သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ကို ဆန္ရိကၡာေထာက္ပံ့ျခင္းမရွိလို႔ ထိုင္းဗိုလ္ခ်ဳပ္ျငင္းဆို 


ျမန္မာနဲ႔နယ္စပ္ထိုင္းႏုိင္ငံ၊ မဲေဆာက္ၿမိဳ႕ဘက္မွာ ထိုင္းလံုၿခံဳေရးတပ္ဖြဲ႔ကင္းလွည့္ေနစဥ္။ (မတ္၊ ၁၈၊၂၁။)

ျမန္မာစစ္တပ္ကို ထုိင္းက ဆန္ရိကၡာေထာက္ပံ့ေနတယ္ဆိုတာ မဟုတ္ဘူးလို႔ ထိုင္းစစ္တပ္က ျငင္းဆန္လိုက္ပါတယ္။ ထိုင္းျမန္မာနယ္စပ္က ျမန္မာတပ္ဖဲြ႔ေတြအတြက္ ထိုင္းစစ္တပ္က ဆန္အိတ္ ၇၀၀ ကို ထိုင္းအစိုးရအမိန္႔အရ ေပးခဲ့တယ္လို႔ အမည္မေဖာ္တဲ့ လံုၿခံဳေရးအရာ႐ွိတေယာက္အေျပာကို ကိုးကားၿပီး ထိုင္းသတင္းမီဒီယာေတြမွာ ထုတ္ျပန္ခဲ့တာၾကပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ထိုင္း Naresuan (နရဲစြမ္) တပ္ရဲ႕ တပ္မွဴးႀကီး ဗိုလ္ခ်ဳပ္ Amnat Srimak က ထိုင္းစစ္တပ္အေနနဲ႔ ျမန္မာစစ္တပ္ကို ေထာက္ပံ့ေနတာ မဟုတ္ဘူးလို႔ တံု႔ျပန္ခ့ဲတာပါ။ ျမန္မာစစ္တပ္ဖက္က အကူအညီေတာင္း ဆက္သြယ္လာတာမ်ဳိး မ႐ွိသလို ထိုင္းစစ္တပ္ရဲ႕ အေထာက္အပံ့ေပးဖို႔ ေတာင္းဆိုတာလည္း မ႐ွိဘူးလို႔ သူကေျပာပါတယ္။ နယ္စပ္မွာ ပံုမွန္ ကုန္ေရာင္းကုန္ဝယ္လုပ္တယ္လို႔ သူထင္ေၾကာင္းနဲ႔ အေကာက္ခြန္စည္းကမ္းေတြနဲ႔အညီ အေရာင္းအဝယ္လုပ္တယ္ဆိုရင္ ဥပေဒခ်ဳိးေဖာက္တာ မဟုတ္တဲ့အတြက္ တားစရာအေၾကာင္းမ႐ွိဘူးလို႔ ထိုင္းဗိုလ္ခ်ဳပ္ Amnat Srimak က ေၾကညာခ်က္ထုတ္ျပန္ တံု႔ျပန္ေၾကာင္း Reuters သတင္းမွာေရးထားပါတယ္။ ထိုင္းအစိုးရဘက္ကေတာ့ တစံုတရာ တံု႔ျပန္ျခင္း မ႐ွိေသးဘူးလို႔လည္း သတင္းထဲမွာ ေဖာ္ျပထားပါတယ္။

COVID ကပ္ေရာဂါေၾကာင့္ ထိုင္းနဲ႔ ျမန္မာနယ္စပ္ျဖတ္ေက်ာ္မႈေတြကို အႀကီးအက်ယ္ကန္႔သတ္ထားခ်ိန္ နယ္စပ္မွာ ဆန္အိတ္လို႔ယူဆရတဲ့ အိတ္ေတြကို ကုန္တင္ကားေတြေပၚ တင္ေနတဲ့ပံုေတြ ထိုင္းသတင္းမီဒီယာေတြက ထုတ္ျပန္ခဲ့ၾကတာပါ။ Reuters သတင္းဌာနက ရ႐ွိတဲ့ ပံုေတြမွာေတာ့ ေပ်ာက္ၾကား ယူနီေဖာင္းဝတ္ထားသူတခ်ဳိ႕ထိုင္းဘက္အျခမ္းကို ကူးလာတဲ့ပုံေတြ သူတုိ႔ရဲ႕ ကုိယ္အပူခ်ိန္ကို ထိုင္းဘက္က တိုင္းေနတဲ့ ပံုေတြ ျမင္ရပါတယ္။

ကရင္လက္နက္ကိုင္ KNU ထိန္းခ်ဳပ္နယ္ေျမနားမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ေတြအတြက္ ရိကၡာမပို႔ႏိုင္ေအာင္ KNU တပ္ေတြက ျဖတ္ထားတယ္လို႔ ထိုင္းသတင္းမီဒီယာေတြက ထုတ္ျပန္ၾကပါတယ္။ ဒီကိစၥကို ေလာေလာဆယ္အထိ KNU ဘက္က ဘာမ မတံု႔ျပန္ေသးပါဘူး။ KNU က စစ္တပ္ အာဏာသိမ္းမႈကို အျပစ္တင္ၿပီး ဒီမိုကေရစီေရးေတာင္းဆို ဆႏၵျပမႈေတြကို ေထာက္ခံအားေပးေၾကာင္း ျပသခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာစစ်တပ်ကို ဆန်ရိက္ခာထောက်ပံ့ခြင်းမရှိလို့ ထိုင်းဗိုလ်ချုပ်ငြင်းဆို

မြန်မာစစ်တပ်ကို ထိုင်းက ဆန်ရိက္ခာထောက်ပံ့နေတယ်ဆိုတာ မဟုတ်ဘူးလို့ ထိုင်းစစ်တပ်က ငြင်းဆန်လိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်က မြန်မာတပ်ဖွဲ့တွေအတွက် ထိုင်းစစ်တပ်က ဆန်အိတ် ၇၀၀ ကို ထိုင်းအစိုးရအမိန့်အရ ပေးခဲ့တယ်လို့ အမည်မဖော်တဲ့ လုံခြုံရေးအရာရှိတယောက်အပြောကို ကိုးကားပြီး ထိုင်းသတင်းမီဒီယာတွေမှာ ထုတ်ပြန်ခဲ့တာကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်း Naresuan (နရဲစွမ်) တပ်ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ် Amnat Srimak က ထိုင်းစစ်တပ်အနေနဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့နေတာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့တာပါ။ မြန်မာစစ်တပ်ဖက်က အကူအညီတောင်း ဆက်သွယ်လာတာမျိုး မရှိသလို ထိုင်းစစ်တပ်ရဲ့ အထောက်အပံ့ပေးဖို့ တောင်းဆိုတာလည်း မရှိဘူးလို့ သူကပြောပါတယ်။ နယ်စပ်မှာ ပုံမှန် ကုန်ရောင်းကုန်ဝယ်လုပ်တယ်လို့ သူထင်ကြောင်းနဲ့ အကောက်ခွန်စည်းကမ်းတွေနဲ့အညီ အရောင်းအဝယ်လုပ်တယ်ဆိုရင် ဥပဒေချိုးဖောက်တာ မဟုတ်တဲ့အတွက် တားစရာအကြောင်းမရှိဘူးလို့ ထိုင်းဗိုလ်ချုပ် Amnat Srimak က ကြေညာချက်ထုတ်ပြန် တုံ့ပြန်ကြောင်း Reuters သတင်းမှာရေးထားပါတယ်။ ထိုင်းအစိုးရဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးဘူးလို့လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

COVID ကပ်ရောဂါကြောင့် ထိုင်းနဲ့ မြန်မာနယ်စပ်ဖြတ်ကျော်မှုတွေကို အကြီးအကျယ်ကန့်သတ်ထားချိန် နယ်စပ်မှာ ဆန်အိတ်လို့ယူဆရတဲ့ အိတ်တွေကို ကုန်တင်ကားတွေပေါ် တင်နေတဲ့ပုံတွေ ထိုင်းသတင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ကြတာပါ။ Reuters သတင်းဌာနက ရရှိတဲ့ ပုံတွေမှာတော့ ပျောက်ကြား ယူနီဖောင်းဝတ်ထားသူတချို့ထိုင်းဘက်အခြမ်းကို ကူးလာတဲ့ပုံတွေ သူတို့ရဲ့ ကိုယ်အပူချိန်ကို ထိုင်းဘက်က တိုင်းနေတဲ့ ပုံတွေ မြင်ရပါတယ်။

ကရင်လက်နက်ကိုင် KNU ထိန်းချုပ်နယ်မြေနားမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်တွေအတွက် ရိက္ခာမပို့နိုင်အောင် KNU တပ်တွေက ဖြတ်ထားတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ထုတ်ပြန်ကြပါတယ်။ ဒီကိစ္စကို လောလောဆယ်အထိ KNU ဘက်က ဘာမ မတုံ့ပြန်သေးပါဘူး။ KNU က စစ်တပ် အာဏာသိမ်းမှုကို အပြစ်တင်ပြီး ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြမှုတွေကို ထောက်ခံအားပေးကြောင်း ပြသခဲ့ပါတယ်။

#MyanmarMilitaryCoup #MyanmarThailand #MyanmarMilitary #MyanmarThailandBorder #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG