သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ေသဆံုးသူ ၅၀ ထက္မနည္း ရွိၿပီ


မတ္လ ၃ ရက္ေန႔ မႏၱေလးၿမိဳ႕ ဆႏၵျပပဲြအတြင္း ရဲမ်ားက ေသနတ္ပစ္ေဖာက္တာေၾကာင့္ အကာအကြယ္ယူေနၾကတဲ့ ဆႏၵျပသူမ်ား။ (မတ္ ၃၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ ဆႏၵျပျပည္သူေတြကို လက္နက္ကိုင္ေတြဘက္က အၾကမ္းဖက္ပစ္ခတ္လို႔ တႏိုင္ငံလုံးမွာ ေသဆုံးသူေပါင္း ၅၀ ေက်ာ္အထိ ရွိလာပါၿပီ။ ေနရာမွာတင္ ေသဆုံးသြားသူေတြကို ျပန္သယ္ႏိုင္ဖို႔နဲ႔ ဒဏ္ရာျပင္းထန္သူေတြကို ကယ္ထုတ္ႏိုင္ဖို႔အတြက္ႀကိဳးပမ္းသူကိုလည္း အၾကမ္းဖက္ဖမ္းဆီးတာေတြ ရွိလာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပမွာပါ။

အရပ္သားအစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန႔္က်င္တဲ့ လမ္းေပၚထြက္ဆႏၵျပလာတာဟာ တလနီးပါးရွိလာပါၿပီ။ ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ပစ္ခတ္ ဖမ္းဆီးတာေတြ ရွိေနေပမဲ့ ဆႏၵျပမႈေတြကေတာ့ အားေကာင္းေနဆဲပါ။ လက္နက္ကိုင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ၃ လပိုင္း၊ ၃ ရက္ေန႔ ဗုဒၶဟူးေန႔တုန္းကေတာ့ ျပည္နယ္နဲ႔တိုင္း ေနရာအႏွံ႔မွာ ေသဆုံးသူဦးေရ အမ်ားဆုံးရွိခဲ့ပါတယ္။

ေျမာက္ဥကၠလာ အဝိုင္းအနီးက ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ပစ္ခတ္မႈေတြေၾကာင့္ ေနရာမွာတင္ေသဆုံးခဲ့ရသူေတြ ရွိသလို၊ ဒဏ္ရာျပင္းထန္ၿပီး ေဆး႐ုံတင္ထားခ်ိန္ ဒီကေန႔မနက္ပိုင္းအထိ ေသဆုံးသူေတြလည္း ရွိလာပါတယ္။ လူနာေတြနဲ႔ ေသဆုံးသူေတြကို ကယ္ဆယ္ေနတဲ့ ပရဟိတအဖြဲ႕ေတြကိုလည္း အၾကမ္းဖက္တာေတြ ရွိခဲ့တဲ့အေၾကာင္း မြန္ျမတ္စိတ္ထား ဘိုးဘြားေစာင့္ေရွာက္ေရးအသင္း တာဝန္ရွိသူက ေျပာပါတယ္။

"ေျပးခ်ိန္လည္း မရေတာ့ ေၾကာက္ေၾကာက္နဲ႔ ကားထဲမွာပဲၿငိမ္ေနတာ။ သူတို႔က ကားထဲကေန အတင္းဆြဲခ်ၿပီးေတာ့ ႐ိုက္ႏွက္ၿပီး ကားကိုလည္း ဖ်က္စီးသြားတယ္။ ကားကိုလည္း ေသနတ္ေတြနဲ႔ ပစ္သြားတာ ၇ ခ်က္၊ ၈ ခ်က္ပဲ။ ေသဆုံးသူက ဒီေန႔မနက္ထိကေတာ့ ၃၅ ေယာက္ရွိတယ္လို႔ ၾကားထားတယ္။ ဒါ ပရဟိတအသင္းအခ်င္းခ်င္း အမတို႔ကို လွမ္းေျပာတာေပါ့ေနာ္။ ဒါေပမဲ့ အဲဒါ အစ္မတို႔လည္း အတည္ျပဳလို႔မရဘူး ျဖစ္ေနတယ္။ ေသဆုံးသူ ၃၅ ေယာက္လို႔ေတာ့ အစ္မတို႔ သတင္းၾကားထားတယ္။"

မေန႔တုန္းက ေသဆုံးသူေတြအထဲမွာ ပြဲခ်င္းၿပီးနဲ႔ ေဆး႐ုံေရာက္ေသဆုံးသူေတြ အပါအဝင္၊ အားလုံးေပါင္းလိုက္ရင္ ေျမာက္ဥကၠလာေဆး႐ုံမွာ အတည္ျပဳေပးႏိုင္သူအေရအတြက္က ၂၀ ဝန္းက်င္ရွိေနတာပါ။ ဒါေပမဲ့လည္း တခ်ိဳ႕လူနာေတြ ပုဂၢလိက အျပင္ေဆး႐ုံေရာက္သြားသူေတြလည္း ရွိေနလို႔ ေသဆုံးသူစာရင္း ကြာဟတာေတြရွိႏိုင္တယ္လို႔ ေျမာက္ဥကၠလာေဆး႐ုံ၊ အေရးေပၚဌာနမွာ အင္အားျဖည့္ခဲ့တဲ့ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာပါတယ္။

"သူတို႔ေကာက္တဲ့ စာရင္းနဲ႔ ျပန္တြက္ၿပီးေျပာတာလားေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။ သူတို႔ေကာက္တာကေတာ့ ၃၅ ေယာက္ျဖစ္မယ္။ ပုဂၢလိကေဆး႐ုံ ပို႔တာလည္း ရွိတယ္။ တခ်ိဳ႕က်ေတာ့ ဒီေျမာက္ဥကၠလာေဆး႐ုံကို ဖြင့္မွန္းမသိတာလည္း ရွိတယ္။ က်ေနာ္တို႔ အဖဲြ႔ဆရာဝန္ေတြ ေျမာက္ဥကၠလာေဆး႐ုံကို ဖြင့္ၿပီးေတာ့ အေရးေပၚျပင္ပဌာန ဖြင့္ၿပီးေတာ့ လူနာၾကည့္ေပးတယ္ေပါ့။ ေဆး႐ုံတင္ဖို႔လိုတဲ့သူဆို တင္ေပးတယ္။ တင္ေပးစရာမလိုတဲ့သူဆိုရင္ေတာ့ လုပ္ေပးစရာရွိတာ လုပ္ေပးၿပီး ေပးျပန္လိုက္တယ္။"

ရန္ကုန္က ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ ေသဆုံးသူဦးေရ အမ်ားအျပားရွိခဲ့သလို၊ စစ္ကိုင္းတိုင္းအတြင္းက မုံ႐ြာၿမိဳ႕မွာလည္း ေသဆုံးသူ ၉ ဦးထက္မနည္း ရွိခဲ့ပါတယ္။

မႏၲေလးၿမိဳ႕၊ ေမာ္လၿမိဳင္နဲ႔ မေကြးၿမိဳ႕တို႔မွာလည္း ေသဆုံးခဲ့ရသူေတြ ရွိခဲ့ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ျပဳစုထားတဲ့စာရင္းအရဆို မေန႔တုန္းက တရက္တည္းေသဆုံးသူ ၂၀ ရွိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ AAPP အဖြဲ႕ဝင္ ကိုစံမင္းကေတာ့ အတည္ျပဳႏိုင္တဲ့ အေရအတြက္ကိုသာ ထည့္တြက္ထားတာျဖစ္လို႔ ဒီထက္ပိုမ်ားႏိုင္တယ္လို႔ ေျပာပါတယ္။

"ထပ္ၿပီးျဖည့္စြက္ခ်က္ေတာ့ က်ေနာ္တို႔အခု စုံစမ္းၿပီးေတာ့ အတည္ျပဳခ်က္ယူေနၾကတုန္းပဲ။ မေန႔က က်ေနာ္တို႔ သတင္းထုတ္ျပန္တဲ့အခ်ိန္အထိ ၇ ဦးပဲ ထည့္ထားႏိုင္တယ္။ ဒါေပမဲ့ ေသဆုံးတဲ့လူဦးေရဟာ ဒီထက္ပိုမ်ားတဲ့ဆိုတာကိုေတာ့ က်ေနာ္တို႔ေျပာထားတယ္။ ဆိုေတာ့ အခုဒီေန႔ ဆက္ၿပီးေတာ့ အတည္ျပဳလို႔ရတာေတြ ရွိရင္ ထပ္ၿပီးေတာ့ စာရင္းျပဳစုေနတယ္။"

အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး မတ္လ ၃ ရက္ေန႔အထိ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်ခံရသူေပါင္းက ၁,၁၉၂ ဦးနဲ႔ ေသဆုံးသူေပါင္း ၅၀ ေက်ာ္အထိ ရွိလာၿပီလို႔ AAPP က ထုတ္ျပန္ထားပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ကေတာ့ ဗုဒၶဟူးေန႔က ႏွိမ္နင္းမႈေတြအတြင္း ေသဆုံးသူ ၃၈ ေယာက္ရွိၿပီး၊ စစ္အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပတဲ့အေပၚအာဏာပိုင္ေတြဘက္က ႏွိမ္နင္းမႈေတြထဲ အဆိုးဆုံးေန႔ တေန႔ျဖစ္ခဲ့တယ္လို႔ မွတ္ခ်က္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၅၀ ထက်မနည်း ရှိပြီ

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်လို့ တနိုင်ငံလုံးမှာ သေဆုံးသူပေါင်း ၅၀ ကျော်အထိ ရှိလာပါပြီ။ နေရာမှာတင် သေဆုံးသွားသူတွေကို ပြန်သယ်နိုင်ဖို့နဲ့ ဒဏ်ရာပြင်းထန်သူတွေကို ကယ်ထုတ်နိုင်ဖို့အတွက်ကြိုးပမ်းသူကိုလည်း အကြမ်းဖက်ဖမ်းဆီးတာတွေ ရှိလာပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြမှာပါ။

အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြလာတာဟာ တလနီးပါးရှိလာပါပြီ။ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးတာတွေ ရှိနေပေမဲ့ ဆန္ဒပြမှုတွေကတော့ အားကောင်းနေဆဲပါ။ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ၃ လပိုင်း၊ ၃ ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ပြည်နယ်နဲ့တိုင်း နေရာအနှံ့မှာ သေဆုံးသူဦးရေ အများဆုံးရှိခဲ့ပါတယ်။

မြောက်ဥက္ကလာ အဝိုင်းအနီးက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် နေရာမှာတင်သေဆုံးခဲ့ရသူတွေ ရှိသလို၊ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတင်ထားချိန် ဒီကနေ့မနက်ပိုင်းအထိ သေဆုံးသူတွေလည်း ရှိလာပါတယ်။ လူနာတွေနဲ့ သေဆုံးသူတွေကို ကယ်ဆယ်နေတဲ့ ပရဟိတအဖွဲ့တွေကိုလည်း အကြမ်းဖက်တာတွေ ရှိခဲ့တဲ့အကြောင်း မွန်မြတ်စိတ်ထား ဘိုးဘွားစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

"ပြေးချိန်လည်း မရတော့ ကြောက်ကြောက်နဲ့ ကားထဲမှာပဲငြိမ်နေတာ။ သူတို့က ကားထဲကနေ အတင်းဆွဲချပြီးတော့ ရိုက်နှက်ပြီး ကားကိုလည်း ဖျက်စီးသွားတယ်။ ကားကိုလည်း သေနတ်တွေနဲ့ ပစ်သွားတာ ၇ ချက်၊ ၈ ချက်ပဲ။ သေဆုံးသူက ဒီနေ့မနက်ထိကတော့ ၃၅ ယောက်ရှိတယ်လို့ ကြားထားတယ်။ ဒါ ပရဟိတအသင်းအချင်းချင်း အမတို့ကို လှမ်းပြောတာပေါ့နော်။ ဒါပေမဲ့ အဲဒါ အစ်မတို့လည်း အတည်ပြုလို့မရဘူး ဖြစ်နေတယ်။ သေဆုံးသူ ၃၅ ယောက်လို့တော့ အစ်မတို့ သတင်းကြားထားတယ်။"

မနေ့တုန်းက သေဆုံးသူတွေအထဲမှာ ပွဲချင်းပြီးနဲ့ ဆေးရုံရောက်သေဆုံးသူတွေ အပါအဝင်၊ အားလုံးပေါင်းလိုက်ရင် မြောက်ဥက္ကလာဆေးရုံမှာ အတည်ပြုပေးနိုင်သူအရေအတွက်က ၂၀ ဝန်းကျင်ရှိနေတာပါ။ ဒါပေမဲ့လည်း တချို့လူနာတွေ ပုဂ္ဂလိက အပြင်ဆေးရုံရောက်သွားသူတွေလည်း ရှိနေလို့ သေဆုံးသူစာရင်း ကွာဟတာတွေရှိနိုင်တယ်လို့ မြောက်ဥက္ကလာဆေးရုံ၊ အရေးပေါ်ဌာနမှာ အင်အားဖြည့်ခဲ့တဲ့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

"သူတို့ကောက်တဲ့ စာရင်းနဲ့ ပြန်တွက်ပြီးပြောတာလားတော့ မပြောတတ်ဘူးပေါ့နော်။ သူတို့ကောက်တာကတော့ ၃၅ ယောက်ဖြစ်မယ်။ ပုဂ္ဂလိကဆေးရုံ ပို့တာလည်း ရှိတယ်။ တချို့ကျတော့ ဒီမြောက်ဥက္ကလာဆေးရုံကို ဖွင့်မှန်းမသိတာလည်း ရှိတယ်။ ကျနော်တို့ အဖွဲ့ဆရာဝန်တွေ မြောက်ဥက္ကလာဆေးရုံကို ဖွင့်ပြီးတော့ အရေးပေါ်ပြင်ပဌာန ဖွင့်ပြီးတော့ လူနာကြည့်ပေးတယ်ပေါ့။ ဆေးရုံတင်ဖို့လိုတဲ့သူဆို တင်ပေးတယ်။ တင်ပေးစရာမလိုတဲ့သူဆိုရင်တော့ လုပ်ပေးစရာရှိတာ လုပ်ပေးပြီး ပေးပြန်လိုက်တယ်။"

ရန်ကုန်က မြောက်ဥက္ကလာပမြို့နယ်မှာ သေဆုံးသူဦးရေ အများအပြားရှိခဲ့သလို၊ စစ်ကိုင်းတိုင်းအတွင်းက မုံရွာမြို့မှာလည်း သေဆုံးသူ ၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။

မန္တလေးမြို့၊ မော်လမြိုင်နဲ့ မကွေးမြို့တို့မှာလည်း သေဆုံးခဲ့ရသူတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့စာရင်းအရဆို မနေ့တုန်းက တရက်တည်းသေဆုံးသူ ၂၀ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ AAPP အဖွဲ့ဝင် ကိုစံမင်းကတော့ အတည်ပြုနိုင်တဲ့ အရေအတွက်ကိုသာ ထည့်တွက်ထားတာဖြစ်လို့ ဒီထက်ပိုများနိုင်တယ်လို့ ပြောပါတယ်။

"ထပ်ပြီးဖြည့်စွက်ချက်တော့ ကျနော်တို့အခု စုံစမ်းပြီးတော့ အတည်ပြုချက်ယူနေကြတုန်းပဲ။ မနေ့က ကျနော်တို့ သတင်းထုတ်ပြန်တဲ့အချိန်အထိ ၇ ဦးပဲ ထည့်ထားနိုင်တယ်။ ဒါပေမဲ့ သေဆုံးတဲ့လူဦးရေဟာ ဒီထက်ပိုများတဲ့ဆိုတာကိုတော့ ကျနော်တို့ပြောထားတယ်။ ဆိုတော့ အခုဒီနေ့ ဆက်ပြီးတော့ အတည်ပြုလို့ရတာတွေ ရှိရင် ထပ်ပြီးတော့ စာရင်းပြုစုနေတယ်။"

အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မတ်လ ၃ ရက်နေ့အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချခံရသူပေါင်းက ၁,၁၉၂ ဦးနဲ့ သေဆုံးသူပေါင်း ၅၀ ကျော်အထိ ရှိလာပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကတော့ ဗုဒ္ဓဟူးနေ့က နှိမ်နင်းမှုတွေအတွင်း သေဆုံးသူ ၃၈ ယောက်ရှိပြီး၊ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့အပေါ်အာဏာပိုင်တွေဘက်က နှိမ်နင်းမှုတွေထဲ အဆိုးဆုံးနေ့ တနေ့ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG