သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ စီးပြားေရးဖက္စပ္လုပ္ငန္း Kirin ကုမၸဏီအဆံုးသတ္မႈ ေနာ္ေဝးရန္ပံုေငြအဖြဲ႔ ေစာင့္ၾကည့္သြားမယ္


ဂ်ပန္ Kirin ဘီယာ။ (မတ္ ၂၊ ၂၀၁၂)

[Zawgyi/Unicode]

ျမန္မာစစ္တပ္နဲ႔ စီးပြားေရးဆက္စပ္လုပ္ကိုင္ေနတဲ့ ဂ်ပန္ Kirin ဘီယာကုမၸဏီကို ေနာ္ေဝး ေငြေၾကးစုေဆာင္းမႈ ရန္ပံုေငြအဖြဲ႔ထဲကေန ထုတ္ပစ္ႏုိင္ေျခ အလားအလာအတြက္ ေစာင့္ၾကည့္စာရင္းထဲမွာ ထည့္သြင္းလိုက္ၿပီလို႔ ေနာ္ေဝးဗဟိုဘဏ္က ဗုဒၶဟူးေန႔ကေျပာပါတယ္။

ျမန္မာစစ္တပ္ရဲ့ ဦးပိုင္ကုမၸဏီလီမီတက္နဲ႔ ဖက္စပ္လုပ္ေနတဲ့ Kirin ဘီယာကုမၸဏီက အခုလို ျမန္မာႏိုင္ငံထဲ ဒီမိုကေရစီအစိုးရကို စစ္တပ္က အာဏာသိမ္းဖယ္ရွားခဲ့တာေၾကာင့္ ဒီဖက္စပ္လုပ္ငန္းကို အျမန္ဆံုး အဆံုးသတ္ဖို႔လုပ္ေနတယ္လို႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

Kirin ကုမၸဏီမွာ ရင္းႏွီးျမွဳပ္ႏွံမႈကို ဆက္ထားမထား ဆံုးျဖတ္ခ်က္ခ်ရမယ့္ ေနာ္ေဝးရန္ပံုေငြအဖြဲ႔အေနနဲ႔ Kirin ကုမၸဏီက ျမန္မာစစ္တပ္နဲ႔ ဖက္စပ္စီးပြားေရးလုပ္တာ ရပ္ဆိုင္းမယ့္အစီအစဥ္ကို အေကာင္အထည္ေဖာ္တဲ့အေပၚ ေစာင့္ၾကည့္သြားမယ္လုိ႔ ေနာ္ေဝးဗဟိုဘဏ္ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

အခုလို Kirin ရဲ့ ျမန္မာဦးပိုင္ကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္မႈ အဆံုးသတ္မယ့္အစီအစဥ္ေၾကာင့္ ဂ်ပန္အစုရွယ္ရာ အေမရိကန္ေဒၚလာ ၁.၇ ဘီလီယံ ထည့္ဝင္ထားတာကို ႐ုပ္သိမ္းလိုက္မွာျဖစ္ေပမဲ့ Kirin အေနနဲ႔ သူ႔ဘီယာကို ျမန္မာႏိုင္ငံထဲ ဆက္ေတာ့ေရာင္းခ်င္ေသးတယ္လို႔ ဆိုပါတယ္။

ေနာ္ေဝရန္ပံုေငြအဖြဲ႔ကို ႀကီးၾကပ္ရတဲ့ NBIM ေခၚ ေနာ္ေဝး ရင္းႏွီးျမွဳပ္ႏံွမႈ စီမံေရးအဖြဲ႔အေနနဲ႔ ၂၀၂၀ ႏွစ္ကုန္အထိစာရင္းေတြအရ Kirin ကုမၸဏီမွာ အစုရွယ္ရာ ၁.၂၉% ၊ ေငြပမာဏ အေမရိကန္ေဒၚလာ ၂၇၇.၁ သန္းကို ထည့္ဝင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ငန်း Kirin ကုမ္ပဏီအဆုံးသတ်မှု နော်ဝေးရန်ပုံငွေအဖွဲ့ စောင့်ကြည့်သွားမယ်

မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်နေတဲ့ ဂျပန် Kirin ဘီယာကုမ္ပဏီကို နော်ဝေး ငွေကြေးစုဆောင်းမှု ရန်ပုံငွေအဖွဲ့ထဲကနေ ထုတ်ပစ်နိုင်ခြေ အလားအလာအတွက် စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းလိုက်ပြီလို့ နော်ဝေးဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ကပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ ဖက်စပ်လုပ်နေတဲ့ Kirin ဘီယာကုမ္ပဏီက အခုလို မြန်မာနိုင်ငံထဲ ဒီမိုကရေစီအစိုးရကို စစ်တပ်က အာဏာသိမ်းဖယ်ရှားခဲ့တာကြောင့် ဒီဖက်စပ်လုပ်ငန်းကို အမြန်ဆုံး အဆုံးသတ်ဖို့လုပ်နေတယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Kirin ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုကို ဆက်ထားမထား ဆုံးဖြတ်ချက်ချရမယ့် နော်ဝေးရန်ပုံငွေအဖွဲ့အနေနဲ့ Kirin ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ဖက်စပ်စီးပွားရေးလုပ်တာ ရပ်ဆိုင်းမယ့်အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အပေါ် စောင့်ကြည့်သွားမယ်လို့ နော်ဝေးဗဟိုဘဏ် ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အခုလို Kirin ရဲ့ မြန်မာဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်မှု အဆုံးသတ်မယ့်အစီအစဉ်ကြောင့် ဂျပန်အစုရှယ်ရာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ထည့်ဝင်ထားတာကို ရုပ်သိမ်းလိုက်မှာဖြစ်ပေမဲ့ Kirin အနေနဲ့ သူ့ဘီယာကို မြန်မာနိုင်ငံထဲ ဆက်တော့ရောင်းချင်သေးတယ်လို့ ဆိုပါတယ်။

နော်ဝေရန်ပုံငွေအဖွဲ့ကို ကြီးကြပ်ရတဲ့ NBIM ခေါ် နော်ဝေး ရင်းနှီးမြှုပ်နံှမှု စီမံရေးအဖွဲ့အနေနဲ့ ၂၀၂၀ နှစ်ကုန်အထိစာရင်းတွေအရ Kirin ကုမ္ပဏီမှာ အစုရှယ်ရာ ၁.၂၉% ၊ ငွေပမာဏ အမေရိကန်ဒေါ်လာ ၂၇၇.၁ သန်းကို ထည့်ဝင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG