သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရွင္တန္ ဒီစီ ျမန္မာသံ႐ုံး သံဝန္ထမ္း ၅ ဦးနဲ႔ ဘာလင္ ျမန္မာသံ႐ံုးက ၁ ဦး CDM ထဲပါလာ


CDM ထဲ ပါဝင္လာတဲ့ ဝါရွင္တန္ ဒီစီ ျမန္မာသံ႐ုံးက သံဝန္ထမ္း ၅ ဦး။

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ၿမိဳ႕ေတာ္၊ ျမန္မာႏိုင္ငံသံံ႐ုံးက သံဝန္ထမ္း ၅ ဦးဟာ CDM လို႔ေခၚတဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈထဲမွာ ပါဝင္လိုက္တဲ့အေၾကာင္း ဒီကေန႔မွာပဲ သူတို႔ိကိုယ္ပိုင္ ေဖ့စ္ဘုတ္စာမ်က္ႏွာေတြကေန အသီးသီး ေၾကညာၾကပါတယ္။

အဲဒီဝန္ထမ္းငါးဦးကေတာ့ ဦးဇင္ဖုန္းတင့္၊ ေဒၚသက္ထားျမရည္စံ၊ ေဒၚၾကဴၾကဴျမင့္၊ ဦးေက်ာ္စြာထြန္းနဲ႔ ေဒၚစုစုေအာင္တို႔ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္း CDM လႈပ္ရွားမႈမွာ ပါဝင္ေနသူေတြနဲ႔အတူ ပူးေပါင္းသြားမယ္လို႔ သူတို႔ ၅ ေယာက္လုံးရဲ႕ ထပ္တူ ေရးသားခ်က္ေတြမွာ ေျပာထားပါတယ္။

ျမန္မာျပည္သူေတြက ဒီမိုကေရစီနည္းလမ္းနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ အရပ္သားအစိုးရကို လက္နက္အားကိုးနဲ႔ အဓမၼ စစ္အာဏာသိမ္းတာနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အသက္ဆုံးရႈံးေစသည္အထိ အၾကမ္းဖက္ ႏွိမ္နင္းတိုက္ခိုက္တာေတြအေပၚ မ်ားစြာ စိုးရိမ္ ဝမ္းနည္းရတယ္လို႔လည္း သံဝန္ထမ္း ငါးဦးက ေရးထားပါတယ္။

လြတ္လပ္ၿပီး တရားမွ်တတဲ့ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲရလဒ္ကို ေလးစားၿပီး ႏိုင္ငံေတာ္အာဏာကို ျပည္သူေတြလက္ထဲ ျပန္လည္အပ္ႏွံဖို႔လည္း တညီတၫြတ္တည္း ေတာင္းဆိုထားပါတယ္။

သူတို႔ရဲ႕ ပါဝင္မႈဟာ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး ျမန္မာႏိုင္ငံသားတစ္ေယာက္ရဲ႕ဆႏၵကို ၿငိမ္းခ်မ္းစြာ ထုတ္ေဖာ္ျခင္းၿပီး ရာထူးကႏုတ္ထြက္တာ လုံးဝမဟုတ္ဘူးလို႔လည္း အခိုင္အမာေျပာထားၾကပါတယ္။

အလားတူ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ၿမိဳ႕၊ ျမန္မာသံ႐ံုးမွာ သံ႐ံုးစာေရး (Attache) အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒၚျမတ္ဇာဇာခိုင္ကလည္း CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့အေၾကာင္း ဝါရွင္တန္က သံဝန္ထမ္းေတြနဲ႔ မေရွးမေႏွာင္းမွာပဲ သူ႔ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ဒါဟာျဖင့္ ဥေရာပတိုက္ဘက္မွာ ရွိတဲ့ ျမန္မာ သံဝန္ထမ္းေတြထဲက CDM လႈပ္ရွားမႈမွာ ပထမဆံုး ပါဝင္လာသူ ျဖစ္ပါတယ္။

"ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စစ္အာဏာရွင္မ်ားက တရားဝင္ေ႐ြးေကာက္ပြဲရလဒ္ျဖင့္ အႏိုင္ရရွိခဲ့တဲ့ လူထုေခါင္းေဆာင္/ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္/ က်မတို႔ႏိုင္ငံျခားေရးဝန္ႀကီး အေမေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတႀကီး ဦးဝင္းျမင့္တို႔အပါအဝင္ အျခားေသာလူထုကိုယ္စားလွယ္မ်ားအား ဥပေဒမဲ့ဖမ္းဆီးျခင္း ၊ ႏိုင္ငံေတာ္အာဏာကို လက္နက္အားကိုးျဖင့္ မတရားသိမ္းပိုက္ခဲ့႐ံုမက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္သည့္ အျပစ္မဲ့ျပည္သူမ်ားကို မတရား သတ္ျဖတ္ ဖမ္းဆီး ညႇဥ္းပန္း ႏွိပ္စက္မႈမ်ားကို ေန႔စဥ္ရက္ဆက္ ရက္ရက္စက္စက္ လုပ္ေဆာင္ေနသည္ကို ျမင္ၾကားရသည္မွာ ေျပာျပ၍ မရေအာင္ပင္ စိတ္ၿပိဳကြဲ ခံစားရပါသည္။ သို႔ပါ၍ က်မအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္း စစ္အာဏာရွင္အုပ္စု၏ လက္ေအာက္တြင္ မည္သို႔ေသာအေျခအေနတြင္မွ် ဆက္လက္တာဝန္ထမ္းေဆာင္ရန္ မျဖစ္ႏိုင္ေတာ့ပါ။

ယခုအခ်ိန္မွစ၍ Civil Disobedience Movement (CDM) မွာ ပါဝင္မည္ျဖစ္ၿပီး ျပည္သူႏွင့္အတူ တစ္သားတည္း ရပ္တည္သြားမွာ ျဖစ္ပါတယ္။" လို႔ ေဒၚျမတ္ဇာဇာခိုင္က ေရးထားပါတယ္။

အလုပ္ကႏုတ္္ထြက္တာ မဟုတ္ဘဲ "စစ္အုပ္စု၏ယႏၲရား ရပ္တန႔္ရန္အတြက္သာ ေဆာင္႐ြက္ျခင္းျဖစ္ရာ ေ႐ြးေကာက္ခံတရားဝင္ ျပည္သူ႔အစိုးရ / ျပည္ေထာင္စုလႊတ္‌ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ၏ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာ၍ ေပးအပ္လာသည့္ တာဝန္မ်ားကို ထမ္းေဆာင္သြားမည္ျဖစ္ပါသည္။" လို႔လည္း သူကေရးထားပါတယ္။

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ဝါရွင္တန္ ဒီစီ သံ႐ုံးကပဲ ပထမအတြင္းဝန္ ဦးေမာင္ေမာင္လတ္ဟာ ရာထူးကႏုတ္ထြက္ၿပီး အေမရိကန္ျပည္ေထာင္စုမွာ ႏိုင္ငံေရးခိုလႈံခြင့္ ေတာင္းခံထားပါတယ္။

အဲဒီေနာက္ ၿပီးခဲ့တဲ့သီတင္းပတ္ ေသာၾကာ၊ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာေတာ့ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္၊ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာကို အသိအမွတ္မျပဳဘဲ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကိုပဲ ဆက္ၿပီးကိုယ္စားျပဳသြားမယ္လို႔ ကုလသမဂၢအေထြေထြညီလာခံမွာလုပ္တဲ့ ျမန္မာ့အေရးစည္းေဝးပြဲအတြင္း ေၾကညာခဲ့ပါတယ္။

CRPH ကို အသိအမွတ္ျပဳၿပီး CDM လႈပ္ရွားမႈကို ေထာက္ခံေၾကာင္းလည္း ဦးေက်ာ္မိုးထြန္းက ေျပာခဲ့ပါတယ္။

မတ္လ ၃ ရက္ေန႔ကလည္း ကာလီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးက သံ႐ုံးအုပ္ ေဒၚျမျမၾကည္က အာဏာသိမ္းစစ္ေကာင္စီရဲ႕ မတရားတဲ့လုပ္ရပ္ကို မေထာက္ခံတဲ့အတြက္ေၾကာင့္ CDM လႈပ္ရွားမႈထဲမွာ ပါဝင္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ ဆက္သြယ္ၿပီးေတာ့ CRPH လမ္းၫႊန္ခ်က္အတိုင္း တေသြမတိမ္း လိုက္နာသြားမယ္လို႔လည္း ေဒၚျမျမၾကည္က ေျပာပါတယ္။

[Unicode Version]

ဝါရှင်တန် ဒီစီ မြန်မာသံရုံး သံဝန်ထမ်း ၅ ဦးနဲ့ ဘာလင် မြန်မာသံရုံးက ၁ ဦး CDM ထဲပါလာ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ မြန်မာနိုင်ငံသံံရုံးက သံဝန်ထမ်း ၅ ဦးဟာ CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်လိုက်တဲ့အကြောင်း ဒီကနေ့မှာပဲ သူတို့ိကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ အသီးသီး ကြေညာကြပါတယ်။

အဲဒီဝန်ထမ်းငါးဦးကတော့ ဦးဇင်ဖုန်းတင့်၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်၊ ဦးကျော်စွာထွန်းနဲ့ ဒေါ်စုစုအောင်တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေနဲ့အတူ ပူးပေါင်းသွားမယ်လို့ သူတို့ ၅ ယောက်လုံးရဲ့ ထပ်တူ ရေးသားချက်တွေမှာ ပြောထားပါတယ်။

မြန်မာပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရကို လက်နက်အားကိုးနဲ့ အဓမ္မ စစ်အာဏာသိမ်းတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အသက်ဆုံးရှုံးစေသည်အထိ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်တာတွေအပေါ် များစွာ စိုးရိမ် ဝမ်းနည်းရတယ်လို့လည်း သံဝန်ထမ်း ငါးဦးက ရေးထားပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို လေးစားပြီး နိုင်ငံတော်အာဏာကို ပြည်သူတွေလက်ထဲ ပြန်လည်အပ်နှံဖို့လည်း တညီတညွတ်တည်း တောင်းဆိုထားပါတယ်။

သူတို့ရဲ့ ပါဝင်မှုဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းပြီး ရာထူးကနုတ်ထွက်တာ လုံးဝမဟုတ်ဘူးလို့လည်း အခိုင်အမာပြောထားကြပါတယ်။

အလားတူ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၊ မြန်မာသံရုံးမှာ သံရုံးစာရေး (Attache) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မြတ်ဇာဇာခိုင်ကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အကြောင်း ဝါရှင်တန်က သံဝန်ထမ်းတွေနဲ့ မရှေးမနှောင်းမှာပဲ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒါဟာဖြင့် ဥရောပတိုက်ဘက်မှာ ရှိတဲ့ မြန်မာ သံဝန်ထမ်းတွေထဲက CDM လှုပ်ရှားမှုမှာ ပထမဆုံး ပါဝင်လာသူ ဖြစ်ပါတယ်။

"ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာရှင်များက တရားဝင်ရွေးကောက်ပွဲရလဒ်ဖြင့် အနိုင်ရရှိခဲ့တဲ့ လူထုခေါင်းဆောင်/ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်/ ကျမတို့နိုင်ငံခြားရေးဝန်ကြီး အမေဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် အခြားသောလူထုကိုယ်စားလှယ်များအား ဥပဒေမဲ့ဖမ်းဆီးခြင်း ၊ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ခဲ့ရုံမက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် အပြစ်မဲ့ပြည်သူများကို မတရား သတ်ဖြတ် ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှုများကို နေ့စဉ်ရက်ဆက် ရက်ရက်စက်စက် လုပ်ဆောင်နေသည်ကို မြင်ကြားရသည်မှာ ပြောပြ၍ မရအောင်ပင် စိတ်ပြိုကွဲ ခံစားရပါသည်။ သို့ပါ၍ ကျမအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း စစ်အာဏာရှင်အုပ်စု၏ လက်အောက်တွင် မည်သို့သောအခြေအနေတွင်မျှ ဆက်လက်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်တော့ပါ။

ယခုအချိန်မှစ၍ Civil Disobedience Movement (CDM) မှာ ပါဝင်မည်ဖြစ်ပြီး ပြည်သူနှင့်အတူ တစ်သားတည်း ရပ်တည်သွားမှာ ဖြစ်ပါတယ်။" လို့ ဒေါ်မြတ်ဇာဇာခိုင်က ရေးထားပါတယ်။

အလုပ်ကနုတ်ထွက်တာ မဟုတ်ဘဲ "စစ်အုပ်စု၏ယန္တရား ရပ်တန့်ရန်အတွက်သာ ဆောင်ရွက်ခြင်းဖြစ်ရာ ရွေးကောက်ခံတရားဝင် ပြည်သူ့အစိုးရ / ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်များကို လိုက်နာ၍ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပါသည်။" လို့လည်း သူကရေးထားပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ဝါရှင်တန် ဒီစီ သံရုံးကပဲ ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ ရာထူးကနုတ်ထွက်ပြီး အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့သီတင်းပတ် သောကြာ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို အသိအမှတ်မပြုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုပဲ ဆက်ပြီးကိုယ်စားပြုသွားမယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာလုပ်တဲ့ မြန်မာ့အရေးစည်းဝေးပွဲအတွင်း ကြေညာခဲ့ပါတယ်။

CRPH ကို အသိအမှတ်ပြုပြီး CDM လှုပ်ရှားမှုကို ထောက်ခံကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့ကလည်း ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံရုံးအုပ် ဒေါ်မြမြကြည်က အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့လုပ်ရပ်ကို မထောက်ခံတဲ့အတွက်ကြောင့် CDM လှုပ်ရှားမှုထဲမှာ ပါဝင်တယ်လို့ ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆက်သွယ်ပြီးတော့ CRPH လမ်းညွှန်ချက်အတိုင်း တသွေမတိမ်း လိုက်နာသွားမယ်လို့လည်း ဒေါ်မြမြကြည်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG