သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-တာလီဘန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ ျပန္စ


ၿငိမ္းခ်မ္းေရးေဆြးေႏြးသည့္ တာလီဘန္ ကိုယ္စားလွယ္အဖဲြ႔

[ Zawgyi / Unicode ]

တာလီဘန္ေခါင္းေဆာင္ေတြဟာ အေမရိကန္ျပည္ေထာင္စုနဲ႔အတူ အာဖဂန္နစၥတန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကုိ ျပန္လည္ စတင္ျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္း အာဖဂန္တာလီဘန္အဖြဲ႕က ေျပာပါတယ္။

အရင္ ရရွိထားတဲ့ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အရ အေမရိကန္ဦးေဆာင္တဲ့ ႏိုင္ငံျခား တပ္ဖြဲ႕ေတြ အာဖဂန္ကေန ေမလ ၁ ရက္ေန႔ ေနာက္ဆုံးထား ထြက္ခြာဖို႔ သတ္မွတ္ထားတဲ့ရက္ တျဖည္းျဖည္း နီးကပ္လာခ်ိန္မွာပဲ အခုလို ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျပန္လည္စတင္လုိက္တာပါ။

တာလီဘန္အဖြဲ႕ရဲ႕ ႏိုင္ငံေရးဆိုင္ရာ ဒုတိယ အႀကီးအကဲ Abdul Ghani Barad နဲ႔ အာဖဂန္ဆိုင္ရာ အေမရိကန္ အထူးကိုယ္စား လွယ္ Zalmay Khalilzad တို႔ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕မွာ ေသာၾကာေန႔ညက က်င္းပခဲ့တယ္လို႔ အာဖဂန္ ေျပာခြင့္ရက ဆုိပါတယ္။ အာဖဂန္ ၿငိမ္းခ်မ္းေရး ေရွ႕ဆက္တိုးႏိုင္ဖုိ႔ ၃ ရက္ၾကာ ေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။

လက္ရွိ အာဖဂန္အစိုးရကုိေတာ့ အေမရိကန္တို႔ သိမ္းပိုက္မႈေၾကာင့္ ျဖစ္ထြန္းလာတဲ့ တရားမဝင္ အဖဲြ႔အစည္းတခုသာ ျဖစ္တယ္ဆုိၿပီး တာလီဘန္တို႔ဘက္က အသိအမွတ္ျပဳထားျခင္း မရွိပါဘူး။ အာဖဂန္ျပည္တြင္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြ ေတြကေန အစၥလာမၼစ္ အစိုးရတစ္ရပ္ ေပၚေပါက္လာေရးကိုသာ တာလီဘန္ေတြဘက္က ေတာင္းဆိုေနတာပါ။

အာဖဂန္ သမၼတ Ghani ကေတာ့ အစိုးရ တစ္ရပ္ဖြဲ႕စည္းဖို႔ဆိုရင္ ေ႐ြးေကာက္ပြဲက တစ္ဆင့္သာ ဖြဲ႕စည္းရမွာ ျဖစ္ေၾကာင္း စေနေန႔က တုန္႔ျပန္ပါတယ္။ ေ႐ြးေကာက္ပြဲကတဆင့္ အာဏာ အလႊဲအေျပာင္း လုပ္ရမယ္ဆိုတဲ့ မူဝါဒကို အေလွ်ာ့အတင္း မလုပ္ႏိုင္ဘူးလို႔လည္း သမၼတ Ghani က ေျပာပါတယ္။ သမၼတ Ghani ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ၅ ႏွစ္သက္တမ္းအတြက္ အႏိုင္ရရွိထားတာ ျဖစ္ပါတယ္။

ကန္-တာလီဘန္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ ျပန္စ
please wait

No media source currently available

0:00 0:01:05 0:00
တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ကန်-တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စ

တာလီဘန်ခေါင်းဆောင်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့အတူ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်လည် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း အာဖဂန်တာလီဘန်အဖွဲ့က ပြောပါတယ်။

အရင် ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြား တပ်ဖွဲ့တွေ အာဖဂန်ကနေ မေလ ၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့ သတ်မှတ်ထားတဲ့ရက် တဖြည်းဖြည်း နီးကပ်လာချိန်မှာပဲ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်လိုက်တာပါ။

တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယ အကြီးအကဲ Abdul Ghani Barad နဲ့ အာဖဂန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စား လှယ် Zalmay Khalilzad တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ သောကြာနေ့ညက ကျင်းပခဲ့တယ်လို့ အာဖဂန် ပြောခွင့်ရက ဆိုပါတယ်။ အာဖဂန် ငြိမ်းချမ်းရေး ရှေ့ဆက်တိုးနိုင်ဖို့ ၃ ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

လက်ရှိ အာဖဂန်အစိုးရကိုတော့ အမေရိကန်တို့ သိမ်းပိုက်မှုကြောင့် ဖြစ်ထွန်းလာတဲ့ တရားမဝင် အဖွဲ့အစည်းတခုသာ ဖြစ်တယ်ဆိုပြီး တာလီဘန်တို့ဘက်က အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ အာဖဂန်ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကနေ အစ္စလာမ္မစ် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးကိုသာ တာလီဘန်တွေဘက်က တောင်းဆိုနေတာပါ။

အာဖဂန် သမ္မတ Ghani ကတော့ အစိုးရ တစ်ရပ်ဖွဲ့စည်းဖို့ဆိုရင် ရွေးကောက်ပွဲက တစ်ဆင့်သာ ဖွဲ့စည်းရမှာ ဖြစ်ကြောင်း စနေနေ့က တုန့်ပြန်ပါတယ်။ ရွေးကောက်ပွဲကတဆင့် အာဏာ အလွှဲအပြောင်း လုပ်ရမယ်ဆိုတဲ့ မူဝါဒကို အလျှော့အတင်း မလုပ်နိုင်ဘူးလို့လည်း သမ္မတ Ghani က ပြောပါတယ်။ သမ္မတ Ghani ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၅ နှစ်သက်တမ်းအတွက် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG