လာတယ်ဆိုတော့ အဲဒီအချိန်တွေ ဆွဲနေတာနဲ့ အဲဒီဘက်က ဖြစ်မသွားနိုင်ဘူးလား။ ဒါကို စဉ်းစားမိတာပါ။

ဖြေ ။ ။ ကျနော်လဲ အဲဒီလို အလေးအနက် စဉ်းစားခဲ့တယ်။ ကျနော် အဆိုတစ်ခု တင်လိုက်သေးတယ်။ အာဏာသိမ်းပြီးတော့ (၄) ရက်အကြာမှာ။ ခင်များတို့ကို စစ်အာဏာရှင်က ဘယ်တော့မှ လျှော့မှာမဟုတ်ဘူး။ လူသတ်ဖို့လဲ ဝန်မလေးဘူး။ ဒါကြောင့်မို့ ကြားဖြတ်အစိုးရတစ်ရပ်ကို ပြန်လည်ပြီးတော့ ဖွဲ့ရမယ်။ အဲဒီကြားဖြတ်အစိုးရတစ်ရပ်မှာ စစ်အာဏာရှင်လဲ မပါနဲ့။ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီတွေလည်း လုံးဝမပါနဲ့။ Statemen တွေပဲပါ။ (၁) နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေး။ ပြီးတော့မှ အခြေခံဥပဒေကို နောက်မှ ပြန်ရေးဆွဲပေါ့။ အဲဒီတော့ ကြားဖြတ်အစိုးရဆိုတာက ရွေးကောက်ပွဲမှာဝင်တဲ့ ပါတီတွေ ဝင်လို့ မရဘူး။ အဲဒီလို အဆိုပြုတဲ့အခါမှာ ကျနော့်ကို ဝိုင်းကန့်ကွက်ကြတယ်။ အများကြီးပေါ်လာတယ်။ ကျနော့်လူရင်းတွေပါ။ ခင်များဥစ္စာက ကျနော်တို့ နိုင်မယ့်တိုက်ပွဲက - ဒီတိုက်ပွဲကြီးက ကျနော်တို့ နိုင်ကိုနိုင်ရမယ့် တိုက်ပွဲ။ ဒီတိုက်ပွဲကြီးမှာ ဘယ်လိုအဆိုပြုလိုက်တာလဲ။ ပြန်စဉ်းစားပေးပါအုံးလို့ ပြောတဲ့အခါမှာ ကျနော်က အဲဒီဟာကို ယာယီရပ်ထားရတယ်။ ကျနော်ကတော့ အင်မတန် စိုးရိမ်စိတ်နဲ့ ခင်များပြောသလို တွေးပြီးတော့ ကြားလမ်းတစ်ခုကို ချပေးတာ။ သို့ပေမဲ့ ကျနော်တို့က တိုက်ပွဲကို ရစ်လာတဲ့အခါမှာ အခု (၂၃) ရက် ဖြစ်လာတဲ့အခါမှာ ဒီတိုက်ပွဲကို နိုင်မှဖြစ်တော့မယ်။ စေ့စပ်ရေးလဲ မရတော့ဘူး။ မနိုင်လို့ မရတော့ဘူးဆိုတာ ကျနော် လုံးဝယုံကြည်တယ်။ သံဓိဌာန်လည်း ချလိုက်ပြီ။

မေး ။ ။ နောက်ဆုံး ကျနော့်စိုးရိမ်ချက်တစ်ခုကို ပြောချင်ပါသေးတယ်။ အဲဒါက စောစောကပြောတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ နိုင်ငံပြုသုခမိန်တွေခေါ်တဲ့ Statemen တွေ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားပြီးတော့ တကယ်မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြီး တက်လာသည့်တိုင်အောင် စစ်တပ်ဆိုတဲ့ဟာက သူတို့လက်နက်ရှိနေရင်၊ စိတ်ကူးပေါက်ရင် ပြန်သိမ်းရင် သိမ်းမှာပဲ။ ထိုင်းမှာပဲကြည့်။ ၁၉၉၇ ခုနှစ်တုန်းက ဥပဒေဆိုရင် ၁၉၃၂ ခုနှစ်ကတည်းက လုပ်လာတဲ့အထဲမှာ ၉၇ ဥပဒေကို အတော်လေး ချီးကျူးကြတယ်။ တကယ့် ဥပဒေပညာရှင်တွေ တရားမျှတစွာ ရေးဆွဲကြတယ်။ အဲဒီဟာကိုလဲ နောက်ပိုင်းမှာ စစ်တပ်က ပြန်ဖျက်ပြီးတော့ အာဏာပြန်သိမ်းတယ်။ ဆိုတော့ စစ်တပ်ဆိုတာက ဖွဲ့စည်ညးပုံဥပဒေ ဘယ်လောက်ပဲကောင်းနေ ကောင်းနေ။ စစ်တပ်အင်အားကြီးနေသမျှကတော့ ဒီသံသရာထဲမှာ ပြန်ရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်လည်း ရှိနေတော့ အဲဒါကို ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ အဲဒါကို လုံးဝစိုးရိမ်သင့်တာပေါ့။ တစ်ရာရာခိုင်နှုန်းမှန်တယ်။ ကျော်ရင်တောင် ကျော်နေအုံးမယ်။ သို့သော် အဲဒါကိုလဲ ထည့်စဉ်းစားပြီသားပါ။ အဲဒါက တခြားတော့ မဟုတ်ဘူး။ စစ်တပ်က လုံးဝပြန်ပြီးတော့ ပြောင်းရလိမ့်မယ်။ သို့သော် သူတို့ကို အာမခံချက် ပေးရလိမ့်မယ်။ အဲဒါ ပြည်သူလူထုဆန္ဒနဲ့ ပြည်သူလူထုကတော့ သဘောတူချင်မှ တူမယ်။ ဒါပေမဲ့ အများဆန္ဒနဲ့ ဆုံးဖြတ်ပေါ့။ ကျနော်တို့က သူတို့ကိုတော့ ဂရန်တီ ပေးရမယ်။ အခုနလို ကြားဖြတ်အစိုးရတရပ်နဲ့ သွားမယ်ဆိုရင်တော့ ဂရန်တီ ပေးရမယ်။ အဲဒီ ဂရန်တီကတော့ နောက်ကြောင်းလဲ အရေးမယူရဘူး။ အခု ၂၀၂၀ အာဏာသိမ်းတာတွေကိုလဲ ခင်များတို့ကို အရေးမယူဘူး။ ခင်များတို့ကလဲ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းတာကို လက်ခံရမယ်။ နောက်ရေးဆွဲမယ့် ဥပဒေကတော့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်မယ့်၊ တိုင်းရင်းသားတွေ ကိုယ့် အခြေခံဥပဒေနဲ့ကိုယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဟာ အာမခံချက်ကို ပေးရမယ်။ နောက်တခါ ကျနော်တို့ စစ်တပ်ကို (၄) နှစ် တစ်ကြိမ် စစ်ဦးစီးချုပ်ပြောင်းမယ်။ ပူးတွဲ Joint Chief of Staff နဲ့ အလှည့်ကျ အုပ်ချုပ်မယ်ဆိုတဲ့ ပုံစံတွေ - အမေရိကလိုပေါ့ - Joint Chief of Staff နဲ့ အလှည့်ကျ အုပ်ချုပ်မယ်။ အဲဒါမျိုးတွေ အပါအဝင် စစ်တပ်ကြီးကတော့ လုံးုဝကြီး ပြောင်းပြစ်ရမယ်။ ဘယ်လိုပြောင်းမလဲဆိုရင် ကျနော်တို့ တိုင်းရင်းသားတပ်တွေပါ ပါလာတဲ့ ဖယ်ဒရယ်တပ်မတော်ကြီးဖြစ်အောင် ပြန်ပြင်ရမယ်။ အဲဒါကတွေကို စစ်တပ်က လက်မခံဘူးဆိုရင်တော့ ကျနော်တို့ ဆက်တိုက်ဖို့ကလွဲလို့ မရှိတော့ဘူး။ အဲဒါကြောင့်မို့ ကျွဲကူးရေပါ ပြည်သူလူထုက တိုက်နေတာ၊ အသက်တွေ အသေခံနေတာကို ကျနော်တို့လဲ မကြည့်ရက်ပေမယ့်လို့ ဒီတိုက်ပွဲကြီးကို နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ထောက်ခံနေပါတယ်။

XS
SM
MD
LG