သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စင်္ကာပူကြား သံသယဖြစ်ဖွယ် ငွေအလွှဲအပြောင်း သတိထားစောင့်ကြည့်ဖို့ စင်္ကာပူဗဟိုဘဏ်ညွှန်ကြား


မတ်လ ၃ ရက်နေ့က မန္တလေးမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)
မတ်လ ၃ ရက်နေ့က မန္တလေးမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

[Zawgyi/Unicode]

စင်္ကာပူနဲ့ မြန်မာနိုင်ငံအကြား သံသယဖြစ်ဖွယ် ငွေအလွှဲအပြောင်းတွေကို သတိထားစောင့်ကြည့်ဖို့ ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို စင်္ကာပူဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

မြန်မာနဲ့ စင်္ကာပူအကြား ငွေကြေးဆိုင်ရာပြစ်မှု မြောက်နိုင်တဲ့ သံသယဖြစ်စရာ ငွေအလွှဲအပြောင်းနဲ့ ငွေစီးဆင်းမှုတွေကို အထူးသတိထားစောင့်ကြည့်ဖို့ ငွေကြေးဆိုင်ရာအဖွဲ့တွေကိုပေးပို့တဲ့ စင်္ကာပူ ဗဟိုဘဏ်ရဲ့ ညွှန်ကြားစာကို ရိုက်တာစ်သတင်းဌာနက တွေ့ရပြီးတဲ့နောက် ကိုးကားရေးထားတာပါ။

စင်္ကာပူငွေကြေးဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ (MAS) ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာလည်း ငွေကြေးအဖွဲ့အားလုံးရဲ့ အမှုဆောင်အရာရှိချုပ်တွေအနေနဲ့ ငွေကြေးအန္တရာယ်ပိုမြင့်မားလာမှုအတွက် လိုအပ်တဲ့ ဥပဒေကြောင်းဆိုင်ရာ တင်ပြမှု အဆင့်ဆင့်နဲ့ လျော်ညီတဲ့ အန္တရာယ်ကာကွယ်ရေးတွေ ခိုင်ခိုင်မာမာလုပ်ဖို့ မှာထားပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ ပမာဏအများဆုံးဖြစ်ပြီး ဒေသတွင်းငွေကြေးအချက်အချာကျတဲ့ စကာၤပူရဲ့ ငွေကြေးအုပ်ချုပ်မှုအဖွဲ့က မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတစ်ခုချင်းက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသတင်းတွေကိုပါ စောင့်ကြည့်ပြီး ဖြစ်လာနိုင်ဖွယ် ငွေကြေးခဝါချမှုတွေကို အထူးသတိထားစစ်ဆေးဖို့ အတိအကျမှာထားပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေထဲ ပစ်ခတ်အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ သေကြေထိခိုက်မှုတွေမြင့်မားလာတာကြောင့် မြန်မာနိုင်ငံထဲရှိ စင်္ကာပူနိုင်ငံသားတွေအနေနဲ့ အမြန်ဆုံးပြန်လာဖို့စဉ်းစားကြပါလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာပဲ တိုက်တွန်းထားပါတယ်။

မနေ့က လူပေါင်း ၃၈ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ကြေညာအပြီးမှာ အချိန်ရနေသေးတုန်း အခုလို မြန်မာနိုင်ငံက အမြန်ပြန်ထွက်ခွာဖို့နဲ့ စင်္ကာပူကနေ မြန်မာကိုထပ်မသွားကြရေးကိုပါ ဒီနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

[Unicode Version]








XS
SM
MD
LG