သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ဖြံ႔ၿဖိဳးေရးလုပ္ငန္းဆိုင္ရာ အကူအညီ EU ရပ္ဆိုင္း


Belgium ႏိုင္ငံ Brussels ၿမိဳ႕ EU ရံုးခ်ဳပ္မွာ ေတြ႔ရတဲ့ အလံမ်ား။ (ေဖေဖာ္ဝါရီ ၁၉ ၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံ ဖြံ႔ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြအတြက္ ေပးေနတဲ့ ဘ႑ာေရးေထာက္ပံ့မႈေတြကို EU ဥေရာပသမဂၢက ရပ္ဆုိင္းလိုက္ပါတယ္။

စစ္အာဏာပိုင္ေတြကို ေထာက္ပံ့ရာေရာက္မယ့္ ဖံြ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအားလံုးကို ဆိုင္းထားလိုက္တဲ့အေၾကာင္း ကမာၻ႔ကုန္သြယ္ေရးအဖဲြ႔ WTO ရဲ႕ ေကာ္မတီကို EU က အေၾကာင္းၾကားခဲ့တယ္လို႔ ဂ်ီနီဗာၿမိဳ႕အေျခစိုက္ ကုန္သြယ္ေရးဆိုင္ရာ တာဝန္႐ွိသူ တေယာက္ရဲ႕အေျပာကို Reuters သတင္းမွာ ကိုးကားေဖာ္ျပထားပါတယ္။

ပံုမွန္အားျဖင့္ ၄ ႏွစ္ကာလ သတ္မွတ္ေဆာင္႐ြက္တဲ့ သီးျခားအစီအစဥ္ေတြအတြက္ ျမန္မာႏိုင္ငံကို ေငြေၾကးေထာက္ပံ့မႈ ရပ္ဆိုင္းခဲ့တာကို ဥေရာပေကာ္မ႐ွင္ကလည္း အတည္ျပဳခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြက အဲဒီအစီအစဥ္ေတြအတြက္ EU ရဲ႕ ေထာက္ပံ့မႈက ေဒၚလာ သန္း ၂၄၀ ေက်ာ္႐ွိခဲ့ပါတယ္။

ပညာေရး၊ တရားေရးမ ွ်တမႈ႐ွိေရး၊ ေ႐ြးေကာက္ပဲြနဲ႔ ေက်းလက္ေဒသေတြမွာ အာဟာရျဖည့္တင္းေရး အစီအစဥ္ေတြမွာ EU က ဖံြ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ေထာက္ပံ့မႈေတြကုိ အဓိကေပးေနတာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရကုိ စစ္တပ္က အာဏာသိမ္းယူအုပ္ခ်ဳပ္ေနတာေၾကာင့္ ခုလို EU ကအေထာက္အပံ့ေတြကို ရပ္ဆုိင္းလိုက္တာျဖစ္ပါတယ္။

ျမန္မာစစ္တပ္ပိုင္တဲ့ စီးပြားေရးလုပ္ငန္းေတြအေပၚ ပစ္မွတ္ထားတဲ့ အေရးယူဒဏ္ခတ္မႈေတြ လုပ္သြားဖုိ႔ EU ႏိုင္ငံျခားေရးဝန္ႀကီးေတြ ၿပီးခဲ့တဲ့လက သေဘာတူခဲ့ၾကတာပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံအေပၚ EU ကေပးထားတဲ့ ကုန္သြယ္ေရး အထူးအခြင့္အေရးကိုေတာ့ ဖယ္႐ွားမွာ မဟုတ္ဘူးလို႔ေျပာၾကားခဲ့ပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းေတြမွာ အလုပ္လုပ္ေနၾကတဲ့ ဆင္းရဲတဲ့အလုပ္သမားေတြ ထိခိုက္မွာ စိုးတဲ့အတြက္ ျဖစ္တယ္လို႔ ေျပာပါတယ္။

လက္နက္ခဲယမ္းက လဲြလို႔ က်န္တဲ့ကုန္ပစၥည္းေတြအားလံုးအေပၚ EU ရဲ႕ကုန္သြယ္ကုန္ကင္းလြတ္ခြင့္၊ ကိုတာကင္းလြတ္ခြင့္ကို ျမန္မာႏုိင္ငံက ရ႐ွိထားတာျဖစ္ပါတယ္။

[Unicode Version]

မြန်မာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အကူအညီ EU ရပ်ဆိုင်း

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက်ပေးနေတဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို EU ဥရောပသမဂ္ဂက ရပ်ဆိုင်းလိုက်ပါတယ်။

စစ်အာဏာပိုင်တွေကို ထောက်ပံ့ရာရောက်မယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆိုင်းထားလိုက်တဲ့အကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ ကော်မတီကို EU က အကြောင်းကြားခဲ့တယ်လို့ ဂျီနီဗာမြို့အခြေစိုက် ကုန်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တယောက်ရဲ့အပြောကို Reuters သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ၄ နှစ်ကာလ သတ်မှတ်ဆောင်ရွက်တဲ့ သီးခြားအစီအစဉ်တွေအတွက် မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခဲ့တာကို ဥရောပကော်မရှင်ကလည်း အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အဲဒီအစီအစဉ်တွေအတွက် EU ရဲ့ ထောက်ပံ့မှုက ဒေါ်လာ သန်း ၂၄၀ ကျော်ရှိခဲ့ပါတယ်။

ပညာရေး၊ တရားရေးမ ျှတမှုရှိရေး၊ ရွေးကောက်ပွဲနဲ့ ကျေးလက်ဒေသတွေမှာ အာဟာရဖြည့်တင်းရေး အစီအစဉ်တွေမှာ EU က ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထောက်ပံ့မှုတွေကို အဓိကပေးနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းယူအုပ်ချုပ်နေတာကြောင့် ခုလို EU ကအထောက်အပံ့တွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ လုပ်သွားဖို့ EU နိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့လက သဘောတူခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် EU ကပေးထားတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးကိုတော့ ဖယ်ရှားမှာ မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ ဆင်းရဲတဲ့အလုပ်သမားတွေ ထိခိုက်မှာ စိုးတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

လက်နက်ခဲယမ်းက လွဲလို့ ကျန်တဲ့ကုန်ပစ္စည်းတွေအားလုံးအပေါ် EU ရဲ့ကုန်သွယ်ကုန်ကင်းလွတ်ခွင့်၊ ကိုတာကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံက ရရှိထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG