သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္အတြင္း တပ္မေတာ္စစ္စခန္းကို KNU တိုက္ခိုက္သိမ္းယူ


သီးမူထာ စခန်းသိမ်းတိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံးပန့်များနဲ့ စစ်လက်နက်များ (မတ္လ၊ ၂၇၊ ၂၀၂၁ တပ်မဟာ၅ KNU)

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းက ျမန္မာစစ္တပ္ရဲ ့သီးမူထာတပ္စခန္းကို ေကအန္ယူ တပ္မဟာ (၅) က ဒီကေန့မနက္မွာစခန္းသိမ္းတိုက္ပဲြလုပ္ခဲ့တဲ့အတြက္ ဒုရင္းမူးအဆင့္တဦးအပါအ၀င္ ၁၀ ဦးက်ဆံုးျပီး အရွင္ ၈ ဦးဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကုိ ထိုင္းအေျခစိုက္ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး၊ တပ္မဟာ (၅) အေျခစိုက္တဲ့ ဖာပြန္ခရိုင္အတြင္းမွာျမန္မာစစ္ေကာင္စီရဲ႕ တပ္စခန္းတခုကို ေကအန္ယူဘက္က ဒီကေန့မနက္ပုိင္းမွာပဲ စခန္းသိမ္းတိုက္ခဲ့ပါတယ္။ ေကအန္ယူတပ္မဟာ (၅) ရဲ ႔ ေျပာေရးဆိုခြင့္ရွိသူ ဖဒိုမန္းမန္းက အခုလိုေျပာျပပါတယ္။

“ခမရ ၃၄၉ သီးမူထာစခန္းကို ဒီမနက္ ၆ နာရီခန့္က စခန္းသိမ္းတိုက္ပဲြ လုပ္တယ္။ စစ္ေကာင္စီတပ္က လူဦးေရ ၃၀ ေက်ာ္ရွိတယ္။ ေသဆံုးသူ ၁၀ ေယာက္ေသတယ္။ အရွင္နဲ့ဖမ္းမိတာ ဒဏ္ရာရထားတာ ၈ ေယာက္ရွိတယ္။ အခုေတာ့ထြက္ေျပးဆုတ္ခြါတုန္းပဲရွိေသးတယ္။ လက္နက္ ၂၀ ေက်ာ္ရပါတယ္။ က်ေနာ္တို့ဘက္က တေယာက္က်ဆံုးသြားတယ္။ တေယာက္ ဒဏ္ရာရပါတယ္။

စစ္အာဏာရွင္က်ရႈံးေရး လူထုရဲ႕ ေတာင္းဆိုမႈနဲ့ ျမန္မာျပည္မွာ တတိုင္းျပည္လံုးမတ္လ ၂၇ ရက္ေန႔ ဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးေန႔ အထိမ္းအမွတ္တိုက္ပဲြ လုပ္ေနတဲ့ တေန႔တည္းမွာပဲတပ္မဟာ ၅ လည္း လူထုတုိက္ပဲြနဲ့အတူ အေကာင္ေဖာ္တိုက္ခဲ့တာျဖစ္တယ္လို့လည္း တပ္မဟာ ၅ ဘက္က ေျပာပါတယ္။

ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္-တပခ လက္ေအာက္ခံ ေျချမန္တပ္ရင္း -ခမရ ၃၄၉ရဲ့သီးမူထာစခန္းကို ဒီေန႔နံနက္ ၆ နာရီကေန ၇ နာရီအထိ တစ္နာရီေက်ာ္ႀကာ ႏွစ္ဖက္တိုက္ပဲြျဖစ္ခဲ့တာပါ။

ဖမ္းဆီးမိတဲ့သူေတြထဲမွာလည္း အရာရွိတခ်ိဳ့လည္း ပါ၀င္ျပီး ေကအန္ယူ တပ္မဟာ (၅)ဘက္က ျပသထားတာေကတာ့ စစ္သံုးပန့္မ်ားလည္း ဖမ္းမိထားပံုနဲ႔ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြအပါအဝင္ လက္နက္ခဲယမ္းအမ်ားအျပားသိမ္းဆည္းရမိတာကိုလည္းျပသထားပါတယ္။

ေကအန္ယူတပ္မဟာ (၅) နဲ့ ျမန္မာစစ္တပ္တို့ဟာ ဒီရက္ပုိင္းအတြင္းမွာဆက္တုိက္တုိက္ပဲြေတြျဖစ္ေနတာတာပါ။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ေကအန္ယူဥကဌကုိတပ္မေတာ္ေန့အခမ္းအနားကိုတက္ဖို့ ဖိိတ္ႀကားခဲ့ေပမယ့္ေကအန္ယူဘက္ကေတာ့ျငင္းဆန္ခဲ့ပါတယ္။

ျမန္မာအစိုးရနဲ့ေကအန္ယူတို ့ဟာ၂၀၁၂ ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထုိးခဲ့တာ ျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္မွာ ေတာ့ တႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို KNU က လက္မွတ္ေရးထုိးခဲ့ပါတယ္။ ဒါေပမဲ့ ေကာအန္ယူတပ္မဟာ ၅နယ္ေျမမွာေတာ့ျမန္မာစစ္တပ္နဲ့ေကအန္ယူတို့ဟာ NCA ထိုးခဲ့ျပီးေနာက္ပုိင္းမွာ ထိေတြ ပစ္ခတ္မူေတြမႀကာခနဆိုသလိုျဖစ္ပြားခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဖာပွန်ခရိုင်အတွင်း တပ်မတော်စစ်စခန်းကို KNU တိုက်ခိုက်သိမ်းယူ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက မြန်မာစစ်တပ်ရဲ့သီးမူထာတပ်စခန်းကို ကေအန်ယူ တပ်မဟာ (၅) က ဒီကနေ့မနက်မှာစခန်းသိမ်းတိုက်ပွဲလုပ်ခဲ့တဲ့အတွက် ဒုရင်းမူးအဆင့်တဦးအပါအဝင် ၁၀ ဦးကျဆုံးပြီး အရှင် ၈ ဦးဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) အခြေစိုက်တဲ့ ဖာပွန်ခရိုင်အတွင်းမှာမြန်မာစစ်ကောင်စီရဲ့ တပ်စခန်းတခုကို ကေအန်ယူဘက်က ဒီကနေ့မနက်ပိုင်းမှာပဲ စခန်းသိမ်းတိုက်ခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက အခုလိုပြောပြပါတယ်။

“ခမရ ၃၄၉ သီးမူထာစခန်းကို ဒီမနက် ၆ နာရီခန့်က စခန်းသိမ်းတိုက်ပွဲ လုပ်တယ်။ စစ်ကောင်စီတပ်က လူဦးရေ ၃၀ ကျော်ရှိတယ်။ သေဆုံးသူ ၁၀ ယောက်သေတယ်။ အရှင်နဲ့ဖမ်းမိတာ ဒဏ်ရာရထားတာ ၈ ယောက်ရှိတယ်။ အခုတော့ထွက်ပြေးဆုတ်ခွါတုန်းပဲရှိသေးတယ်။ လက်နက် ၂၀ ကျော်ရပါတယ်။ ကျနော်တို့ဘက်က တယောက်ကျဆုံးသွားတယ်။ တယောက် ဒဏ်ရာရပါတယ်။

စစ်အာဏာရှင်ကျရှုံးရေး လူထုရဲ့ တောင်းဆိုမှုနဲ့ မြန်မာပြည်မှာ တတိုင်းပြည်လုံးမတ်လ ၂၇ ရက်နေ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ အထိမ်းအမှတ်တိုက်ပွဲ လုပ်နေတဲ့ တနေ့တည်းမှာပဲတပ်မဟာ ၅ လည်း လူထုတိုက်ပွဲနဲ့အတူ အကောင်ဖော်တိုက်ခဲ့တာဖြစ်တယ်လို့လည်း တပ်မဟာ ၅ ဘက်က ပြောပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၃၄၉ရဲ့သီးမူထာစခန်းကို ဒီနေ့နံနက် ၆ နာရီကနေ ၇ နာရီအထိ တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။

ဖမ်းဆီးမိတဲ့သူတွေထဲမှာလည်း အရာရှိတချို့လည်း ပါဝင်ပြီး ကေအန်ယူ တပ်မဟာ (၅)ဘက်က ပြသထားတာကေတာ့ စစ်သုံးပန့်များလည်း ဖမ်းမိထားပုံနဲ့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတာကိုလည်းပြသထားပါတယ်။

ကေအန်ယူတပ်မဟာ (၅) နဲ့ မြန်မာစစ်တပ်တို့ဟာ ဒီရက်ပိုင်းအတွင်းမှာဆက်တိုက်တိုက်ပွဲတွေဖြစ်နေတာတာပါ။

မြန်မာစစ်ကောင်စီဘက်ကတော့ကေအန်ယူဥကဌကိုတပ်မတော်နေ့အခမ်းအနားကိုတက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်ကေအန်ယူဘက်ကတော့ငြင်းဆန်ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေးသဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ ကောအန်ယူတပ်မဟာ ၅နယ်မြေမှာတော့မြန်မာစစ်တပ်နဲ့ကေအန်ယူတို့ဟာ NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာ ထိတွေ ပစ်ခတ်မူတွေမကြာခနဆိုသလိုဖြစ်ပွားခဲ့ပါတယ်ရှင်။

#MyanmarMilitaryCoup #Karen #KNU #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG