သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-တရုတ္ (၂) ႏိုင္ငံ ဆက္ဆံေရး ႏိုင္ငံျခားေရး၀န္ႀကီးအဆင္႔ ေဆြးေႏြးမည္


(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံျခားေရး၀န္ၾကီး Antony Blinken နဲ ့ အမ်ိဴးသားလံုျခံဳေရးအရာရွိ Jake Sullivan တို ့ဟာ တရုတ္အဆင့္တူ အရာရွိေတြနဲ ့လာမယ့္အပတ္ထဲ Alaska မွာ ေတြ ့ဆံုဖို ့ရွိၿပီး ဒါဟာ သမၼတ ဂ်ိဴးဘိုင္ဒန္ အာဏာရယူၿပီး ပထမဦးဆံုး အေမရိကန္-တရုတ္ ထိပ္တန္းအရာရွိေတြရဲ့ ေတြ ့ဆံုမႈျဖစ္ပါတယ္။

“Blinken နဲ ့ Sullivan ဟာ Alaska ျပည္နယ္ Anchorage ၿမိဳ ့မွာ တရုတ္ျပည္သူ႔ သမၼတနိုင္ငံရဲ့ နိုင္ငံျခားေရး ဗဟုိေကာ္မရွင္ညႊန္ၾကားေရးမွဴး Yang Jiechi နဲ ့နိုင္ငံေတာ္ အႀကံေပး Wang Yi ေတြ ့ဆံုဖို ့ရွိပါတယ္။

က်ေနာ္တို ့ရဲ့ အနီဆံုးမဟာမိတ္ေတြျဖစ္ၾကတဲ့ ဂ်ပန္နဲ ့ေတာင္ကိုးရီးယားတုိ ့နဲ ့နိုင္ငံျခားေရး ၀န္ၾကီး Blinken ေတြ ့ဆံုမႈေနာက္ပိုင္း ဒီအစည္းအေ၀းျဖစ္လာမွာျဖစ္တယ္။ ၀န္ႀကီး Blinken နဲ ့NSA က Sullivan တို ့အေနနဲ ့တရုတ္ျပည္သူ ့သမၼတနိုင္ငံနဲ ့ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကို ေဆြးေႏြးဖို ့ရွိပါတယ္” လို ့ႏိုင္ငံျခားေရး၀န္ၾကီးဌာနက ဗုဒၶဟူးေန ့ကေျပာပါတယ္။

ၿပီးခဲ့တဲ့ အပတ္ထဲမွာေတာ့ အေမရိကန္-တရုတ္ဆက္ဆံေရးဟာ ဒီရာစုရဲ႕ ကမၻာ့ အၾကီးဆံုး ပထ၀ီႏိုင္ငံေရး အကဲစမ္းမွု အျဖစ္ Blinken က ေၾကညာခဲ့ပါတယ္။

အေမရိကန္အေနနဲ ့ တရုတ္နဲ ့ပက္သက္လာရင္ ျပီးဆက္လက္ျပီး ေျမာက္ေအာင္ျမင္ဖို ့၊ ပူးေပါင္းေဆာင္ရြက္ဖို ့နဲ ့လိုအပ္လာရင္ ပဋိပကၡဆန္ဖို ့ရွိတယ္လို ့လည္း Blinken က ဆက္ေျပာသြားခဲ့ပါတယ္။

ကမၻာ့စီးပြားေရးဦးေဆာင္ ၂ ႏိုင္ငံရဲ႕ ဆက္ဆံေရးဟာ ကုန္သြယ္ေရး၊ 5G နည္းပညာ၊ လူ ့အခြင့္ အေရးနဲ ့ ေဒသတြင္းလံုျခံဳေရးတို ့နဲ ့ပက္သက္ျပီး အဆိုးရြားဆံုး ဆယ္စုနွစ္ေတြထဲမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကန်-တရုတ် (၂) နိုင်ငံ ဆက်ဆံရေး နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမည်

(Unicode)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အမျိူးသားလုံခြုံရေးအရာရှိ Jake Sullivan တို့ဟာ တရုတ်အဆင့်တူ အရာရှိတွေနဲ့လာမယ့်အပတ်ထဲ Alaska မှာ တွေ့ဆုံဖို့ရှိပြီး ဒါဟာ သမ္မတ ဂျိူးဘိုင်ဒန် အာဏာရယူပြီး ပထမဦးဆုံး အမေရိကန်-တရုတ် ထိပ်တန်းအရာရှိတွေရဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။

“Blinken နဲ့ Sullivan ဟာ Alaska ပြည်နယ် Anchorage မြို့မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေး ဗဟိုကော်မရှင်ညွှန်ကြားရေးမှူး Yang Jiechi နဲ့နိုင်ငံတော် အကြံပေး Wang Yi တွေ့ဆုံဖို့ရှိပါတယ်။

ကျနော်တို့ရဲ့ အနီဆုံးမဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်နဲ့တောင်ကိုးရီးယားတို့နဲ့နိုင်ငံခြားရေး ဝန်ကြီး Blinken တွေ့ဆုံမှုနောက်ပိုင်း ဒီအစည်းအဝေးဖြစ်လာမှာဖြစ်တယ်။ ဝန်ကြီး Blinken နဲ့NSA က Sullivan တို့အနေနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကိစ္စရပ်တော်တော်များများကို ဆွေးနွေးဖို့ရှိပါတယ်” လို့နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ကပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာတော့ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ ဒီရာစုရဲ့ ကမ္ဘာ့ အကြီးဆုံး ပထဝီနိုင်ငံရေး အကဲစမ်းမှု အဖြစ် Blinken က ကြေညာခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်နဲ့ပက်သက်လာရင် ပြီးဆက်လက်ပြီး မြောက်အောင်မြင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့လိုအပ်လာရင် ပဋိပက္ခဆန်ဖို့ရှိတယ်လို့လည်း Blinken က ဆက်ပြောသွားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဦးဆောင် ၂ နိုင်ငံရဲ့ ဆက်ဆံရေးဟာ ကုန်သွယ်ရေး၊ 5G နည်းပညာ၊ လူ့အခွင့် အရေးနဲ့ ဒေသတွင်းလုံခြုံရေးတို့နဲ့ပက်သက်ပြီး အဆိုးရွားဆုံး ဆယ်စုနှစ်တွေထဲမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG