သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်ကြီးကို ဂျာမနီနိုင်ငံခြားရေးရုံး ဆင့်ခေါ်ရှုတ်ချ


ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရ Steffen Seibert
ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရ Steffen Seibert

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွဲမှု အတွင်း ဆန္ဒပြသူတွေ သေဆုံး ထိခိုက်ဒဏ်ရာရမှု အပေါ် ဂျာမနီ အစိုးရက အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပြီး ဂျာမနီဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုလည်း တနလာၤနေ့က ဆင့်ခေါ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု တလပြည့်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်း လူ ၂၀ ကျော် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာပါ။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲပတွေဘက်က ကျည်ဆန် အစစ်တွေနဲ့ ပစ်ခတ်တာကြောင့် ဆန္ဒပြသူ အတော်များများ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေကြေ ဒဏ်ရာရတဲ့ အထိ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုကို ဆင်ခြေပေးလို့ အကြောင်းပြလို့ မရပါဘူး။ ဂျာမနီ ပြည်ထောင်စု အစိုးရဘက်က အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပါတယ်” လို့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel ရဲ့ ပြောခွင့်ရ Steffen Seibert က ပြောဆိုခဲ့တာပါ။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဌာနက မြန်မာ သံအမတ်ကြီးကို တနလာၤနေ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆင့်ခေါ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Christofer Burger က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ ဆန္ဒသြူတွေကို အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာဖို့လည်း ဂျာမနီက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားတဲ့ ထိပ်တန်း နိုင်ငံရေး သမားတွေကို ချက်ချင်းပြန်လွှတ်ပေးပြီး ဥပဒေကို လေးစားလိုက်နာကြရမယ်လို့လည်း ဂျာမနီ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)




ဆက်စပ်သတင်းများ ...

XS
SM
MD
LG