[Zawgyi/Unicode]
စစ္တပ္က အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနတဲ့အေပၚ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံတခ်ဳိ႕က ပစ္မွတ္ထားဒဏ္ခတ္မႈေတြ လုပ္ေနခ်ိန္မွာပဲ ဒီဒဏ္ခတ္မႈေတြကို မမႈတဲ့ပံုစစ္တပ္က တံု႔ျပန္ခဲ့တယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ Christine Schraner Burgener ကေျပာၾကားပါတယ္။ ျမန္မာစစ္တပ္နဲ႔ ေဆြးေႏြးခဲ့တဲ့အေၾကာင္း ဗုဒၶဟူးေန႔က လုပ္တဲ့ သတင္းစာ႐ွင္းပဲြမွာ သူကေျပာျပခဲ့တာျဖစ္ပါတယ္။
"စစ္တပ္နဲ႔ ေဆြးေႏြးခဲ့စဥ္က ကုလသမဂၢအဖဲြ႔ဝင္ႏိုင္ငံေတြနဲ႔ လံုျခံဳေရးေကာင္စီက ႀကီးမား ျပင္းထန္တဲ့ အေရးယူမႈေတြ လုပ္ႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။ သူတုိ႔ဘက္က ျပန္ေျပာတာကေတာ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ခံရတာ က်င့္သားရေနၿပီ။ အရင္က ဒဏ္ခတ္အေရးယူမႈေတြ လုပ္ခဲ့ေပမဲ့ လြန္ေျမာက္ ေက်ာ္လႊားႏုိင္ခဲ့တယ္ဆိုၿပီး တံု႔ျပန္တယ္။" လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူးသံတမန္က ေျပာျပတာပါ။
ျမန္မာႏိုင္ငံ တႏိုင္ငံထဲ အထီးက်န္ျဖစ္မယ္လို႔ သူက ထပ္ၿပီး သတိေပးတဲ့အခါမွာလည္း ႐ွိတဲ့ မိတ္ေဆြအနည္းငယ္နဲ႔ အလုပ္ျဖစ္ေအာင္ ေပါင္းသင္းဆက္ဆံသြားရမွာျဖစ္တယ္လို႔ စစ္တပ္ဘက္က သူ႔ကို တံု႔ျပန္ခဲ့တယ္လို႔ ေျပာပါတယ္။
ဒါေၾကာင့္ ကုလသမဂၢအဖဲြ႔ဝင္ႏိုင္ငံေတြအေနနဲ႔ ေတာ္ေတာ္ေလးျပင္းထန္တဲ့ ေဆာင္႐ြက္မႈေတြလုပ္ဖုိ႔ လိုအပ္တယ္လို႔ သူထင္ျမင္ေၾကာင္း မေန႔ကလုပ္တဲ့ သတင္းစာ႐ွင္းပြဲမွာ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ Christine Schraner Burgener က ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြ ရပ္သြားေအာင္ ေဆြးေႏြးမႈကေနပဲ အေျဖ႐ွာႏိုင္မယ္လို႔ ထင္တဲ့အတြက္ သူ႔အေနနဲ႔ စစ္တပ္နဲ႔ ဆက္ၿပီး ေဆြးေႏြးသြားမယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။
[Unicode Version]
ဒဏ်ခတ်အရေးယူမှု ကျင့်သားရနေပြီလို့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီ တုံ့ပြန်
စစ်တပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့က ပစ်မှတ်ထားဒဏ်ခတ်မှုတွေ လုပ်နေချိန်မှာပဲ ဒီဒဏ်ခတ်မှုတွေကို မမှုတဲ့ပုံစစ်တပ်က တုံ့ပြန်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener ကပြောကြားပါတယ်။ မြန်မာစစ်တပ်နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က လုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူကပြောပြခဲ့တာဖြစ်ပါတယ်။
"စစ်တပ်နဲ့ ဆွေးနွေးခဲ့စဉ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီက ကြီးမား ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ သူတို့ဘက်က ပြန်ပြောတာကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခံရတာ ကျင့်သားရနေပြီ။ အရင်က ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ပေမဲ့ လွန်မြောက် ကျော်လွှားနိုင်ခဲ့တယ်ဆိုပြီး တုံ့ပြန်တယ်။" လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်က ပြောပြတာပါ။
မြန်မာနိုင်ငံ တနိုင်ငံထဲ အထီးကျန်ဖြစ်မယ်လို့ သူက ထပ်ပြီး သတိပေးတဲ့အခါမှာလည်း ရှိတဲ့ မိတ်ဆွေအနည်းငယ်နဲ့ အလုပ်ဖြစ်အောင် ပေါင်းသင်းဆက်ဆံသွားရမှာဖြစ်တယ်လို့ စစ်တပ်ဘက်က သူ့ကို တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တော်တော်လေးပြင်းထန်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ သူထင်မြင်ကြောင်း မနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေ ရပ်သွားအောင် ဆွေးနွေးမှုကနေပဲ အဖြေရှာနိုင်မယ်လို့ ထင်တဲ့အတွက် သူ့အနေနဲ့ စစ်တပ်နဲ့ ဆက်ပြီး ဆွေးနွေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။