သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းျဖတ္ၿပီး ေနရပ္ျပန္ဖို႔ႀကိဳးစားသူ ျမန္မာေတြ ဖမ္းဆီးခံရ


ကမ္ခ်နဘူရီခရိုင္မွာ ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - လဝက - မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံရဲ႕ နာရာသီဝခရိုင္၊ ကမ္ခ်နဘူရီခရိုင္၊ ပရာကြ်တ္ခရိုင္နဲ႔ တာ့ခ္ခရိုင္ေတြမွာ ဒီရက္အတြင္း လူကုန္ကူးခံရတ့ဲ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးမွာပါ။

ထိုင္းနိုင္ငံ ေတာင္ပိုင္း နရာသီ၀ ခရိုင္ Su-ngai Kolok ျမစ္ကို ျဖတ္ျပီး ၀င္ေရာက္လာတဲ့ ျမန္မာနိုင္ငံသား ၄၅ ဦး ကို မတ္လ ၃ ရက္ေန႔က ထိုင္း ရဲတပ္ဖြဲ႔ေတြက ဖမ္းဆီးခဲ့ျပီး လူ၀င္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္းကို ပို႔ေဆာင္ၿပီး ပထမဆံုး ကုိဗစ္စစ္ေဆးခဲ့ပါတယ္။

ကိုယ္၀န္ေဆာင္အမ်ိဳးသမီး တဦးပါတဲ့ျမန္မာနိုင္ငံသား အုပ္စုေတြဟာ လူပဲြစားေတြကိုေငြေပးျပီး မေလးရွားနယ္စပ္ကေန ထိုင္းနိုင္ငံကို ျဖတ္ျပီး ျပည္ေတာ္ျပန္၀င္ဖို႔ ျပန္လာခဲ့တာျဖစ္ေၾကာင္း ထုိင္းလ၀ကအရာရွိေတြက ဆုိပါတယ္။ မတ္လ ၃ ရက္ေန႔မွာပဲ တာ့ခရိုင္ဖြတ္ဖရျမိဳ႕နယ္ထဲမွာ ျမန္မာႏို္င္ငံသားကုိ ၁၅ ေယာက္ကို ဖမ္းမိခဲ့ပါတယ္။

ဖြတ္ဖရ ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး Mrs. Sompong Fungthaweewong ကေတာ့ ထုိင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"ထုိင္းျမန္မာနယ္စပ္က ျမန္မာႏိုင္ငံသားေတြ အမ်ားဆံုး ၀င္ေရာက္လာႏိုင္တဲ့ေနရာျဖစ္တဲ့ ဖြတ္ဖရျမိဳ႕နယ္မွာ က်ေနာ္တို႔ အျမဲမျပတ္ေစာင့္ၾကည့္စစ္ေဆးေနခ်ိန္မွာ ျမန္မာႏိုင္ငံသားေတြကုိ ဖမ္းမိခဲ့တာပါ။ သူတို႔ကုိေတာ့ ကုိဗစ္ကပ္ေရာဂါဆိုင္ရာ ေဆးစစ္ျပီး တည္ဆဲဥပေဒအရ အေရးယူသြားမွာ ျဖစ္ပါတယ္။ အခုလိုျမန္မာႏို္င္ငံတြင္းမွာ ႏိုင္ငံေရးမတည္ျငိမ္မႈ ျဖစ္တယ္ဆုိရင္ ပိုၿပီး ၀င္ေရာက္လာႏိုင္တဲ့အတြက္က်ေနာ္တို႔ လံုျခံဳေရးေတြ ခ်ျပီးေစာင့္ၾကည့္ေနတာပါ။"

မတ္လ ၂ ရက္ေန႔ ညကေတာ့ ထိုင္းျမန္မာနယ္စပ္ ကမ္းခ်နဘူရီခရိုင္ ဘန္႔ေကာေက်းရြာမွာ ျမန္မာနိုင္ငံကေန ဝင္ေရာက္လာၾကတဲ့ တရားမ၀င္ ျမန္မာနိုင္ငံသား ၄၉ ဦး ပါတဲ့ အုပ္စုကုိထိုင္းနယ္ျခားေစာင့္တပ္ရင္းက ဖမ္းဆီးခဲ့ပါတယ္။ ကမ္ခ်နဘူရခရိုင္အတြင္းမွာ ဖမ္းမိတဲ့ လူ ၃၀ ေက်ာ္နဲ႔ ပတ္သက္လုိ႔ FED အဖဲြ႔က ျမန္မာအလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက အခုလုိေျပာသြားပါတယ္။

"၃၃ ေယာက္ ေျပာရမယ္ဆိုရင္ ထုိင္းပဲြစားလည္း ပါတယ္။ သူကေတာ့ တေယာက္ ၃,၀၀၀ နဲ႔ ေခၚလာတယ္၊ ေျပာတယ္။ ခရိုင္ကေတာ့ ကမ္ခ်နဘူရီခရိုင္၊ စံခဘူရီျမိဳ႕နယ္ထဲမွာလည္း အဂၤါေန႔အေစာႀကီး မိတာ။ ပဲြစားေတြကိုေတာ့ ေပးရတာေတာ့ မတူဘူးေပါ့။ ျမန္မာပဲြစားေတြက ေျပာတာကေတာ့ သြားခ်င္တဲ့ ေနရာထိ ေရာက္ေအာင္ဆုိရင္ေတာ့ ၁၄,၀၀၀ ကေန ၁၆,၀၀၀ ၀န္းက်င္ထိေပးရတယ္။ အဲဒီဝန္းက်င္ေပါ့"

ဒါ့အျပင္ ပေက်ာ့့ကီရိကန္ ေနာင္ေခါၿမိဳ႕က အမွတ္ (၅) ေက်းရြာအုပ္စု အနီးက ရာဘာသစ္ေတာအတြင္း ျမန္မာနိုင္ငံဘက္က ဝင္ေရာက္လာၾကတဲ့ ျမန္မာနိုင္ငံသား ၃၀ ေက်ာ္ကိုလည္း ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ ့ လ၀က ရဲတပ္ဖြဲ ့၀င္ေတြက ပိတ္ဆို ့ဖမ္းဆီးလိုက္ပါတယ္။

ရာဘာသစ္ေတာအတြင္း လူကုန္ကူးသူေတြ လာအေခၚကို ေစာင့္ေနၾကတဲ့ ျမန္္မာနိုင္ငံသားေတြဟာ ရဲတပ္ဖြဲ ့၀င္ေတြကို ဖမ္းဆီးတာေၾကာင့္ အမ်ိဳးသား ၂၅ ဦး၊ အမ်ိဳးသမီး ၁၆ ဦးကို ဖမ္းမိခဲ့ျပီး တျခားလူေတြက ထြက္ေျပး လြတ္ေျမာက္သြားတယ္လို႔ ဆုိပါတယ္။

ဖမ္းမိသူေတြကေတာ့ အသက္၂၀၊ ၄၀ အၾကားရွိတဲ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္ျပီး သူတို႔ေတြဟာ ထိုင္းနိုင္ငံ စမုဆာခြန္းခရိုင္အတြင္း အလုပ္အကိုင္ ရွာေဖြဖို ့ လူေမွာင္ခိုသမားေတြကို ဘတ္ေငြ ၁၀,၀၀၀ ေက်ာ္ ေပးျပီး ဝင္ေရာက္လာခဲ့ၾကတာလို ့ ဆိုပါတယ္။ ဒီရက္ပုိင္းမွာေတာ့ ထုိင္းႏုိင္ငံမွာ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတဲ့ၾကားကပဲ လူကုန္ကူးသူေတြနဲ႔ ျမန္မာႏိုင္ငံသားအုပ္စုလိုက္ကို ဖမ္းဆီးမိေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းဖြတ်ပြီး နေရပ်ပြန်ဖို့ကြိုးစားသူ မြန်မာတွေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံရဲ့ နာရာသီဝခရိုင်၊ ကမ်ချနဘူရီခရိုင်၊ ပရာကျွတ်ခရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာ ဒီရက်အတွင်း လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးမှာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်း နရာသီ၀ ခရိုင် Su-ngai Kolok မြစ်ကို ဖြတ်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၅ ဦး ကို မတ်လ ၃ ရက်နေ့က ထိုင်း ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ပြီး ပထမဆုံး ကိုဗစ်စစ်ဆေးခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးပါတဲ့မြန်မာနိုင်ငံသား အုပ်စုတွေဟာ လူပွဲစားတွေကိုငွေပေးပြီး မလေးရှားနယ်စပ်ကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး ပြည်တော်ပြန်ဝင်ဖို့ ပြန်လာခဲ့တာဖြစ်ကြောင်း ထိုင်းလဝကအရာရှိတွေက ဆိုပါတယ်။ မတ်လ ၃ ရက်နေ့မှာပဲ တာ့ခရိုင်ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံသားကို ၁၅ ယောက်ကို ဖမ်းမိခဲ့ပါတယ်။

ဖွတ်ဖရ ခရိုင် အုပ်ချုပ်ရေးမှူး Mrs. Sompong Fungthaweewong ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"ထိုင်းမြန်မာနယ်စပ်က မြန်မာနိုင်ငံသားတွေ အများဆုံး ဝင်ရောက်လာနိုင်တဲ့နေရာဖြစ်တဲ့ ဖွတ်ဖရမြို့နယ်မှာ ကျနော်တို့ အမြဲမပြတ်စောင့်ကြည့်စစ်ဆေးနေချိန်မှာ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာပါ။ သူတို့ကိုတော့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ဆေးစစ်ပြီး တည်ဆဲဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ အခုလိုမြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်တယ်ဆိုရင် ပိုပြီး ဝင်ရောက်လာနိုင်တဲ့အတွက်ကျနော်တို့ လုံခြုံရေးတွေ ချပြီးစောင့်ကြည့်နေတာပါ။"

မတ်လ ၂ ရက်နေ့ ညကတော့ ထိုင်းမြန်မာနယ်စပ် ကမ်းချနဘူရီခရိုင် ဘန့်ကောကျေးရွာမှာ မြန်မာနိုင်ငံကနေ ဝင်ရောက်လာကြတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၄၉ ဦး ပါတဲ့ အုပ်စုကိုထိုင်းနယ်ခြားစောင့်တပ်ရင်းက ဖမ်းဆီးခဲ့ပါတယ်။ ကမ်ချနဘူရခရိုင်အတွင်းမှာ ဖမ်းမိတဲ့ လူ ၃၀ ကျော်နဲ့ ပတ်သက်လို့ FED အဖွဲ့က မြန်မာအလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောသွားပါတယ်။

"၃၃ ယောက် ပြောရမယ်ဆိုရင် ထိုင်းပွဲစားလည်း ပါတယ်။ သူကတော့ တယောက် ၃,၀၀၀ နဲ့ ခေါ်လာတယ်၊ ပြောတယ်။ ခရိုင်ကတော့ ကမ်ချနဘူရီခရိုင်၊ စံခဘူရီမြို့နယ်ထဲမှာလည်း အင်္ဂါနေ့အစောကြီး မိတာ။ ပွဲစားတွေကိုတော့ ပေးရတာတော့ မတူဘူးပေါ့။ မြန်မာပွဲစားတွေက ပြောတာကတော့ သွားချင်တဲ့ နေရာထိ ရောက်အောင်ဆိုရင်တော့ ၁၄,၀၀၀ ကနေ ၁၆,၀၀၀ ဝန်းကျင်ထိပေးရတယ်။ အဲဒီဝန်းကျင်ပေါ့"

ဒါ့အပြင် ပကျော့ကီရိကန် နောင်ခေါမြို့က အမှတ် (၅) ကျေးရွာအုပ်စု အနီးက ရာဘာသစ်တောအတွင်း မြန်မာနိုင်ငံဘက်က ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လဝက ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးလိုက်ပါတယ်။

ရာဘာသစ်တောအတွင်း လူကုန်ကူးသူတွေ လာအခေါ်ကို စောင့်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာကြောင့် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၆ ဦးကို ဖမ်းမိခဲ့ပြီး တခြားလူတွေက ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေကတော့ အသက်၂၀၊ ၄၀ အကြားရှိတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး သူတို့တွေဟာ ထိုင်းနိုင်ငံ စမုဆာခွန်းခရိုင်အတွင်း အလုပ်အကိုင် ရှာဖွေဖို့ လူမှောင်ခိုသမားတွေကို ဘတ်ငွေ ၁၀,၀၀၀ ကျော် ပေးပြီး ဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။ ဒီရက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့ကြားကပဲ လူကုန်ကူးသူတွေနဲ့ မြန်မာနိုင်ငံသားအုပ်စုလိုက်ကို ဖမ်းဆီးမိနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG