သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတဝန္း ၿမိဳ႕အသီးသီးမွာ ဆႏၵျပပြဲေတြ ဆက္ျဖစ္၊ ပစ္ခတ္မႈေတြရွိခဲ့


မႏၲေလးၿမိဳ႕ စစ္အာဏာဖီဆန္ဆႏၵျပပြဲ ျမင္ကြင္း။ (မတ္ ၄၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပၾကသူေတြကို မေန႔က လုံျခဳေရးတပ္ဖြဲ႕ေတြက အျပင္းအထန္ပစ္ခတ္ၿဖိဳခြဲခဲ့တဲ့အတြက္ လူေပါင္း ဒါဇင္နဲ႔ခ်ီ ေသဆုံးမႈေတြရွိခဲ့ေပမဲ့ ဒီကေန႔မွာ ႏိုင္ငံတစ္ဝန္း ဆႏၵျပသူေတြက လမ္းမေပၚထြက္ ဆက္ၿပီး ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။ ဒီအေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

မေန႔က ႏိုင္ငံတစ္ဝန္း ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေတြ လုပ္ခဲ့တဲ့ အတြက္ လူေပါင္း ဒါဇင္နဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။ ရန္ကုန္တိုင္းေျမာက္ဥကၠလာၿမိဳ႕နယ္က ၃၅ ဦးနဲ႔ အမ်ားဆုံး ေသဆုံးခဲ့တာပါ။ ဒီလို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲမႈ ေသဆုံးမႈေတြ ရွိခဲ့ေပမဲ့ ဒီကေန႔မွာလည္း ဆႏၵျပသူေတြက ပုံမွန္အတိုင္း ဆက္ၿပီးဆႏၵျပေနၾကပါတယ္။

မႏၲေလးမွာ မေန႔က ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ သုံးဦး ရွိခဲ့ပါတယ္။ ဒီကေန႔မနက္ပိုင္းကလည္း မႏၲေလးၿမိဳ႕ ေကာင္းကင္မွာ တိုက္ေလယာဥ္ ငါး စီး ပ်ံသန္းေနခဲ့ေပမဲ့ ဆႏၵျပသူေတြကို ဆိုးဆိုးဝါးဝါး အၾကမ္းဖက္ ၿဖိဳခြင္းတာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ မႏၲေလးၿမိဳ႕ ဆႏၵျပ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုေတဇာဆန္းက ေျပာပါတယ္။

“ဒီေန႔မွာေတာ့ ထိပ္တိုက္ေတြေတာ့ က်ေနာ္တို႔ အင္အားစုေတြ ၿဖိဳခြင္းတာမ်ိဳးေတာ့ အမရွိေသးဘူး။ ဒါေပမဲ့ ဒီအာဏာရွင္ေတြရဲ႕ ဒီစစ္သားေတြ၊ ရဲေတြက က်ေနာ္တို႔ လူထုကို အခ်ိန္မေ႐ြး ၿခိမ္းေျခာက္ေႏွာင့္ယွက္ေနမယ္ဆိုတာ က်ေနာ္တို႔က အၿမဲတမ္း သတိျပဳထားဖို႔လိုတယ္။ ေနာက္ရက္ေတြမွာဆိုလည္း ဒါမ်ိဳးေတြက အခ်ိန္မေ႐ြးျဖစ္ႏိုင္တယ္။ သို႔ေသာ္က်ေနာ္တို႔ ျပည္သူေတြကလည္း လုပ္စရာရွိတဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္တာကို ဆက္လက္ၿပီးေတာ့ ေဖာ္ထုတ္ျပသေနၾကမွာပါခင္ဗ်။ က်ေနာ္တို႔ အေပၚမွာပ်ံေနတာပါပဲ။ က်ေနာ္တို႔ ထိုင္သပိတ္လုပ္ဖို႔ျပင္ဆင္ေနခ်ိန္ေပါ့ေနာ္။ အဲ့မတိုင္ခင္ ၈ ခြဲ၊ ၉ နာရီေလာက္မွာေပါ့။ က်ေနာ္ျမင္တာက သုံးေခါက္ေပါ့။ ၿမိဳ႕ကို ျဖတ္ၿပီးေတာ့ ပ်ံတာေပါ့။ တိုက္ေလယာဥ္ ငါး စီးဗ်၊ ၿမိဳ႕ေပၚကိုေပ့ါေနာ္။ နိမ့္နိမ့္ေလးပဲ ေတာ္ေတာ္ကိုနိမ့္တယ္။ က်ေနာ္တို႔ ျမင္ေနရတယ္။ အသံေတြလည္း ၾကားေနရတယ္ဗ်။ အဓိက လူထုကို ပိုၿပီးေတာ့ အေၾကာက္တရား၊ ေၾကာက္စိတ္ ပိုၿပီးမ်ားလာေအာင္ ၿခိမ္းေျခာက္တဲ့ သေဘာ၊ အင္အားျပတဲ့သေဘာလို႔ပဲ ယူဆတယ္။ ေနာက္တစ္ခုက သူတို႔ကိုယ္သူတို႔လည္းပဲ သူတို႔မွာ အင္အားေတြ ရွိတယ္ဆိုတာကို ျပခ်င္တဲ့သေဘာေပါ့ေနာ္။ အဓိကကေတာ့ ဆႏၵျပေနတဲ့ ၿမိဳ႕လူထုကို ၿခိမ္းေျခာက္တဲ့သေဘာလို႔ပဲ က်ေနာ့္အေနနဲ႔ျမင္ပါတယ္ ခင္ဗ်။”

မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္မွာလည္း မေန႔က ေသဆုံးမႈေတြရွိခဲ့ၿပီး ဒီကေန႔ ဆႏၵျပသူေတြကိုလည္း ပစ္ခတ္ၿဖိဳခြဲမႈေတြ ရွိခဲ့တယ္လို႔ ျမင္းၿခံၿမိဳ႕ လူမႈကယ္ဆယ္ေရး အသင္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔ သူတို႔ လုပ္တာက ၿမိဳ႕လယ္ေခါင္ႀကီးကိုပဲ သူတို႔ျဖတ္လာတယ္။ လာေတာ့ လမ္းေတြ ပိတ္ေနတာကို ရွင္းၿပီးေတာ့ သူတို႔ေတြ လာတယ္။ လာၿပီးေတာ့ ဘာမွမရွိေတာ့ ျပန္တယ္။ ျပန္ၿပီးေတာ့ တစ္နာရီေလာက္ေနေတာ့ နာရီစင္ ၿမိဳ႕လယ္ေခါင္နားမွာ ျမဝတီဘဏ္ဆိုတာရွိတယ္။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ခန္းမနဲ႔ မ်က္ႏွာခ်င္းဆိုင္ေပါ့ေနာ္။ အဲ့ဒီမွာ ပစ္ၾက၊ ခတ္ၾကတာေတြရွိတယ္။ ဒို႔ဘက္ကေတာ့ မပါဘူးေပါ့ကြာ၊ ေသနတ္ဒင္နဲ႔ ဝိုင္းထုတာ ပစ္ၾက၊ ခတ္ၾကတာေတြ။ အဲ့ဒီမွာ ေနာက္နာရီဝက္ေလာက္မွာ တစ္ေခါက္ ျပန္လာတယ္။ ေန႔ခင္း တစ္ခ်က္ခြဲ ႏွစ္ခ်က္ေလာက္က်ေတာ့ သူတို႔ ျပန္သြားၾကတယ္။”

ရွမ္းျပည္နယ္ ေတာင္ႀကီးမွာလည္း ဆႏၵျပသူေတြကို ရာဘာက်ည္ မ်က္ရည္ယိုဗုံး အသံဗုံးေတြနဲ႔ ပစ္ခတ္ လူစုခြဲခဲ့တယ္လို႔ ေတာင္ႀကီးၿမိဳ႕ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦး က ေျပာပါတယ္။

“က်ေနာ္တို႔က ကုန္းအျမင့္ကေနမွ ေနရာယူတယ္။ ဒီေကာင္ေတြကို ကုန္းနိမ့္ဘက္ကို ေပးလိုက္တယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ လမ္းပိတ္တာေတြကလည္း ေတာ္ေတာ္ေလး စနစ္က်သြားတဲ့ အခါက်ေတာ့ ဒီေကာင္ေတြ အေျခအေန မေကာင္းဘူး... ထင္လို႔ ျပန္ဆုတ္ေပးတယ္လို႔ ထင္တယ္ေပါ့ေႏွာ္။ ဒီေန႔က က်ေနာ္တို႔ ထိပ္တိုက္သြားေတြ႔တာမ်ိဳး မဟုတ္ဘူး။ က်ေနာ္တို႔က အထိုင္ခ်တယ္၊ အထိုင္ခ်တာကို ဒီေကာင္ေတြလာတယ္။ လာၿပီးေတာ့ နည္းနည္းေျခာက္တယ္ေပါ့ေနာ္။ ရာဘာက်ဥ္နည္းနည္းပစ္တယ္။ ေနာက္ၿပီးေတာ့ အသံဗုံး နည္းနည္းပစ္တယ္။ ေနာက္ၿပီးေတာ့ မ်က္ရည္ယိုဗုံး နည္းနည္း ပစ္တယ္ေပါ့ေနာ္။ အဲ့ဒီလိုအေျခအေနျဖစ္သြားေတာ့ က်ေနာ္တို႔နဲ႔ ညႇိႏႈိင္းတယ္။ သူတို႔ဘက္က ကတိမတည္တာေတြ က်ေနာ္တို႔ ေျပာေတာ့ သူတို႔ဘက္က ဆုတ္ေပးတယ္။ သူတို႔ ဆုတ္ေပးတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ ထပ္ဆုတ္တယ္။ မ်က္ရည္ယိုဗုံးေလာက္ပဲ က်ေနာ္တို႔ ဒီ ဆႏၵျပတဲ့ ညီအကိုေတြ နည္းနည္းထိတယ္။ က်ေနာ္တို႔က Plan B အေနနဲ႔ ခ်မ္းျမေ႐ႊေတာင္ထဲကို လူစုလူေဝးနဲ႔ ဆႏၵျပန္ျပတယ္ေပါ့ေနာ္။ အဓိကက က်ေနာ္တို႔ ရည္႐ြယ္ခ်က္က ဆႏၵျပပြဲေတြဟာ ေတာင္ႀကီးမွာရွိေနတယ္ဆိုတာကို ဒီေကာင္ေတြ ပိုၿပီး နားလည္ေစခ်င္တဲ့ သေဘာပါဗ်။"

ျမန္မာႏိုင္ငံအႏွံ႔မွာ ဒီကေန႔ ဆႏၵျပပြဲေတြက ဆက္ရွိေနသလို မေန႔က က်ဆုံးသြားၾကသူေတြရဲ႕ စ်ာပန အခမ္းအနားေတြလည္း ျပဳလုပ္ေနၾကပါတယ္။ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေနာက္ပိုင္းကစလို႔ ဒီကေန႔အထိ ႏိုင္ငံအႏွံ႔အာဏာရွင္ ဆန႔္က်င္လႈပ္ရွားမႈေတြဟာ တျဖည္းျဖည္း အရွိန္ျမင့္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတဝန်း မြို့အသီးသီးမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်၊ ပစ်ခတ်မှုတွေရှိခဲ့

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသူတွေကို မနေ့က လုံခြုရေးတပ်ဖွဲ့တွေက အပြင်းအထန်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးမှုတွေရှိခဲ့ပေမဲ့ ဒီကနေ့မှာ နိုင်ငံတစ်ဝန်း ဆန္ဒပြသူတွေက လမ်းမပေါ်ထွက် ဆက်ပြီး ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မနေ့က နိုင်ငံတစ်ဝန်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေ လုပ်ခဲ့တဲ့ အတွက် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းမြောက်ဥက္ကလာမြို့နယ်က ၃၅ ဦးနဲ့ အများဆုံး သေဆုံးခဲ့တာပါ။ ဒီလို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှု သေဆုံးမှုတွေ ရှိခဲ့ပေမဲ့ ဒီကနေ့မှာလည်း ဆန္ဒပြသူတွေက ပုံမှန်အတိုင်း ဆက်ပြီးဆန္ဒပြနေကြပါတယ်။

မန္တလေးမှာ မနေ့က ပစ်ခတ်မှုကြောင့် သေဆုံးသူ သုံးဦး ရှိခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း မန္တလေးမြို့ ကောင်းကင်မှာ တိုက်လေယာဉ် ငါး စီး ပျံသန်းနေခဲ့ပေမဲ့ ဆန္ဒပြသူတွေကို ဆိုးဆိုးဝါးဝါး အကြမ်းဖက် ဖြိုခွင်းတာမျိုးတော့ မရှိခဲ့ဘူးလို့ မန္တလေးမြို့ ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတေဇာဆန်းက ပြောပါတယ်။

“ဒီနေ့မှာတော့ ထိပ်တိုက်တွေတော့ ကျနော်တို့ အင်အားစုတွေ ဖြိုခွင်းတာမျိုးတော့ အမရှိသေးဘူး။ ဒါပေမဲ့ ဒီအာဏာရှင်တွေရဲ့ ဒီစစ်သားတွေ၊ ရဲတွေက ကျနော်တို့ လူထုကို အချိန်မရွေး ခြိမ်းခြောက်နှောင့်ယှက်နေမယ်ဆိုတာ ကျနော်တို့က အမြဲတမ်း သတိပြုထားဖို့လိုတယ်။ နောက်ရက်တွေမှာဆိုလည်း ဒါမျိုးတွေက အချိန်မရွေးဖြစ်နိုင်တယ်။ သို့သော်ကျနော်တို့ ပြည်သူတွေကလည်း လုပ်စရာရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကို ဆက်လက်ပြီးတော့ ဖော်ထုတ်ပြသနေကြမှာပါခင်ဗျ။ ကျနော်တို့ အပေါ်မှာပျံနေတာပါပဲ။ ကျနော်တို့ ထိုင်သပိတ်လုပ်ဖို့ပြင်ဆင်နေချိန်ပေါ့နော်။ အဲ့မတိုင်ခင် ၈ ခွဲ၊ ၉ နာရီလောက်မှာပေါ့။ ကျနော်မြင်တာက သုံးခေါက်ပေါ့။ မြို့ကို ဖြတ်ပြီးတော့ ပျံတာပေါ့။ တိုက်လေယာဉ် ငါး စီးဗျ၊ မြို့ပေါ်ကိုပေ့ါနော်။ နိမ့်နိမ့်လေးပဲ တော်တော်ကိုနိမ့်တယ်။ ကျနော်တို့ မြင်နေရတယ်။ အသံတွေလည်း ကြားနေရတယ်ဗျ။ အဓိက လူထုကို ပိုပြီးတော့ အကြောက်တရား၊ ကြောက်စိတ် ပိုပြီးများလာအောင် ခြိမ်းခြောက်တဲ့ သဘော၊ အင်အားပြတဲ့သဘောလို့ပဲ ယူဆတယ်။ နောက်တစ်ခုက သူတို့ကိုယ်သူတို့လည်းပဲ သူတို့မှာ အင်အားတွေ ရှိတယ်ဆိုတာကို ပြချင်တဲ့သဘောပေါ့နော်။ အဓိကကတော့ ဆန္ဒပြနေတဲ့ မြို့လူထုကို ခြိမ်းခြောက်တဲ့သဘောလို့ပဲ ကျနော့်အနေနဲ့မြင်ပါတယ် ခင်ဗျ။”

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း မနေ့က သေဆုံးမှုတွေရှိခဲ့ပြီး ဒီကနေ့ ဆန္ဒပြသူတွေကိုလည်း ပစ်ခတ်ဖြိုခွဲမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံမြို့ လူမှုကယ်ဆယ်ရေး အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ သူတို့ လုပ်တာက မြို့လယ်ခေါင်ကြီးကိုပဲ သူတို့ဖြတ်လာတယ်။ လာတော့ လမ်းတွေ ပိတ်နေတာကို ရှင်းပြီးတော့ သူတို့တွေ လာတယ်။ လာပြီးတော့ ဘာမှမရှိတော့ ပြန်တယ်။ ပြန်ပြီးတော့ တစ်နာရီလောက်နေတော့ နာရီစင် မြို့လယ်ခေါင်နားမှာ မြဝတီဘဏ်ဆိုတာရှိတယ်။ ဗိုလ်ချုပ်ကြေးရုပ်ခန်းမနဲ့ မျက်နှာချင်းဆိုင်ပေါ့နော်။ အဲ့ဒီမှာ ပစ်ကြ၊ ခတ်ကြတာတွေရှိတယ်။ ဒို့ဘက်ကတော့ မပါဘူးပေါ့ကွာ၊ သေနတ်ဒင်နဲ့ ဝိုင်းထုတာ ပစ်ကြ၊ ခတ်ကြတာတွေ။ အဲ့ဒီမှာ နောက်နာရီဝက်လောက်မှာ တစ်ခေါက် ပြန်လာတယ်။ နေ့ခင်း တစ်ချက်ခွဲ နှစ်ချက်လောက်ကျတော့ သူတို့ ပြန်သွားကြတယ်။”

ရှမ်းပြည်နယ် တောင်ကြီးမှာလည်း ဆန္ဒပြသူတွေကို ရာဘာကျည် မျက်ရည်ယိုဗုံး အသံဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့တယ်လို့ တောင်ကြီးမြို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦး က ပြောပါတယ်။

“ကျနော်တို့က ကုန်းအမြင့်ကနေမှ နေရာယူတယ်။ ဒီကောင်တွေကို ကုန်းနိမ့်ဘက်ကို ပေးလိုက်တယ်ပေါ့နော်။ နောက်ပြီးတော့ လမ်းပိတ်တာတွေကလည်း တော်တော်လေး စနစ်ကျသွားတဲ့ အခါကျတော့ ဒီကောင်တွေ အခြေအနေ မကောင်းဘူး... ထင်လို့ ပြန်ဆုတ်ပေးတယ်လို့ ထင်တယ်ပေါ့နှော်။ ဒီနေ့က ကျနော်တို့ ထိပ်တိုက်သွားတွေ့တာမျိုး မဟုတ်ဘူး။ ကျနော်တို့က အထိုင်ချတယ်၊ အထိုင်ချတာကို ဒီကောင်တွေလာတယ်။ လာပြီးတော့ နည်းနည်းခြောက်တယ်ပေါ့နော်။ ရာဘာကျဉ်နည်းနည်းပစ်တယ်။ နောက်ပြီးတော့ အသံဗုံး နည်းနည်းပစ်တယ်။ နောက်ပြီးတော့ မျက်ရည်ယိုဗုံး နည်းနည်း ပစ်တယ်ပေါ့နော်။ အဲ့ဒီလိုအခြေအနေဖြစ်သွားတော့ ကျနော်တို့နဲ့ ညှိနှိုင်းတယ်။ သူတို့ဘက်က ကတိမတည်တာတွေ ကျနော်တို့ ပြောတော့ သူတို့ဘက်က ဆုတ်ပေးတယ်။ သူတို့ ဆုတ်ပေးတဲ့အတွက်ကြောင့် ကျနော်တို့ ထပ်ဆုတ်တယ်။ မျက်ရည်ယိုဗုံးလောက်ပဲ ကျနော်တို့ ဒီ ဆန္ဒပြတဲ့ ညီအကိုတွေ နည်းနည်းထိတယ်။ ကျနော်တို့က Plan B အနေနဲ့ ချမ်းမြရွှေတောင်ထဲကို လူစုလူဝေးနဲ့ ဆန္ဒပြန်ပြတယ်ပေါ့နော်။ အဓိကက ကျနော်တို့ ရည်ရွယ်ချက်က ဆန္ဒပြပွဲတွေဟာ တောင်ကြီးမှာရှိနေတယ်ဆိုတာကို ဒီကောင်တွေ ပိုပြီး နားလည်စေချင်တဲ့ သဘောပါဗျ။"

မြန်မာနိုင်ငံအနှံ့မှာ ဒီကနေ့ ဆန္ဒပြပွဲတွေက ဆက်ရှိနေသလို မနေ့က ကျဆုံးသွားကြသူတွေရဲ့ ဈာပန အခမ်းအနားတွေလည်း ပြုလုပ်နေကြပါတယ်။ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းကစလို့ ဒီကနေ့အထိ နိုင်ငံအနှံ့အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း အရှိန်မြင့်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG