သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြရလဒ္ကိုေျပာင္းဖို႔ ျမန္မာဆႏၵျပသူေတြ ရက္ရက္စက္စက္ၿဖိဳခဲြခံရ - ကန္ႏိုင္ငံျခားေရးဝန္ႀကီး


မတ္လ ၁၆ ရက္ေန႔ လိႈင္သာယာဆႏၵျပပဲြအတြင္း ျဖိဳခြင္းခံရတဲ့ ျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီမုိကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရးတို႔ေပၚမွာ မိမိတို႔ ယံုၾကည္ၿပီး အာရွေဒသအပါအဝင္ ေနရာအမ်ားအျပားမွာ ဒီစံတန္ဖိုးေတြ ၿခိမ္းေျခာက္ခံေနရတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာရင္း ျမန္မာႏုိင္ငံအေျခအေနကို ထည့္ေျပာသြားပါတယ္။

"ျမန္မာႏုိင္ငံမွာ စစ္တပ္ဟာ ဒီမုိကေရစီနည္းက် ေရြးေကာက္ပြဲတစ္ခုရဲ႕ ရလဒ္ကို ေျပာင္းျပန္လွန္ပစ္ဖို႔ ႀကိဳးစားေနၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ရက္ရက္စက္စက္ ၿဖိဳခြဲေနတယ္။" လို႔ ဝန္ႀကီး Antony Blinken က ဒီကေန႔ေျပာပါတယ္။

ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔အတူ ဂ်ပန္ႏုိင္ငံမွာေရာက္ေနတဲ့ ဝန္ႀကီး Blinken ဟာ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi ၊ ကာကြယ္ေရးဝန္ႀကီး Nobuo Kishi တို႔နဲ႔ ၂+၂ အစည္းအေဝးအၿပီး တိုက်ဳိၿမိဳ႕ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အဲဒီလိုေျပာသြားတာပါ။

ဒါဟာျဖင့္ ဝန္ႀကီး Blinken နဲ႔ ဝန္ႀကီး Austin တို႔႔ရဲ႕ ပထမဆံုးျပည္ပခရီးစဥ္ျဖစ္ၿပီး ဒီခရီးစဥ္ကလည္း အာရွေဒသခရီးစဥ္ျဖစ္ေနပါတယ္။

ဂ်ပန္ႏုိင္ငံစည္းေဝးပြဲအတြင္း ေဒသတြင္းမွာ တ႐ုတ္ႏုိင္ငံက ၾသဇာလႊမ္းမိုးဖို႔ ႀကိဳးစားေနတာနဲ႔ ပတ္သက္တာအပါအဝင္ ေတာင္တ႐ုတ္ပင္လယ္အေရး၊ ေျမာက္ကိုရီးယားအေရးတို႔သာမက ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းထားတ့ဲ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ႏွစ္ႏုိင္ငံ အဆင့္ျမင့္တာဝန္ရွိသူေတြ ေဆြးေႏြးခဲ့ၾကတာပါ။

ဝန္ႀကီးႏွစ္ေယာက္ဟာ ဂ်ပန္ႏုိင္ငံကေန ေတာင္ကိုရီးယားႏုိင္ငံကို ခရီးဆက္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲရလဒ်ကိုပြောင်းဖို့ မြန်မာဆန္ဒပြသူတွေ ရက်ရက်စက်စက်ဖြိုခွဲခံရ - ကန်နိုင်ငံခြားရေးဝန်ကြီး

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ပေါ်မှာ မိမိတို့ ယုံကြည်ပြီး အာရှဒေသအပါအဝင် နေရာအများအပြားမှာ ဒီစံတန်ဖိုးတွေ ခြိမ်းခြောက်ခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောရင်း မြန်မာနိုင်ငံအခြေအနေကို ထည့်ပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွဲနေတယ်။" လို့ ဝန်ကြီး Antony Blinken က ဒီကနေ့ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ဂျပန်နိုင်ငံမှာရောက်နေတဲ့ ဝန်ကြီး Blinken ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ ၂+၂ အစည်းအဝေးအပြီး တိုကျိုမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။

ဒါဟာဖြင့် ဝန်ကြီး Blinken နဲ့ ဝန်ကြီး Austin တို့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပြီး ဒီခရီးစဉ်ကလည်း အာရှဒေသခရီးစဉ်ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံစည်းဝေးပွဲအတွင်း ဒေသတွင်းမှာ တရုတ်နိုင်ငံက သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတာနဲ့ ပတ်သက်တာအပါအဝင် တောင်တရုတ်ပင်လယ်အရေး၊ မြောက်ကိုရီးယားအရေးတို့သာမက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ အဆင့်မြင့်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာပါ။

ဝန်ကြီးနှစ်ယောက်ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG