(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဂ်ာမနီႏိုင္ငံက လက္မခံဖို႔ ႏိုင္ငံျခားေရးဝန္ႀကီး Heiko Maas က လႊတ္ေတာ္အမတ္ေတြကို တိ္ုက္တြန္းလိုက္ပါတယ္။
“ဆႏၵျပသူေတြကို ဖမ္းခ်ဳပ္ထားႏိုင္ေပမယ့္ ႏိုင္ငံသားအားလံုးကိုေတာ့ ဖမ္းခ်ဳပ္ထားႏိုင္မွာ မဟုတ္ပါဘူး။ ျမန္မာစစ္တပ္က သမိုင္းမွာ ေနာက္ေၾကာင္းျပန္လွည့္ဖို႔ ႀကိဳးစားေကာင္း ႀကိဳးစားမွာ ျဖစ္ေပမဲ့ စစ္အာဏာရွင္စနစ္ကို ၾကံဳခဲ့ရဖူးတဲ့ ျမန္မာျပည္သူေတြကေတာ့ လြတ္လပ္မႈနဲ႔ ဒီမိုကေရစီရဲ႕ အရသာကို သိေနၾကၿပီျဖစ္တဲ့အတြက္ စစ္အာဏာရွင္စနစ္ကို မလိုလားၾကပါဘူး”လို႔ေျပာသြားတာပါ။
ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ဂ်ာမနီက ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ေၾကာင္း ျပတ္ျပတ္သားသား ျပသၾကဖို႔လည္း လႊတ္ေတာ္အမတ္ေတြကိုပါ တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဆႏၵျပသူ ၃၈ ေယာက္ ေသဆံုးခဲ့ရတဲ့ တုန္လႈပ္ဖြယ္အၾကမ္း ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ေပမယ့္ ျမန္မာျပည္သူေတြကေတာ့ ေနာက္တေန႔ျဖစ္တဲ့ ၾကာသပေတးေန႔မွာလည္း လမ္းမေတြေပၚ ထြက္ၿပီး ဆႏၵျပေနၾကတာပါ။
အာဏာပိုင္ေတြက ဆႏၵျပမႈေတြကို မ်က္ရည္ယိုဗံုးေတြ၊ ရာဘာက်ည္ေတြ၊ က်ည္အစစ္ေတြနဲ႔ ပစ္ခတ္ႏွိမ္နင္းေနပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ ဖမ္းဆီးခံေနရတဲ့ ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို အျမန္ျပန္လႊတ္ေပးၿပီး တရာဝင္ဒီမိုကေရစီနည္းက် အုပ္ခ်ဳပ္မႈ ျပန္ရလာေစဖို႔ လည္း ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆိုလိုက္ပါတယ္။
အီးယူ ဥေရာပသမဂၢက အာဏာသိမ္းထားတဲ့ စစ္တပ္ေခါင္းေဆာင္ပိုင္းကို ပစ္မွတ္ထားအေရးယူဖို႔ ျပင္ဆင္ထား ေၾကာင္းနဲ႔ မၾကာခင္မွာ ထုတ္ျပန္ဖို႔ရွိတယ္လို႔လည္း ေျပာပါတယ္။
..............
မြန်မာစစ်အာဏာသိမ်းမှု ဂျာမဏီဘယ်တော့မှ လက်ခံမည် မဟုတ် (နိုင်ငံခြားရေးဝန်ကြီး Heiko Maas)
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဂျာမနီနိုင်ငံက လက်မခံဖို့ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
“ဆန္ဒပြသူတွေကို ဖမ်းချုပ်ထားနိုင်ပေမယ့် နိုင်ငံသားအားလုံးကိုတော့ ဖမ်းချုပ်ထားနိုင်မှာ မဟုတ်ပါဘူး။ မြန်မာစစ်တပ်က သမိုင်းမှာ နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားကောင်း ကြိုးစားမှာ ဖြစ်ပေမဲ့ စစ်အာဏာရှင်စနစ်ကို ကြုံခဲ့ရဖူးတဲ့ မြန်မာပြည်သူတွေကတော့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ အရသာကို သိနေကြပြီဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို မလိုလားကြပါဘူး”လို့ပြောသွားတာပါ။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဂျာမနီက ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြသကြဖို့လည်း လွှတ်တော်အမတ်တွေကိုပါ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန္ဒပြသူ ၃၈ ယောက် သေဆုံးခဲ့ရတဲ့ တုန်လှုပ်ဖွယ်အကြမ်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် မြန်မာပြည်သူတွေကတော့ နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာလည်း လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြနေကြတာပါ။
အာဏာပိုင်တွေက ဆန္ဒပြမှုတွေကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ပြန်လွှတ်ပေးပြီး တရာဝင်ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှု ပြန်ရလာစေဖို့ လည်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
အီးယူ ဥရောပသမဂ္ဂက အာဏာသိမ်းထားတဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားအရေးယူဖို့ ပြင်ဆင်ထား ကြောင်းနဲ့ မကြာခင်မှာ ထုတ်ပြန်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။