သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးေဒသ တပ္စခန္း အမည္မသိအဖြဲ႔ ပစ္ခတ္


ပဲခူးေဒသ စစ္စခန္းပစ္ခံရျပီး စစ္ေကာင္စီသတင္းစာတြင္ေဖာ္ျပထားခ်က္ (ဓါတ္ပုံ၊ ျမန္မာအလင္း)

{{Zawgyi/Unicode}}

ပဲခူးတုိင္းေဒသၾကီး၊ ပဲခူးၿမိဳ႔နယ္ ရန္ကုန္- မႏၱေလး အျမန္လမ္းမၾကီးေဘး ေဘာနက္ၾကီးရြာက တပ္မေတာ္ နယ္ေျမခံတပ္ကို အမည္မသိ လက္နက္ကိုင္တပ္ဖဲြ႔က လာေရာက္ပစ္ခတ္ၿပီးတဲ့ေနာက္ၾကာသပေတးေန႔ ညပိုင္းက အျမန္လမ္းမၾကီးကို ပိတ္ခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကရတဲ့သတင္းကို ကိုေဇာ္ဝင္းလိႈင္က တင္ျပထားပါတယ္။

ပဲခူးၿမိဳ႔နယ္ ဘုရားၾကီး တိုက္နယ္အတြင္းရိွ ေဘာနက္ၾကီးေက်းရြာအေျခစိုက္ နယ္ေျမခံတပ္ကို ၾကာသပေတးေန႔ မနက္အေစာပိုင္းက အၾကမ္းဖက္အုပ္စုေတြက လာေရာက္ ေႏွာက္ယွက္ ပစ္ခတ္ခဲ့တယ္လို႔ ဒီေန႔ထုတ္ ေၾကးမႈနဲ႔ ျမန္မာ့အလင္းသတင္းစာေတြမွာ ေဖာ္ျပထားတာပါ။

ဒီတုိက္ခုိက္မႈဟာ အျမန္လမ္းမၾကီးေဘးက ၀ါးကတုတ္ဆည္နဲ႔ အနီး၀န္းက်င္ကေန ၁၀၇မမ ေရွာ့တိုက္ ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တာျဖစ္ၿပီး နယ္ေျမခံတပ္ရင္းနဲ႔ အနီးအနားကို ဒံုးသီး ၄လံုးက်ေရာက္ေပါက္ကဲြခဲ့ေပမဲ့ လူနဲ႔ အေဆာင္အဦးေတြ ထိခိုက္ပ်က္ဆီးတာမရိွေၾကာင္း၊ လံုၿခံဳေရး တပ္ဖဲြ႔က ရွင္းလင္းရာမွာ ပစ္ခတ္ဖို႔ အသင့္ျပင္ဆင္ထားတဲ့ ၁၀၇မမ ဒံုးသီး ၂လံုးကိုလည္း သိမ္းဆည္းရမိေၾကာင္း ေဖာ္ျပပါတယ္။

ဒီပစ္ခတ္တိုက္ခိုက္မႈျဖစ္ခဲ့ၿပီးေနာက္ ၾကာသပေတးေန႔ ညပိုင္းမွာေတာ့ ရန္ကုန္- မႏၱေလး အေ၀းေျပးလမ္းကို ည ၈နာ၇ီကေန ပိတ္ထားခဲ့တယ္လို႔ ၁၁၅မိုင္ ယာဥ္ရပ္နားစခန္းမွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

“ ၈နာရီေက်ာ္တာနဲ႔ ဆက္မသြားခိုင္းေတာ့ဘူး။ အျမန္လမ္းၾကီးမွာေလ။ မနက္ ၆နာရီထိ။ ၃၉မိုင္ေလာက္မွာ ရပ္ထားၿပီးေတာ့ ဆက္မသြားခုိင္းဘူး။ ည ၈နာရီဆုိရင္ေလ။ သူ႔ထက္ေက်ာ္လာတဲ့ကားေတြလည္း ၁၁၅မိုင္ေရာက္ေတာ့ ၁၁၅မိုင္ကား၀င္းထဲ ၀င္နားခိုင္းတာ ဆက္မသြားခုိင္းဘူး။ မေန႔က စတာ။ မေန႔က စတာ။ သတင္းၾကားတာကေတာ့ မုိင္ ၄၀မွာ ပစ္ခတ္မႈျဖစ္လုိ႔ ၾကားတာပဲ။ အဲဒါေၾကာင့္လား မသိဘူး။”

အျမန္လမ္းကို သြားလာေနတဲ့ ယာဥ္ေမာင္း တစ္ဦးကလည္း အခုလို ေျပာပါတယ္။

“ ပိတ္တာေပါ့။ ၾကံဳတဲ့ေနရာ ပိတ္တာပဲ။ က်ေနာ္ေတာင္ ျပန္လာတာ အခုမွ ျပန္လာရတာ။”

အျမန္လမ္းေပၚမွာ တာ၀န္က်တဲ့ ရဲတပ္ဖဲြ႔၀င္ တစ္ဦးကေတာ့ ည ၈နာရီကေန မနက္ ၄နာရီထိ အျမန္လမ္းတစ္ေလ်ာက္ ပိတ္ခဲ့တာျဖစ္ေၾကာင္းေျပာပါတယ္။

ဒီေန႔ ေန႔ခင္းဘက္မွာလည္း အျမန္လမ္း ေဘာနီအနီးနဲ႔ အျခားေနရာေတြမွာ ပစ္ခတ္မႈေတြရိွေၾကာင္း လူထုအၾကား သတင္းေတြ ထြက္ေပၚေနေပမဲ့ ေဘာနီရဲစခန္းကတာ၀န္ရိွသူတစ္ဦးကေတာ့ သူတို႔နယ္ေျမမွာ ျဖစ္ပြားတာ မရိွေၾကာင္း ေျပာပါတယ္။

“ အဲဒါမ်ိဳးေတာ့ ဘာမွ မရိွဘူးဗ်။ က်ေနာ္တုိ႔ကေတာ့ ေဘာနီ စခန္းအပိုင္ထဲမွာပဲ လတ္တေလာေတာ့ ဘာမွ မရိွဘူး။ ေဘာနီစခန္းအပိုင္ဟာပဲ ေျပာလုိ႔ရမယ္။ က်န္စခန္းကေတာ့ ဘာမွ မသိဘူး။ ”

လတ္တေလာအေျခအေနမွာေတာ့ အျမန္လမ္းမၾကီးက ညပိုင္းမွာ ျဖတ္သန္းခြင့္ ဆက္လက္ ပိတ္မယ္ မပိတ္ဘူးဆိုတာ မသိရေသးေပမဲ့ အေ၀းေျပးယာဥ္ေမာင္းေတြကေတာ့ ဆက္လက္ပိတ္ႏိုင္ဖြယ္ရိွတယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ ရန္ကုန္ၿမိဳ႔မွာေနထိုင္သူေတြဟာ အျခားအရပ္ေဒသေတြကို အမ်ားအျပား ထြက္ခြာေနတာေၾကာင့္ ရန္ကုန္ မန္း အေ၀းေျပးလမ္းက ဂိတ္ေတြမွာ ယာဥ္ပိတ္ဆို႔တာေတြ ျဖစ္ေနပါတယ္။

၁၈ရက္ေန႔ မနက္ပိုင္းကေတာ့ ေမာ္လၿမိဳင္ၿမိဳ႔ ေရႊနတ္ေတာင္ ေပၚမွာ အၾကမ္းဖက္အဖဲြ႔ေတြက လူေနရပ္ကြက္ကို ခ်ိန္ရြယ္ထားတဲ့ အခ်ိန္ကိုက္စနစ္နဲ႔ ပစ္ခတ္မယ့္ ေရွာ့တိုက္ ၁၀၇မမ ဒံုး၂လံုးကို လံုၿခံဳေရးတပ္ဖဲြ႔က ေတြ႔ရိွ သိမ္းဆည္းခဲ့ေၾကာင္း စစ္ေကာင္စီသတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြကေတာ့ ကခ်င္ျပည္နယ္အတြင္းမွာလည္း တပ္မေတာ္၊ ရဲနဲ႔ ျပည္သူ႔စစ္တပ္စခန္းေတြကို KIA ကခ်င္လက္နက္ကိုင္အဖဲြ႔က လက္နက္ၾကီးနဲ႔ပစ္ခတ္တာေတြ ရိွခဲ့ၿပီး ဒီကေန႔မွာေတာ့ တိုက္ပဲြထပ္မံျဖစ္ပြားတဲ့သတင္း မရရိွသလို KIA ေျပာခြင့္ရသူကိုလည္း ဆက္သြယ္ မရခဲ့ပါဘူး။

................................

ပဲခူးေဒသ တပ္စခန္း အမည္မသိအဖြဲ႔ ပစ္ခတ္
please wait

No media source currently available

0:00 0:03:08 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေး ဘောနက်ကြီးရွာက တပ်မတော် နယ်မြေခံတပ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်ပြီးတဲ့နောက် ကြာသပတေးနေ့ ညပိုင်းက အမြန်လမ်းမကြီးကို ပိတ်ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကရတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပဲခူးမြို့နယ် ဘုရားကြီး တိုက်နယ်အတွင်းရှိ ဘောနက်ကြီးကျေးရွာအခြေစိုက် နယ်မြေခံတပ်ကို ကြာသပတေးနေ့ မနက်အစောပိုင်းက အကြမ်းဖက်အုပ်စုတွေက လာရောက် နှောက်ယှက် ပစ်ခတ်ခဲ့တယ်လို့ ဒီနေ့ထုတ် ကြေးမှုနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြထားတာပါ။

ဒီတိုက်ခိုက်မှုဟာ အမြန်လမ်းမကြီးဘေးက ဝါးကတုတ်ဆည်နဲ့ အနီးဝန်းကျင်ကနေ ၁၀၇မမ ရှော့တိုက် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နယ်မြေခံတပ်ရင်းနဲ့ အနီးအနားကို ဒုံးသီး ၄လုံးကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူနဲ့ အဆောင်အဦးတွေ ထိခိုက်ပျက်ဆီးတာမရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့က ရှင်းလင်းရာမှာ ပစ်ခတ်ဖို့ အသင့်ပြင်ဆင်ထားတဲ့ ၁၀၇မမ ဒုံးသီး ၂လုံးကိုလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ကြာသပတေးနေ့ ညပိုင်းမှာတော့ ရန်ကုန်- မန္တလေး အဝေးပြေးလမ်းကို ည ၈နာရီကနေ ပိတ်ထားခဲ့တယ်လို့ ၁၁၅မိုင် ယာဉ်ရပ်နားစခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ ၈နာရီကျော်တာနဲ့ ဆက်မသွားခိုင်းတော့ဘူး။ အမြန်လမ်းကြီးမှာလေ။ မနက် ၆နာရီထိ။ ၃၉မိုင်လောက်မှာ ရပ်ထားပြီးတော့ ဆက်မသွားခိုင်းဘူး။ ည ၈နာရီဆိုရင်လေ။ သူ့ထက်ကျော်လာတဲ့ကားတွေလည်း ၁၁၅မိုင်ရောက်တော့ ၁၁၅မိုင်ကားဝင်းထဲ ဝင်နားခိုင်းတာ ဆက်မသွားခိုင်းဘူး။ မနေ့က စတာ။ မနေ့က စတာ။ သတင်းကြားတာကတော့ မိုင် ၄၀မှာ ပစ်ခတ်မှုဖြစ်လို့ ကြားတာပဲ။ အဲဒါကြောင့်လား မသိဘူး။”

အမြန်လမ်းကို သွားလာနေတဲ့ ယာဉ်မောင်း တစ်ဦးကလည်း အခုလို ပြောပါတယ်။

“ ပိတ်တာပေါ့။ ကြုံတဲ့နေရာ ပိတ်တာပဲ။ ကျနော်တောင် ပြန်လာတာ အခုမှ ပြန်လာရတာ။”

အမြန်လမ်းပေါ်မှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ ည ၈နာရီကနေ မနက် ၄နာရီထိ အမြန်လမ်းတစ်လျောက် ပိတ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။

ဒီနေ့ နေ့ခင်းဘက်မှာလည်း အမြန်လမ်း ဘောနီအနီးနဲ့ အခြားနေရာတွေမှာ ပစ်ခတ်မှုတွေရှိကြောင်း လူထုအကြား သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘောနီရဲစခန်းကတာဝန်ရှိသူတစ်ဦးကတော့ သူတို့နယ်မြေမှာ ဖြစ်ပွားတာ မရှိကြောင်း ပြောပါတယ်။

“ အဲဒါမျိုးတော့ ဘာမှ မရှိဘူးဗျ။ ကျနော်တို့ကတော့ ဘောနီ စခန်းအပိုင်ထဲမှာပဲ လတ်တလောတော့ ဘာမှ မရှိဘူး။ ဘောနီစခန်းအပိုင်ဟာပဲ ပြောလို့ရမယ်။ ကျန်စခန်းကတော့ ဘာမှ မသိဘူး။ ”

လတ်တလောအခြေအနေမှာတော့ အမြန်လမ်းမကြီးက ညပိုင်းမှာ ဖြတ်သန်းခွင့် ဆက်လက် ပိတ်မယ် မပိတ်ဘူးဆိုတာ မသိရသေးပေမဲ့ အဝေးပြေးယာဉ်မောင်းတွေကတော့ ဆက်လက်ပိတ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရန်ကုန်မြို့မှာနေထိုင်သူတွေဟာ အခြားအရပ်ဒေသတွေကို အများအပြား ထွက်ခွာနေတာကြောင့် ရန်ကုန် မန်း အဝေးပြေးလမ်းက ဂိတ်တွေမှာ ယာဉ်ပိတ်ဆို့တာတွေ ဖြစ်နေပါတယ်။

၁၈ရက်နေ့ မနက်ပိုင်းကတော့ မော်လမြိုင်မြို့ ရွှေနတ်တောင် ပေါ်မှာ အကြမ်းဖက်အဖွဲ့တွေက လူနေရပ်ကွက်ကို ချိန်ရွယ်ထားတဲ့ အချိန်ကိုက်စနစ်နဲ့ ပစ်ခတ်မယ့် ရှော့တိုက် ၁၀၇မမ ဒုံး၂လုံးကို လုံခြုံရေးတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ကချင်ပြည်နယ်အတွင်းမှာလည်း တပ်မတော်၊ ရဲနဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို KIA ကချင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ပွဲထပ်မံဖြစ်ပွားတဲ့သတင်း မရရှိသလို KIA ပြောခွင့်ရသူကိုလည်း ဆက်သွယ် မရခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG