သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုအတွက် ထိတ်လန့်တုန်လှုပ် (ကန် နိုင်ငံခြားရေးဝန်ကြီး)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken

[ Zawgyi / Unicode ]

မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ တုန်လှုပ်ခြောက်ခြားရကြောင်း နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က စနေနေ့မှာ ပြောဆို လိုက်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်အုပ်စိုးမှုလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သုံးနှုန်း ရှုတ်ချလိုက်တာပါ။

နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် စနေနေ့ တရက်တည်းမှာတင် ဆန္ဒပြသူ ၉၀ ကျော် သေဆုံးခဲ့ရပါတယ်။ မြန်မာ လုံခြုံရေးတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ သေကြေဒဏ်ရာ ရရှိနေတာတွေအတွက် အမေရိကန် ပြည်ထောင်စုက တုန်လှုပ်ရတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး Blinken က သူ့ရဲ့တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။ မြန်မာ စစ်တပ်ဟာ လူတစု ကောင်းစားရေးအတွက် အများပြည်သူရဲ့ အသက်တွေကို စတေးမယ်ဆိုတာ ဒီလုပ်ရပ်က သက်သေပြသနေတာ ဖြစ်တယ်လို့လည်း ဝန်ကြီး Blinken က ပြောဆိုခဲ့ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်အုပ်စိုးမှုကို သတ္တိပြောင်မြောက်တဲ့ မြန်မာပြည်သူတွေက လက်မခံဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ရေးသားခဲ့ပါတယ်။ မြန်မာ စစ်တပ်အနေနဲ့ အာဏာစွန့်ပြီး အရပ်သားအစိုးရကို အာဏာပြန်အပ်ဖို့ အမေရိကန်က ပြောဆိုထားတာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိပြုထားတဲ့ ကလေးတွေအပါအဝင် လက်နက်မဲ့ ပြည်သူတွေကို စနေနေ့မှာ ကျရောက်တဲ့ တပ်မတော်နေ့မှာ နိုင်ငံတဝန်း သတ်ဖြတ်မှုက ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda ကလည်း စနေနေ့မှာပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။ အခုလုပ်ရပ်တွေဟာ အရည်အချင်းပြည့်ဝတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်မျိုးမဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


[ Unicode ]






This item is part of
XS
SM
MD
LG