သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA က ဗံုးခဲြမီးရိႈ႕တိုက္ခိုက္မည္ဆိုသည့္ စာမ်ားျပန္႔၊ KIA ျငင္းဆို


KIA တပ္ဖဲြ႔ဝင္မ်ား။ (ေအာက္တိုဘာ ၂၈၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္က ၿမိဳ ႔ၾကီးတခ်ိဳ ႔မွာ KIA က ဆႏၵျပဆူပူေအာင္လံႈ႔ေဆာ္ၿပီး ဗံုးခဲြတာ၊ မီးရိႈ႔႕တာေတြ လုပ္ေဆာင္ဖို႔ ရိွေၾကာင္းနဲ႔ ဒါကို တပ္မေတာ္က လုပ္ေဆာင္တယ္လုိ႔ လိမ္လည္၀ါဒျဖန္႔ဖို႔ စီစဥ္ေနေၾကာင္း ေရးသားထားတဲ့ စာေတြ ပ်ံ႕ႏွ႔ံေနၿပီး KIA ဘက္ကေတာ့ ဒါမ်ိဳးလုပ္ေဆာင္မွာ မဟုတ္ေၾကာင္း ျငင္းဆုိထားပါတယ္။ ရန္ကုန္ကရတဲ့သတင္းကို မေအးသႏၲာေက်ာ္ေျပာျပပါမယ္။

ပ်ံ႕ႏွံ႔ေနသည့္ စာ။ (မတ္ ၂၂၊ ၂၀၂၁)
ပ်ံ႕ႏွံ႔ေနသည့္ စာ။ (မတ္ ၂၂၊ ၂၀၂၁)

KIA ကေန ဆႏၵျပ ဆူပူေအာင္လံႈ႕ေဆာ္ၿပီး အၾကမ္းဖက္ဗံုးခဲြ၊ မီးရိႈ႕တုိက္ခုိက္မယ္ဆုိတဲ့စာေတြဟာ ျမစ္ၾကီးနား၊ မုိးေကာင္းနဲ႔ နမၼတီးစတဲ့ၿမိဳ ႔ေတြမွာ ပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္။

ေနရာအေတာ္မ်ားမ်ားမွာ ပ်ံ႕ႏွံ႕ေနတဲ့ ဒီစာေတြမွာ KIA က အစြန္းေရာက္ ဆႏၵျပသူေတြနဲ႔ ပူးေပါင္းၿပီး မတ္လ ၂၂ ရက္ေန႔ကေန လကုန္ပိုင္းအထိ ဆူပူဆႏၵျပတာေတြ ျဖစ္ေပၚေအာင္လံႈေဆာ္ေနေၾကာင္း၊ အဲဒီေနာက္ ဆႏၵျပလူစုထဲကို ဗံုးခဲြတာ၊ ရပ္ကြက္၊ ေက်းရြာက ေနအိမ္ေတြကို မီးရိႈ႕တာေတြ လုပ္ေဆာင္ၿပီး ဒါဟာ တပ္မေတာ္က လုပ္ေဆာင္တယ္လုိ႔ လိမ္လည္၀ါဒျဖန္႔ဖို႔ စီစဥ္ေနေၾကာင္း ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ အဲဒီကာလအတြင္းမွာ ဆႏၵျပမႈေတြမွာ လံုး၀ မပါ၀င္ဖုိ႔ သတိေပးေၾကာင္းစတာေတြ ေဖာ္ျပထားတာပါ။

ျမစ္ၾကီးနားၿမိဳ႕ခံတစ္ေယာက္က ဒီစာေတြကို လူအမ်ားသြားလာတတ္တဲ့ေနရာေတြ၊ ဓါတ္တိုင္ေတြမွာ ကပ္ထားတာကို ေတြ႔ျမင္ခဲ့တယ္လို႔ ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ကပ္ထားတာေတာ့ဟုတ္တယ္။ ၿမိဳ႕ထဲမွာေတာ့ ေတာက္ေလွ်ာက္ပဲ။ က်ေနာ္ျမင္တဲ့ တစ္ေၾကာေပါ့။ တျခားေနရာေတြေတာ့ မသိဘူး။ ဒီမွာ ကေမၻာဇဘဏ္ တစ္ေၾကာေတြမွာ ကပ္ထားတယ္။ ၿပီးေတာ့ ဒီ ျမစ္ၾကီးနား စုေပါင္းရံုးေလ၊ စုေပါင္းရံုးရ့ဲ လမ္းတဘက္တစ္ခ်က္ရဲ့ တိုင္ေတြမွာေ့ပါ့။ဓါတ္တိုင္ေတြ အားလံုးနီးပါးေလာက္မွာ ကပ္ထားတာေတြ ရိွတယ္။ ”

ဒီစာေတြကို ဘယ္သူကပ္တယ္ဆုိတာေတာ့ မသိေၾကာင္းလည္း ေျပာပါတယ္။

နမၼတီးၿမိဳ ႔ခံတစ္ေယာက္ကေတာ့ ဒီစာေတြကို လံုၿခံဳေရးတပ္ဖဲြ႔ေတြက တနဂၤေႏြေန႔ ညပိုင္းက လုိက္လံကပ္ခဲ့တာျဖစ္တယ္လုိ႔ ေျပာပါတယ္။

“မေန႔က ၈ နာရီေက်ာ္မွာ၊ ၈ နာရီ ၄၈ ေလာက္ျဖစ္မယ္။ အဲဒါ သူတို႔ေလ နမၼတီးက ဓါတ္တိုင္ေတြမွာေရာ၊ ေစ်းတန္းေတြ ဓါတ္တိုင္ေတြမွာေရာ လုိက္ကပ္တာ။ ရဲကားတစ္စီးရယ္၊ စစ္ကားတစ္စီးရယ္။ ကပ္တဲ့လူက စစ္သားေတြက လုိက္ကပ္တာပါ။ က်ေနာ္တုိ႔ မ်က္ျမင္သက္ေသ အကုန္လံုးရိွတယ္။ ပံုေတြကေတာင္ရိွတယ္။ အဲဒီလုိမ်ိဳးျဖစ္သြားတာ။”

ကခ်င္ျပည္နယ္အေျခစိုက္ ေဒသတြင္းမီဒီယာေတြမွာေတာ့ ျမစ္ၾကီးနားနဲ႔ နမၼတီးအျပင္ မုိးေကာင္းၿမိဳ ႔မွာလည္း အလားတူ စာေတြကပ္တာရိွေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီလို စာကပ္တာနဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ KIA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴးၾကီးေနာ္ဘူက သူတို႔အေနနဲ႔ ၿမိဳ႕ေပၚေတြမွာ ဒီလို တိုက္ခုိက္ဖို႔ အစီအစဥ္မရိွေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ကေတာ့ ၿမိဳ႕ေပၚမွာေတြ ဒီလုိမ်ိဳး ဗံုးခဲြတာေတြ၊ မိုင္းခဲြတာေတြ မလုပ္ဖုိ႔ကေတာ့ အၿမဲတမ္းေျပာထားတာ ရိွပါတယ္။ က်ေနာ္တုိ႔ကေတာ့ လုပ္လည္း လုပ္မွာ မဟုတ္ဘူး။ ေနာက္တစ္ခ်က္ကေတာ့ ဒီလုိမ်ိဳးအကြက္ေတြကေတာ့ ေတာ္ေတာ္ရိုးၿပီ ထင္တယ္။ ေျပာခ်င္တာကေတာ့ သူတို႔က အျပစ္က KIA ကို ေပးၿပီးမွ သူတို႔က အၾကမ္းဖက္ဖုိ႔ စီစဥ္ေနတဲ့ အကြက္ပဲလို႔ က်ေနာ္တို႔က အဲဒီလုိပဲ သံုးသပ္ပါတယ္။”

ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြက အစိုးရနဲ႔ KIA အၾကားမွာ နွစ္ဘက္အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆိုေရးအတြက္ ေဆြးေႏြးခဲ့ၾကၿပီး ၂၀၁၈ ခုႏွစ္ေလာက္က စတင္ၿပီး ကခ်င္ျပည္နယ္အတြင္းမွာ တိုက္ပဲြျဖစ္ပြားတာမရိွခဲ့ပါဘူး။

ဒီလ ၉ ရက္ေန႔မွာေတာ့ ျမစ္ၾကီးနားၿမိဳ ႔က ဆႏၵျပပဲြကို လံုၿခံဳေရးတပ္ဖဲြ႔ေတြက ပစ္ခတ္ရာမွာ လူ ၂ ဦးေသဆံုး ခဲ့တဲ့ေနာက္ တပ္မေတာ္နဲ႔ KIA အၾကားမွာ တိုက္ပဲြေတြ ျပန္လည္ ျဖစ္ပြားလာခဲ့ပါတယ္။

ဒီရက္ပိုင္းေတြမွာလည္း ကခ်င္ျပည္နယ္ ဆဒံုးနဲ႔ လီဒိုလမ္းမဘက္ေတြနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းဘက္ေတြမွာ ပစ္ခတ္တိုက္ခိုက္တာေတြ ရိွေနတယ္လုိ႔ ဗိုလ္မွဴးၾကီးေနာ္ဘူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KIA က ဗုံးခွဲမီးရှို့တိုက်ခိုက်မည်ဆိုသည့် စာများပြန့်၊ KIA ငြင်းဆို

ကချင်ပြည်နယ်က မြို့ကြီးတချို့မှာ KIA က ဆန္ဒပြဆူပူအောင်လှုံ့ဆော်ပြီး ဗုံးခွဲတာ၊ မီးရှို့တာတွေ လုပ်ဆောင်ဖို့ ရှိကြောင်းနဲ့ ဒါကို တပ်မတော်က လုပ်ဆောင်တယ်လို့ လိမ်လည်ဝါဒဖြန့်ဖို့ စီစဉ်နေကြောင်း ရေးသားထားတဲ့ စာတွေ ပျံ့နှံ့နေပြီး KIA ဘက်ကတော့ ဒါမျိုးလုပ်ဆောင်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ရန်ကုန်ကရတဲ့သတင်းကို မအေးသန္တာကျော်ပြောပြပါမယ်။

KIA ကနေ ဆန္ဒပြ ဆူပူအောင်လှုံ့ဆော်ပြီး အကြမ်းဖက်ဗုံးခွဲ၊ မီးရှို့တိုက်ခိုက်မယ်ဆိုတဲ့စာတွေဟာ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးစတဲ့မြို့တွေမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

နေရာအတော်များများမှာ ပျံ့နှံ့နေတဲ့ ဒီစာတွေမှာ KIA က အစွန်းရောက် ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး မတ်လ ၂၂ ရက်နေ့ကနေ လကုန်ပိုင်းအထိ ဆူပူဆန္ဒပြတာတွေ ဖြစ်ပေါ်အောင်လှုံဆော်နေကြောင်း၊ အဲဒီနောက် ဆန္ဒပြလူစုထဲကို ဗုံးခွဲတာ၊ ရပ်ကွက်၊ ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ပြီး ဒါဟာ တပ်မတော်က လုပ်ဆောင်တယ်လို့ လိမ်လည်ဝါဒဖြန့်ဖို့ စီစဉ်နေကြောင်း ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒီကာလအတွင်းမှာ ဆန္ဒပြမှုတွေမှာ လုံး၀ မပါဝင်ဖို့ သတိပေးကြောင်းစတာတွေ ဖော်ပြထားတာပါ။

ဓာတ္တိုင္ တခုတြင္ စာကပ္ေနတဲ့ လူတဦးကို နမၼတီးၿမိဳ႕မွာ ေတြ႔ရ။ (မတ္ ၂၂၊ ၂၀၂၁)
ဓာတ္တိုင္ တခုတြင္ စာကပ္ေနတဲ့ လူတဦးကို နမၼတီးၿမိဳ႕မွာ ေတြ႔ရ။ (မတ္ ၂၂၊ ၂၀၂၁)

မြစ်ကြီးနားမြို့ခံတစ်ယောက်က ဒီစာတွေကို လူအများသွားလာတတ်တဲ့နေရာတွေ၊ ဓါတ်တိုင်တွေမှာ ကပ်ထားတာကို တွေ့မြင်ခဲ့တယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကပ်ထားတာတော့ဟုတ်တယ်။ မြို့ထဲမှာတော့ တောက်လျှောက်ပဲ။ ကျနော်မြင်တဲ့ တစ်ကြောပေါ့။ တခြားနေရာတွေတော့ မသိဘူး။ ဒီမှာ ကမ္ဘောဇဘဏ် တစ်ကြောတွေမှာ ကပ်ထားတယ်။ ပြီးတော့ ဒီ မြစ်ကြီးနား စုပေါင်းရုံးလေ၊ စုပေါင်းရုံးရဲ့ လမ်းတဘက်တစ်ချက်ရဲ့ တိုင်တွေမှာေ့ပါ့။ဓါတ်တိုင်တွေ အားလုံးနီးပါးလောက်မှာ ကပ်ထားတာတွေ ရှိတယ်။ ”

ဒီစာတွေကို ဘယ်သူကပ်တယ်ဆိုတာတော့ မသိကြောင်းလည်း ပြောပါတယ်။

နမ္မတီးမြို့ခံတစ်ယောက်ကတော့ ဒီစာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက တနင်္ဂနွေနေ့ ညပိုင်းက လိုက်လံကပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“မနေ့က ၈ နာရီကျော်မှာ၊ ၈ နာရီ ၄၈ လောက်ဖြစ်မယ်။ အဲဒါ သူတို့လေ နမ္မတီးက ဓါတ်တိုင်တွေမှာရော၊ ဈေးတန်းတွေ ဓါတ်တိုင်တွေမှာရော လိုက်ကပ်တာ။ ရဲကားတစ်စီးရယ်၊ စစ်ကားတစ်စီးရယ်။ ကပ်တဲ့လူက စစ်သားတွေက လိုက်ကပ်တာပါ။ ကျနော်တို့ မျက်မြင်သက်သေ အကုန်လုံးရှိတယ်။ ပုံတွေကတောင်ရှိတယ်။ အဲဒီလိုမျိုးဖြစ်သွားတာ။”

ကချင်ပြည်နယ်အခြေစိုက် ဒေသတွင်းမီဒီယာတွေမှာတော့ မြစ်ကြီးနားနဲ့ နမ္မတီးအပြင် မိုးကောင်းမြို့မှာလည်း အလားတူ စာတွေကပ်တာရှိကြောင်း ဖော်ပြထားပါတယ်။

ဒီလို စာကပ်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သူတို့အနေနဲ့ မြို့ပေါ်တွေမှာ ဒီလို တိုက်ခိုက်ဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။

“ကျနော်တို့ကတော့ မြို့ပေါ်မှာတွေ ဒီလိုမျိုး ဗုံးခွဲတာတွေ၊ မိုင်းခွဲတာတွေ မလုပ်ဖို့ကတော့ အမြဲတမ်းပြောထားတာ ရှိပါတယ်။ ကျနော်တို့ကတော့ လုပ်လည်း လုပ်မှာ မဟုတ်ဘူး။ နောက်တစ်ချက်ကတော့ ဒီလိုမျိုးအကွက်တွေကတော့ တော်တော်ရိုးပြီ ထင်တယ်။ ပြောချင်တာကတော့ သူတို့က အပြစ်က KIA ကို ပေးပြီးမှ သူတို့က အကြမ်းဖက်ဖို့ စီစဉ်နေတဲ့ အကွက်ပဲလို့ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက အစိုးရနဲ့ KIA အကြားမှာ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုရေးအတွက် ဆွေးနွေးခဲ့ကြပြီး ၂၀၁၈ ခုနှစ်လောက်က စတင်ပြီး ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ပါဘူး။

ဒီလ ၉ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့က ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ရာမှာ လူ ၂ ဦးသေဆုံး ခဲ့တဲ့နောက် တပ်မတော်နဲ့ KIA အကြားမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

ဒီရက်ပိုင်းတွေမှာလည်း ကချင်ပြည်နယ် ဆဒုံးနဲ့ လီဒိုလမ်းမဘက်တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်တွေမှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG