သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အက်အဆံုးမ်ားခဲ့ေပမဲ့ ရန္ကုန္ဆႏၵျပပြဲေတြ ဆက္ျဖစ္


မတ္လ ၄ ရက္ေန႔ ရန္ကုန္ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၄၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ၿပီးေတာ့ ဒီမိုကေရစီရရွိေရး ၿငိမ္းခ်မ္းစြာ ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ႏွိမ္နင္းေပမဲ့လည္း အရွိန္ေလ်ာ့မသြားဘဲ ဆက္ျဖစ္ေနတုန္းပါ။ မေန႔က အၾကမ္းဖက္ၿဖိဳခြဲမႈအတြင္း လူအမ်ားအျပား ေသဆံုးခဲ့ရၿပီး ေနာက္တေန႔ ဒီကေန႔မွာလည္း ႏွိိမ္နင္းၿဖိဳခြဲတာကို အံတုၿပီး ဆက္လက္ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕တဝန္း ဒီကေန႔ ဆႏၵျပပြဲအေျခအေနေတြကို ဗီြအိုေအသတင္းေထာက္မေမခက စုစည္းတင္ျပထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ထဲက အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းအၿပီး စစ္ဆန႔္က်င္ဆႏၵျပမႈေတြဟာ ေနရာအႏွံ႔ေပၚထြက္လာတာ တလ ေက်ာ္ေနၿပီျဖစ္ေပမဲ့ ခုအခ်ိန္ထိ အရွိန္ေလ်ာ့သြားတာ မရွိေသးပါဘူး။ မေန႔ကေတာ့ ရန္ကုန္ၿမိဳ႕တြင္း ေျမာက္ဥကၠလာပမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က အၾကမ္းဖက္ၿဖိဳခြင္းတာေၾကာင့္ ၁၀ ဦးထက္ မနည္း ေသဆုံးခဲ့ၾကရပါတယ္။

ဒီကေန႔ ေန႔လယ္ေလာက္က စလို႔ ရန္ကုန္၊ စမ္းေခ်ာင္းၿမိဳ႕နယ္အပါအဝင္ ေျမာက္ဒဂုံ၊ အလုံနဲ႔ တာေမြမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ ရွိေနပါတယ္။ ေအာက္ၾကည့္ျမင္တိုင္လမ္းနဲ႔ အလုံလမ္း မီးပြိဳင့္မွာ စစ္ကား ရွစ္ စီးနဲ႔ အခ်ဳပ္ကားေတြ ရွိေနၿပီး အသံဗုံး သံုး ခ်က္ထက္မနည္း ေဖာက္တာ၊ မ်က္ရည္ယိုဗုံး ပစ္သြင္းတာေတြနဲ႔ လူစုခြဲခံရတာရွိပါတယ္။ ဆႏၵျပလူထုကို မီးခိုးဗုံးေတြနဲ႔ အသံဗုံးေတြနဲ႔ ပစ္ခတ္ျဖိဳခြင္းတာမွာ ငုဝါလမ္းအထိ ဝင္ေရာက္ျဖိဳခဲြတာေတြလည္း ရွိခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ အဲဒီနားတစ္ဝိုက္ဟာ ဆႏၵျပသူ ခန႔္မွန္းေျခ ရာခ်ီ စုေဝးခဲ့ၾကတဲ့ေနရာျဖစ္ၿပီး အဲဒီ လူစုလူေဝးဆႏၵျပခ်ိန္မွာ အခုလိုၿဖိဳခြင္းခဲ့တာ ျဖစ္ပါတယ္။

ၿဖိဳခြင္းမႈေတြ ရွိခဲ့ေပမဲ့ ျပင္းထန္ထိခိုက္တာမ်ိဳးေတြ မရွိခဲ့ပါဘူး။ ဘယ္လိုအေျခအေနပဲ ႀကဳံႀကဳံ အာဏာရွင္မက်ဆံုးသ၍ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆႏၵေဖာ္ထုတ္ေနတဲ့ လူငယ္တဦးက ဗြီအိုေအကိုေျပာပါတယ္။

"က်ေနာ္တို႔နဲ႔ ႐ြယ္တူေတြေရာ၊ က်ေနာ္တို႔ထက္ အမ်ားၾကီးငယ္တဲ့သူေတြေရာ၊ ၂ ႏွစ္၊ ၃ ႏွစ္ေလာက္ငယ္တဲ့သူေတြေရာ၊ အခုမွ ၁၈ ႏွစ္ျပည့္ၿပီးခါစ၊ ေက်ာ္တဲ့သူေတြ အဲ့ဒီလိုလူေတြ ေသသြားတယ္ဆိုေပမဲ့ က်ေနာ္တို႔ မေၾကာက္ဘူးဗ်။ က်ေနာ္တို႔ စိတ္ထဲမွာ ပိုခံျပင္းတယ္။ ဘာမွလည္း မလုပ္ႏိုင္ဘူး။ သူတို႔လည္း လက္နက္မရွိဘူး။ က်ေနာ္တို႔က ျပန္လုပ္ရင္လည္း ႏိုင္ငံတကာက က်ေနာ္တို႔က အၾကမ္းျပန္ဖက္လို႔ပါ.... ခ်ဳပ္ကိုင္တာ ခံရမယ္ဗ်ာ။ ခုခ်ိန္က က်ေနာ္တို႔ဘက္ကပဲ အရႈံးျဖစ္ေနဦးမွာပဲ။ သူတို႔ဘက္က က်ေနာ္တို႔ကိုေသနတ္နဲ႔တိုက္တဲ့အတြက္ က်ေနာ္တို႔ဘက္က စိတ္ဓါတ္နဲ႔ တိုက္ရမွာပဲေလ။ အဲဒီေတာ့က်ေနာ္တင္မဟုတ္ဘူး... တျခားလူငယ္ေတြအကုန္လုံး မေၾကာက္ပါဘူး။ က်ဆုံးသြားသူေတြကို အလကားမျဖစ္ေစခ်င္ဘူး။ သူတို႔ ျမင္သည္ျဖစ္ေစ၊ မျမင္သည္ျဖစ္ေစ က်ေနာ္တို႔ကေတာ့ဆက္ၿပီးတိုက္သြားမယ္။ က်ေနာ္တို႔ လမ္းပိုထြက္တယ္။ မေၾကာက္ဘူး။"

ေနာက္ထပ္လူစုခြဲခံရတဲ့ ေနရာကေတာ့ ေျမာက္ဒဂုံဘက္ပါ။ ေၾကြးေၾကာ္သံေတြနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြဟာ ၃၅ ရပ္ကြက္၊ ၃၄ ရပ္ကြက္၊ အသင္းဝင္နဲ႔ ေက်ာင္းလမ္းတဝိုက္မွာ စု႐ုံး ဆႏၵေဖာ္ထုတ္ေနတာပါ။ အာဏာပိုင္ လက္နက္ကိုင္ေတြက အဲဒီေနရာအနီးတဝိုက္ကို ေန႔လယ္ပိုင္းေလာက္က မ်က္ရည္ယိုဗုံး၊ အသံဗုံးေတြနဲ႔ ျပည္သူေတြ ကာရံထားတာကိုလည္း ဖ်က္ဆီးရွင္းလင္းတာေတြ လုပ္ခဲ့ပါတယ္။ အဲဒီလိုလုပ္ခဲ့တဲ့အျပင္ ရပ္ကြက္လမ္းေတြထဲထိ ဝင္ၿပီး ဝင္ေရာက္ရွာေဖြတာေတြလုပ္တယ္လို႔ အဲဒီေနရာမွာ ကိုယ္တိုင္ေတြ႕သူတဦးကေျပာပါတယ္။

"က်ေနာ္တို႔ကို ဘယ္ေလာက္ပဲ အေၾကာက္တရားေတြ ႐ိုက္သြင္းသြင္း၊ ဘယ္လိုပဲ လုပ္လုပ္ က်ေနာ္တို႔ႏိုင္ငံအတြက္ က်ေနာ္တို႔လုပ္သင့္လုပ္ထိုက္တာေတြ ဆက္လုပ္သြားမွာပဲ။ ထပ္ၿပီးေတာ့ လမ္းထြက္သြားမယ္၊ ထပ္ၿပီးေတာ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းစြာဆႏၵျပေနမွာပဲ။ ဒါကိုမွာ သူတို႔ အၾကမ္းဖက္ ျဖိဳခြင္းခ်င္ေတာ့လည္း မတတ္ႏိုင္ဘူး။ က်ေနာ္တို႔ အေရးေတာ္ပုံေအာင္တဲ့အထိ ဆက္လက္တိုက္ပြဲဝင္သြားမွာပါ။"

ေျမာက္ဥကၠလာဘက္မွာေတာ့ မေန႔က ေသြးေျမခခဲ့ရေပမဲ့ ဒီကေန႔မွာလည္း အင္အားေလ်ာ့သြားတာမရွိဘဲ ဆက္လက္ဆႏၵေဖာ္ထုတ္ေနဆဲျဖစ္တယ္လို႔ သပိတ္စစ္ေၾကာင္းထဲပါဝင္ေနသူေတြကေျပာပါတယ္။ ျပည္သူေတြဘက္က ကာကြယ္ထားတဲ့ အကာအရံကိုလည္း အာဏာပိုင္ေတြဘက္က ဘူထိုစာေတြ သံုးကာ ဖ်က္ဆီးသြားတယ္လို႔ အဲဒီမွာ ရွိေနတဲ့ ေဒသခံေတြကေျပာပါတယ္။

စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာလည္း သပိတ္ကို ၿဖိဳခြဲတာေတြ ရွိသလို အာဏာရွင္ဆန႔္က်င္ေရးကိုပုံစံမ်ိဳးစုံသုံး ေဖာ္ထုတ္တာေတြရွိပါတယ္။ ထမိန္တန္းဆင္ကာ လမ္းထဲကို အာဏာပိုင္ေတြ မဝင္ႏိုင္ေအာင္တားဆီးတာေတြ လုပ္တာမ်ိဴးေတြ ရွိခဲ့တယ္လို႔ အဲဒီေနရာကိုေရာက္ေနတဲ့ ဗြီအိုေအသတင္းေထာက္အဂၢႏြန္က ေျပာပါတယ္။

"ဒီေန႔စမ္းေခ်ာင္းရဲ႕ အေျခအေနက ဒီမနက္ပိုင္း ကြ်န္းေတာလမ္းဘက္မွာ ျဖိဳခြင္းလိုက္တယ္ၾကားတယ္။ ဒီေန႔က စစ္တပ္က ပိုမ်ားတယ္လို႔ ၾကားတယ္။ အသံဗုံး၊ မ်က္ရည္ယိုဗုံးေတြ ပစ္ခတ္ၿဖိဳခြဲတယ္။ ကြ်န္းေတာလမ္းေပၚတေလွ်ာက္မွာ ဒီဆႏၵျပတဲ့လူေတြရွိတယ္။ တိုင္းရင္းသားေတာ္ေတာ္မ်ားမ်ားလည္း ပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ ခံတပ္ေတြ အဆင့္ဆင့္ခံထားတာေတြ႕ရတယ္။ ရဲေတြ၊ စစ္သားေတြ အလြယ္တကူ မဝင္ေရာက္ႏိုင္ေအာင္ ကာကြယ္ထားတာေတြ႔ရတယ္။ ထမိန္တန္းေတြ လွမ္းတာေတြလည္း ေတြ႕ရတယ္။ စစ္တပ္ေတြက ၿဖိဳခြဲဖို႔ အသင့္ေစာင့္ဆိုင္းတာေတြလည္း ေတြ႕ရတယ္။"

စမ္းေခ်ာင္းၿမိဳ႕နယ္ ပဒုမၼာလမ္း၊ ကြၽန္းေတာလမ္း၊ ဗဟိုလမ္းတစ္ဝိုက္မွာလည္း စစ္အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက မ်က္ရည္ဗုံး အသံဗုံးနဲ႔ ေလာက္ေလးခြေတြသံုးၿပီး ဆႏၵျပလူအုပ္စုကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲမႈေတြလုပ္ခဲ့ပါတယ္။

တာေမြ ဗညားဒလလမ္းတေလွ်ာက္ ဩဘာလမ္း၊ သီတာလမ္း၊ ၁၄၆ လမ္း၊ ၁၄၅ လမ္းဘက္မွာပါ မ်က္ရည္ဗုံးမ်ား ပစ္ခြဲတာေတြအျပင္ အိမ္ေတြေပၚအထိ ပစ္ခတ္တာေတြ ရွိခဲ့ပါတယ္။ အဲဒီေနရာေတြ အကုန္လုံးကို စစ္နဲ႔ ရဲအင္အား ၃၀၀ နီးပါးေလာက္က ဝင္ေရာက္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။ ထိခိုက္မႈအေျခအေနေတာ့ မသိရေသးပါဘူး။

ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ပစ္ခတ္ ႏွိမ္နင္းလို႔ ေသြးေျမက်တဲ့ အထိျဖစ္ခဲ့ရေပမဲ့ ဒီကေန႔မွာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ လူငယ္ေတြဟာ ဆႏၵေဖာ္ထုတ္ေနတာေတြ ရွိေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကျအဆုံးများခဲ့ပေမဲ့ ရန်ကုန်ဆန္ဒပြပွဲတွေ ဆက်ဖြစ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီးတော့ ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် နှိမ်နင်းပေမဲ့လည်း အရှိန်လျော့မသွားဘဲ ဆက်ဖြစ်နေတုန်းပါ။ မနေ့က အကြမ်းဖက်ဖြိုခွဲမှုအတွင်း လူအများအပြား သေဆုံးခဲ့ရပြီး နောက်တနေ့ ဒီကနေ့မှာလည်း နှိမ်နင်းဖြိုခွဲတာကို အံတုပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့တဝန်း ဒီကနေ့ ဆန္ဒပြပွဲအခြေအနေတွေကို ဗွီအိုအေသတင်းထောက်မမေခက စုစည်းတင်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းအပြီး စစ်ဆန့်ကျင်ဆန္ဒပြမှုတွေဟာ နေရာအနှံ့ပေါ်ထွက်လာတာ တလ ကျော်နေပြီဖြစ်ပေမဲ့ ခုအချိန်ထိ အရှိန်လျော့သွားတာ မရှိသေးပါဘူး။ မနေ့ကတော့ ရန်ကုန်မြို့တွင်း မြောက်ဥက္ကလာပမှာ စစ်အုပ်ချုပ်ရေးကောင်စီဘက်က အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၁၀ ဦးထက် မနည်း သေဆုံးခဲ့ကြရပါတယ်။

ဒီကနေ့ နေ့လယ်လောက်က စလို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်အပါအဝင် မြောက်ဒဂုံ၊ အလုံနဲ့ တာမွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိနေပါတယ်။ အောက်ကြည့်မြင်တိုင်လမ်းနဲ့ အလုံလမ်း မီးပွိုင့်မှာ စစ်ကား ရှစ် စီးနဲ့ အချုပ်ကားတွေ ရှိနေပြီး အသံဗုံး သုံး ချက်ထက်မနည်း ဖောက်တာ၊ မျက်ရည်ယိုဗုံး ပစ်သွင်းတာတွေနဲ့ လူစုခွဲခံရတာရှိပါတယ်။ ဆန္ဒပြလူထုကို မီးခိုးဗုံးတွေနဲ့ အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းတာမှာ ငုဝါလမ်းအထိ ဝင်ရောက်ဖြိုခွဲတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီနားတစ်ဝိုက်ဟာ ဆန္ဒပြသူ ခန့်မှန်းခြေ ရာချီ စုဝေးခဲ့ကြတဲ့နေရာဖြစ်ပြီး အဲဒီ လူစုလူဝေးဆန္ဒပြချိန်မှာ အခုလိုဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

ဖြိုခွင်းမှုတွေ ရှိခဲ့ပေမဲ့ ပြင်းထန်ထိခိုက်တာမျိုးတွေ မရှိခဲ့ပါဘူး။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ အာဏာရှင်မကျဆုံးသ၍ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆန္ဒဖော်ထုတ်နေတဲ့ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့နဲ့ ရွယ်တူတွေရော၊ ကျနော်တို့ထက် အများကြီးငယ်တဲ့သူတွေရော၊ ၂ နှစ်၊ ၃ နှစ်လောက်ငယ်တဲ့သူတွေရော၊ အခုမှ ၁၈ နှစ်ပြည့်ပြီးခါစ၊ ကျော်တဲ့သူတွေ အဲ့ဒီလိုလူတွေ သေသွားတယ်ဆိုပေမဲ့ ကျနော်တို့ မကြောက်ဘူးဗျ။ ကျနော်တို့ စိတ်ထဲမှာ ပိုခံပြင်းတယ်။ ဘာမှလည်း မလုပ်နိုင်ဘူး။ သူတို့လည်း လက်နက်မရှိဘူး။ ကျနော်တို့က ပြန်လုပ်ရင်လည်း နိုင်ငံတကာက ကျနော်တို့က အကြမ်းပြန်ဖက်လို့ပါ.... ချုပ်ကိုင်တာ ခံရမယ်ဗျာ။ ခုချိန်က ကျနော်တို့ဘက်ကပဲ အရှုံးဖြစ်နေဦးမှာပဲ။ သူတို့ဘက်က ကျနော်တို့ကိုသေနတ်နဲ့တိုက်တဲ့အတွက် ကျနော်တို့ဘက်က စိတ်ဓါတ်နဲ့ တိုက်ရမှာပဲလေ။ အဲဒီတော့ကျနော်တင်မဟုတ်ဘူး... တခြားလူငယ်တွေအကုန်လုံး မကြောက်ပါဘူး။ ကျဆုံးသွားသူတွေကို အလကားမဖြစ်စေချင်ဘူး။ သူတို့ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ကျနော်တို့ကတော့ဆက်ပြီးတိုက်သွားမယ်။ ကျနော်တို့ လမ်းပိုထွက်တယ်။ မကြောက်ဘူး။"

နောက်ထပ်လူစုခွဲခံရတဲ့ နေရာကတော့ မြောက်ဒဂုံဘက်ပါ။ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေဟာ ၃၅ ရပ်ကွက်၊ ၃၄ ရပ်ကွက်၊ အသင်းဝင်နဲ့ ကျောင်းလမ်းတဝိုက်မှာ စုရုံး ဆန္ဒဖော်ထုတ်နေတာပါ။ အာဏာပိုင် လက်နက်ကိုင်တွေက အဲဒီနေရာအနီးတဝိုက်ကို နေ့လယ်ပိုင်းလောက်က မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ပြည်သူတွေ ကာရံထားတာကိုလည်း ဖျက်ဆီးရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တဲ့အပြင် ရပ်ကွက်လမ်းတွေထဲထိ ဝင်ပြီး ဝင်ရောက်ရှာဖွေတာတွေလုပ်တယ်လို့ အဲဒီနေရာမှာ ကိုယ်တိုင်တွေ့သူတဦးကပြောပါတယ်။

"ကျနော်တို့ကို ဘယ်လောက်ပဲ အကြောက်တရားတွေ ရိုက်သွင်းသွင်း၊ ဘယ်လိုပဲ လုပ်လုပ် ကျနော်တို့နိုင်ငံအတွက် ကျနော်တို့လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမှာပဲ။ ထပ်ပြီးတော့ လမ်းထွက်သွားမယ်၊ ထပ်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေမှာပဲ။ ဒါကိုမှာ သူတို့ အကြမ်းဖက် ဖြိုခွင်းချင်တော့လည်း မတတ်နိုင်ဘူး။ ကျနော်တို့ အရေးတော်ပုံအောင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။"

မြောက်ဥက္ကလာဘက်မှာတော့ မနေ့က သွေးမြေခခဲ့ရပေမဲ့ ဒီကနေ့မှာလည်း အင်အားလျော့သွားတာမရှိဘဲ ဆက်လက်ဆန္ဒဖော်ထုတ်နေဆဲဖြစ်တယ်လို့ သပိတ်စစ်ကြောင်းထဲပါဝင်နေသူတွေကပြောပါတယ်။ ပြည်သူတွေဘက်က ကာကွယ်ထားတဲ့ အကာအရံကိုလည်း အာဏာပိုင်တွေဘက်က ဘူထိုစာတွေ သုံးကာ ဖျက်ဆီးသွားတယ်လို့ အဲဒီမှာ ရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

စမ်းချောင်းမြို့နယ်ထဲမှာလည်း သပိတ်ကို ဖြိုခွဲတာတွေ ရှိသလို အာဏာရှင်ဆန့်ကျင်ရေးကိုပုံစံမျိုးစုံသုံး ဖော်ထုတ်တာတွေရှိပါတယ်။ ထမိန်တန်းဆင်ကာ လမ်းထဲကို အာဏာပိုင်တွေ မဝင်နိုင်အောင်တားဆီးတာတွေ လုပ်တာမျိူးတွေ ရှိခဲ့တယ်လို့ အဲဒီနေရာကိုရောက်နေတဲ့ ဗွီအိုအေသတင်းထောက်အဂ္ဂနွန်က ပြောပါတယ်။

"ဒီနေ့စမ်းချောင်းရဲ့ အခြေအနေက ဒီမနက်ပိုင်း ကျွန်းတောလမ်းဘက်မှာ ဖြိုခွင်းလိုက်တယ်ကြားတယ်။ ဒီနေ့က စစ်တပ်က ပိုများတယ်လို့ ကြားတယ်။ အသံဗုံး၊ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ဖြိုခွဲတယ်။ ကျွန်းတောလမ်းပေါ်တလျှောက်မှာ ဒီဆန္ဒပြတဲ့လူတွေရှိတယ်။ တိုင်းရင်းသားတော်တော်များများလည်း ပါတယ်။ နောက်ပြီးတော့ သူတို့ ခံတပ်တွေ အဆင့်ဆင့်ခံထားတာတွေ့ရတယ်။ ရဲတွေ၊ စစ်သားတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ကာကွယ်ထားတာတွေ့ရတယ်။ ထမိန်တန်းတွေ လှမ်းတာတွေလည်း တွေ့ရတယ်။ စစ်တပ်တွေက ဖြိုခွဲဖို့ အသင့်စောင့်ဆိုင်းတာတွေလည်း တွေ့ရတယ်။"

စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်း၊ ကျွန်းတောလမ်း၊ ဗဟိုလမ်းတစ်ဝိုက်မှာလည်း စစ်အုပ်ချုပ်ရေးအာဏာပိုင်တွေက မျက်ရည်ဗုံး အသံဗုံးနဲ့ လောက်လေးခွတွေသုံးပြီး ဆန္ဒပြလူအုပ်စုကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့ပါတယ်။

တာမွေ ဗညားဒလလမ်းတလျှောက် ဩဘာလမ်း၊ သီတာလမ်း၊ ၁၄၆ လမ်း၊ ၁၄၅ လမ်းဘက်မှာပါ မျက်ရည်ဗုံးများ ပစ်ခွဲတာတွေအပြင် အိမ်တွေပေါ်အထိ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနေရာတွေ အကုန်လုံးကို စစ်နဲ့ ရဲအင်အား ၃၀၀ နီးပါးလောက်က ဝင်ရောက်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးပါဘူး။

ရန်ကုန်မြို့ နေရာအနှံ့မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ် နှိမ်နင်းလို့ သွေးမြေကျတဲ့ အထိဖြစ်ခဲ့ရပေမဲ့ ဒီကနေ့မှာ နေရာတော်တော်များများမှာ လူငယ်တွေဟာ ဆန္ဒဖော်ထုတ်နေတာတွေ ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG