သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗန္းေမာ္ၿမိဳ႕အနီး KIA နဲ႔ တပ္မေတာ္ တိုက္ပြဲျပင္းထန္


KIA တပ္ဖဲြ႔ဝင္မ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕နယ္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္ခြဲဘက္မွာ ျမန္မာစစ္တပ္နဲ႔ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO တပ္တို႔အၾကား တိုက္ပြဲျပင္းထန္ျဖစ္ပြါးခဲ့တယ္လို႔ ႏွစ္ဘက္တပ္ ေျပာခြင့္ရသူေတြက အတည္ျပဳေျပာပါတယ္။ ဒီအေျခအေနကို ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းထားတဲ့ ျမန္မာစစ္တပ္နဲ႔ ေျမာက္ပိုင္းေဒသက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ တခ်ိဳ႕ေတြန႔ဲ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

ဗန္းေမာ္ၿမိဳ႕နယ္ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္ခြဲမွာ ရွိတဲ့ ျမန္မာစစ္တပ္ရဲ႕အေလာဘြမ္ တပ္စခန္းကို ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIA တပ္ဖြဲ႕ကေန တိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“ညတုန္းက မေန႔က ညက ေဒါ့ဖုန္းယန္ဘက္မွာေတာ့ က်ေနာ္တို႔ စခန္း ၃ ခုေလာက္ကိုလာၿပီး ပစ္ခတ္တာ ရွိတယ္။ အဲဒီမွာ အေလာဘြမ္စခန္းေပါ့။ အေလာဘြမ္စခန္းကေတာ့ အခုေတာ့ က်ေနာ္တို႔ အဆက္သြယ္ျပတ္ေနတယ္။ က်န္တဲ့စခန္းေတြက ပုံမွန္အတိုင္းပါပဲ။ ျပန္ဆုတ္သြားတယ္။ အေလာဘြမ္စခန္းကေတာ့ အဆက္သြယ္ျပတ္ေနတယ္။ ႏွစ္ဘက္ထိခိုက္မႈအေျခအေနေတာ့ က်ေနာ္တို႔ မသိရေသးဘူး။”

အေလာဘြမ္စခန္းအပါ၀င္ တပ္မေတာ္စခန္းစခန္း ၃ ခုကို KIA ဘက္က ၀င္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္းကိုေတာ့ KIA ေျပာခြင့္ရ ဒုဗိုလ္မွဴးႀကီးေနာ္ဘူကေျပာပါတယ္။

“ဟို အေလာဘြမ္မွာ တိုက္ပြဲျဖစ္တာ မွန္ပါတယ္။ မေန႕က မတ္လ ၂၄ ေပါ့ေနာ္။ ညေန ၅ နာရီခြဲအခ်ိန္ကနဲ႔ ဒီအေလာဘြမ္ ဗမာတပ္မေတာ္တည္ရွိတဲ့ တပ္စခန္းျဖစ္ပါတယ္။ အဲဒီမွာတိုက္ပြဲရွိပါတယ္။ KIA တပ္နဲ႔ တိုက္ပြဲျဖစ္ပါတယ္။ ဒီမနက္ ၄ နာရီထိ တိုက္ပြဲျဖစ္တာရွိပါတယ္။”

ဒီမနက္ဘက္ အေလာဘြမ္စခန္းသိမ္းတိုက္ပြဲမွာ ထိခိုက္မႈအေျခအေနကိုေတာ့ မသိရေသးဘူးလို႔ ဒုဗိုလ္မွဴးႀကီး ေနာ္ဘူက ဆိုပါတယ္။

ျမစ္ႀကီးနား-ဗန္းေမာ္ လမ္းမေပၚရွိ အေလာဘြမ္နဲ႔ မိုင္ေဘာဝ္ ရွန္ထုန္စစ္တပ္စခန္းေတြကို KIA ကေန မေန႔ညေနပိုင္းက စၿပီး ထိုးစစ္ဆင္ခဲ့သလို ဒီေန႔မတ္လ ၂၅ ရက္မနက္ပိုင္းမွာ အေလာဘြမ္ပင္မ တပ္စခန္းကို သိမ္းပိုက္နိုင္ခဲ့ျပီး လက္နက္ ခဲယမ္းနဲ႔ စစ္သုံ႔ပန္း တခ်ိဳ႕ဖမ္းဆီးရမိတယ္လို႔ KIA ေရွ႕တန္းသတင္းမွာ ေဖာ္ျပထားေပမဲ့ အတည္ျပဳခ်က္မရေသးပါဘူး။

ၿပီးခဲ့တဲ့ရက္ေတြက ၀ိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ KIA တပ္ရင္း ၃ နယ္ေျမကို ျမန္မာစစ္တပ္ကေန ထိုးစစ္ဆင္လာလို႔ အခုလိုျပန္တိုက္ခိုက္တာလို႔လည္း ဒုဗိုလ္မွဴးႀကီး ေနာ္ဘူကဆိုပါတယ္။

“ဒီမတ္လ ၂၂ ရက္ေန႔မွာကေတာ့ က်ေနာ္တို႔ စခန္းေပါ့ေနာ္။ ဖလပ္ဘဲကို ျမန္မာ့တပ္မေတာ္ေပါ့ ဆမကနဲ႔ လက္နက္ႀကီးလက္နက္ငယ္နဲ႔ တညလုံးပစ္ခတ္တဲ့တိုက္ပြဲတခု။ သူတို႕ ပစ္တာေပါ့။ က်ေနာ္တို႔ တုံ႔ျပန္တာေတာ့ မရွိဘူး။ ေနာက္ ၂၃ ရက္ေန႔မွာကေတာ့ ဆဒုံးေပါ့ က်ေနာ္တို႔ တပ္ရင္း ၃ ဌာနခ်ဳပ္ေပါ့။ အဲဒီဘက္မွာ တပ္မေတာ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ၿပီးမွ က်ေနာ္တို႔ရဲ႕ တပ္ျခံထဲမွာ က်တာလည္း ရွိပါတယ္။ ျပည္သူလူထုေတြ စစ္ေရွာင္ေနတဲ့ စခန္းမွာလည္း သူတို႔ပစ္ခ်တာရွိပါတယ္။ တရုတ္ျပည္ဘက္ျခမ္းကို သူတို႕ရဲ႕လက္နက္ႀကီးက က်ည္ဆံႏွစ္ခုေတာင္မွ က်ေပါက္ကြဲတဲ့ အေနအထားေတြ ရွိပါတယ္။”

ျပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာစစ္တပ္ကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈမွာ တရုတ္နယ္စပ္ေခါင္ေရွာင္စစ္ေရွာင္စခန္းနဲ႔ တရုတ္ျပည္ဘက္ျခမ္းကို လက္နက္ႀကီးက်ခဲ့တယ္လို႔လည္း ဆိုပါတယ္။

အလားတူ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ ပန္ခါးနဲ႔ မန္းပန္အြယ္ေလာေက်းရြာၾကားမွာ ဒီေန႔မနက္ တအာင္း ပေလာင္တပ္ဖြဲ႔(TNLA)နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ TNLA ေျပာခြင့္ရ ဗိုလ္မွဴးတာအိုက္ေက်ာ္ ကေျပာပါတယ္။

“ဒီမနက္က ၈ နာရီခြဲမွာ က်ေနာ္တို႔ စစ္တပ္ကေန နမ့္ခမ္းၿမိဳ႕နယ္ထဲက ပန္ခါးရြာကေန က်ေနာ္တို႔ ဟိုဘက္ မန္းပန္ဘက္ကိုသြားတဲ့အခ်ိန္ေပါ့။ အဲဒီမွာ လမ္းေပၚမွာ တပ္နဲ႔ ေတြ႔ေတာ့ ပစ္ခတ္မႈျဖစ္ၾကတယ္။ အေသးစိတ္ေတာ့ က်ေနာ္တို႔လည္း အဆက္အသြယ္မရေသးဘူး။”

ျမန္မာ့တပ္မေတာ္အပါအ၀င္ ေျမာက္ပိုင္းေဒသ လက္နက္ကိုင္အဖြဲ႕ေတြကေန အပစ္ရပ္စဲေရးေၾကညာတာရွိခဲ့ေပမဲ့ တိုက္ပြဲေတြေတာ့ မရပ္တန္႔နိုင္ေသးပါဘူး။

ေဖေဖာ္၀ါရီ ၁ ရက္ေန႔မွာ ျမန္မာတပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့အျပီး နိုင္ငံတ၀ွမ္းဆန္႔က်င္ သပိတ္ေမွာက္မႈနဲ႔ ၾကံဳေနရသလို တဘက္မွာလည္း ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIA၊ တအာင္းပေလာင္တပ္ဖြဲ႔ TNLA၊ ကရင္အမ်ိဳးသားအစည္းအရံုး KNU လက္ေအာက္ခံ တပ္ဖြဲ႕တခ်ိဳ႕နဲ႔ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗန်းမော်မြို့အနီး KIA နဲ့ တပ်မတော် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့တယ်လို့ နှစ်ဘက်တပ် ပြောခွင့်ရသူတွေက အတည်ပြုပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားတဲ့ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့တွေနဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ ရှိတဲ့ မြန်မာစစ်တပ်ရဲ့အလောဘွမ် တပ်စခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်ဖွဲ့ကနေ တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ညတုန်းက မနေ့က ညက ဒေါ့ဖုန်းယန်ဘက်မှာတော့ ကျနော်တို့ စခန်း ၃ ခုလောက်ကိုလာပြီး ပစ်ခတ်တာ ရှိတယ်။ အဲဒီမှာ အလောဘွမ်စခန်းပေါ့။ အလောဘွမ်စခန်းကတော့ အခုတော့ ကျနော်တို့ အဆက်သွယ်ပြတ်နေတယ်။ ကျန်တဲ့စခန်းတွေက ပုံမှန်အတိုင်းပါပဲ။ ပြန်ဆုတ်သွားတယ်။ အလောဘွမ်စခန်းကတော့ အဆက်သွယ်ပြတ်နေတယ်။ နှစ်ဘက်ထိခိုက်မှုအခြေအနေတော့ ကျနော်တို့ မသိရသေးဘူး။”

အလောဘွမ်စခန်းအပါဝင် တပ်မတော်စခန်းစခန်း ၃ ခုကို KIA ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းကိုတော့ KIA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“ဟို အလောဘွမ်မှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ မနေ့က မတ်လ ၂၄ ပေါ့နော်။ ညနေ ၅ နာရီခွဲအချိန်ကနဲ့ ဒီအလောဘွမ် ဗမာတပ်မတော်တည်ရှိတဲ့ တပ်စခန်းဖြစ်ပါတယ်။ အဲဒီမှာတိုက်ပွဲရှိပါတယ်။ KIA တပ်နဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒီမနက် ၄ နာရီထိ တိုက်ပွဲဖြစ်တာရှိပါတယ်။”

ဒီမနက်ဘက် အလောဘွမ်စခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ အလောဘွမ်နဲ့ မိုင်ဘောဝ် ရှန်ထုန်စစ်တပ်စခန်းတွေကို KIA ကနေ မနေ့ညနေပိုင်းက စပြီး ထိုးစစ်ဆင်ခဲ့သလို ဒီနေ့မတ်လ ၂၅ ရက်မနက်ပိုင်းမှာ အလောဘွမ်ပင်မ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းနဲ့ စစ်သုံ့ပန်း တချို့ဖမ်းဆီးရမိတယ်လို့ KIA ရှေ့တန်းသတင်းမှာ ဖော်ပြထားပေမဲ့ အတည်ပြုချက်မရသေးပါဘူး။

ပြီးခဲ့တဲ့ရက်တွေက ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA တပ်ရင်း ၃ နယ်မြေကို မြန်မာစစ်တပ်ကနေထိုးစစ်ဆင်လာလို့ အခုလိုပြန်တိုက်ခိုက်တာလို့လည်း ဒုဗိုလ်မှူးကြီး နော်ဘူကဆိုပါတယ်။

“ဒီမတ်လ ၂၂ ရက်နေ့မှာကတော့ ကျနော်တို့ စခန်းပေါ့နော်။ ဖလပ်ဘဲကို မြန်မာ့တပ်မတော်ပေါ့ ဆမကနဲ့ လက်နက်ကြီးလက်နက်ငယ်နဲ့ တညလုံးပစ်ခတ်တဲ့တိုက်ပွဲတခု။ သူတို့ ပစ်တာပေါ့။ ကျနော်တို့ တုံ့ပြန်တာတော့ မရှိဘူး။ နောက် ၂၃ ရက်နေ့မှာကတော့ ဆဒုံးပေါ့ ကျနော်တို့ တပ်ရင်း ၃ ဌာနချုပ်ပေါ့။ အဲဒီဘက်မှာ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ပြီးမှ ကျနော်တို့ရဲ့ တပ်ခြံထဲမှာ ကျတာလည်း ရှိပါတယ်။ ပြည်သူလူထုတွေ စစ်ရှောင်နေတဲ့ စခန်းမှာလည်း သူတို့ပစ်ချတာရှိပါတယ်။ တရုတ်ပြည်ဘက်ခြမ်းကို သူတို့ရဲ့လက်နက်ကြီးက ကျည်ဆံနှစ်ခုတောင်မှ ကျပေါက်ကွဲတဲ့ အနေအထားတွေ ရှိပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ တရုတ်နယ်စပ်ခေါင်ရှောင်စစ်ရှောင်စခန်းနဲ့ တရုတ်ပြည်ဘက်ခြမ်းကို လက်နက်ကြီးကျခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်ခါးနဲ့ မန်းပန်အွယ်လောကျေးရွာကြားမှာ ဒီနေ့မနက် တအာင်း ပလောင်တပ်ဖွဲ့(TNLA)နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော် ကပြောပါတယ်။

“ဒီမနက်က ၈ နာရီခွဲမှာ ကျနော်တို့ စစ်တပ်ကနေ နမ့်ခမ်းမြို့နယ်ထဲက ပန်ခါးရွာကနေ ကျနော်တို့ ဟိုဘက် မန်းပန်ဘက်ကိုသွားတဲ့အချိန်ပေါ့။ အဲဒီမှာ လမ်းပေါ်မှာ တပ်နဲ့ တွေ့တော့ ပစ်ခတ်မှုဖြစ်ကြတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း အဆက်အသွယ်မရသေးဘူး။”

မြန်မာ့တပ်မတော်အပါအဝင် မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကနေ အပစ်ရပ်စဲရေးကြေညာတာရှိခဲ့ပေမဲ့ တိုက်ပွဲတွေတော့ မရပ်တန့်နိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာတပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့အပြီး နိုင်ငံတဝှမ်းဆန့်ကျင် သပိတ်မှောက်မှုနဲ့ ကြုံနေရသလို တဘက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA၊ တအာင်းပလောင်တပ်ဖွဲ့ TNLA၊ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့တချို့နဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG