သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ မူေဘာင္ သေဘာတူညီခ်က္ ကန္ႀကိဳဆို


(Zawgyi/Unicode)

ႏွစ္ရွည္ျဖစ္ပြားေနတဲ့ အာဖဂန္နစၥတန္ ပဋိပကၡအဆုံးသတ္ဖို႔ ရည္ရြယ္တဲ့ ေစ့စပ္ေဆြးေႏြးပြဲေတြ စတင္နိုင္ေရး ၿငိမ္းခ်မ္းေရး မူေဘာင္တစ္ရပ္ကိုသေဘာတူညီခဲ့ၾကၿပီလို႔ အာဖဂန္ၿပိဳင္ဖက္အဖြဲ႕ေတြက ကိုယ္စားလွယ္ေတြက ဗုဒၶဟူး ေန႔က ေၾကညာလိုက္ပါတယ္။​

ဒီသတင္းအေပၚ ၿငိမ္းခ်မ္းေရး ရရွိေရး ၾကားဝင္ ေစ့စပ္ေပးေနတဲ့ အေမရိကန္ ျပည္ေထာင္စုက ႀကိဳဆိုလိုက္ၿပီး ဒါဟာ အာဖဂန္ အစိုးရ နဲ႔ တာလီဘန္ တပ္ဖြဲ႕ေတြ အၾကား ၿငိမ္းခ်မ္းေရး ေစ့စပ္ေဆြးေႏြးပြဲအတြက္ သမိုင္း မွတ္တိုင္ ျဖစ္တယ္လို႔ ေျပာပါတယ္။

ေစ့စပ္ေဆြးေႏြးပြဲ လုပ္ထုံးလုပ္နည္းေတြကို အၿပီးသတ္ သေဘာတူညီခဲ့ၾကတာေၾကာင့္ အခုအခ်ိန္က စလို႔ သတ္မွတ္ထားတဲ့ အစီအစဥ္ အလိုက္ ေစ့စပ္ေဆြးေႏြးပြဲေတြကို စတင္မယ္လို႔ လည္း ႏွစ္ဖက္အဖြဲ႕ေတြက ေျပာပါတယ္။

အာဖဂန္ အုပ္စုေတြအၾကား ေဆြးေႏြးပြဲေတြကို စက္တင္ဘာလကစၿပီး ကာတာနိုင္ငံ၊ ဒိုဟာၿမိဳ႕မွာ က်င္းပေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေဆြးေႏြးပြဲေတြ ဘယ္လိုလုပ္မလဲဆိုတဲ့ အခ်က္အေပၚမွာ သေဘာထား ကြဲျပားေနခဲ့တာေၾကာင့္ ေဆြးေႏြးပြဲေတြ ေရွ႕မတိုးေနာက္မဆုတ္ ျဖစ္ေနခဲ့ရတာပါ။

အာဖဂန္ နစၥတန္ နိုင္ငံအတြင္း ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးရရွိဖို႔ စိတ္ ဆႏၵ ျပင္းၿပ ေနတာကို ႏွစ္ဘက္ ေစ့စပ္ေဆြးေႏြးေရး အဖြဲ႕ေတြ အခု ေဆြးေႏြးပြဲမွာ ျပသခဲ့ေၾကာင္း တာလီဘန္ အဖြဲ႕ ေျပာခြင့္ရ Naeem Wardak က ေျပာပါတယ္။

အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ႏွစ္ဘက္ သေဘာတူညီခ်က္ ရရွိတာကို ႀကိဳဆိုလိုက္ရင္း ဒီ သေဘာတူညီခ်က္ ပါရွိတဲ့ အခ်က္ေတြက အာဖဂန္ေတြ အၾကား နိုင္ငံေရး လမ္းၿပ ေျမပုံ တစ္ရပ္ ရရွိေရးနဲ႔ အလုံးစုံ အပစ္ရပ္စဲေရးကို လမ္းညႊန္ေပးသြားလိမ့္မယ္ လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူဘောင် သဘောတူညီချက် ကန်ကြိုဆို

(Unicode)

နှစ်ရှည်ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန် ပဋိပက္ခအဆုံးသတ်ဖို့ ရည်ရွယ်တဲ့ စေ့စပ်ဆွေးနွေးပွဲတွေ စတင်နိုင်ရေး ငြိမ်းချမ်းရေး မူဘောင်တစ်ရပ်ကိုသဘောတူညီခဲ့ကြပြီလို့ အာဖဂန်ပြိုင်ဖက်အဖွဲ့တွေက ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူး နေ့က ကြေညာလိုက်ပါတယ်။

ဒီသတင်းအပေါ် ငြိမ်းချမ်းရေး ရရှိရေး ကြားဝင် စေ့စပ်ပေးနေတဲ့ အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး ဒါဟာ အာဖဂန် အစိုးရ နဲ့ တာလီဘန် တပ်ဖွဲ့တွေ အကြား ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲအတွက် သမိုင်း မှတ်တိုင် ဖြစ်တယ်လို့ ပြောပါတယ်။

စေ့စပ်ဆွေးနွေးပွဲ လုပ်ထုံးလုပ်နည်းတွေကို အပြီးသတ် သဘောတူညီခဲ့ကြတာကြောင့် အခုအချိန်က စလို့ သတ်မှတ်ထားတဲ့ အစီအစဉ် အလိုက် စေ့စပ်ဆွေးနွေးပွဲတွေကို စတင်မယ်လို့ လည်း နှစ်ဖက်အဖွဲ့တွေက ပြောပါတယ်။

အာဖဂန် အုပ်စုတွေအကြား ဆွေးနွေးပွဲတွေကို စက်တင်ဘာလကစပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်အပေါ်မှာ သဘောထား ကွဲပြားနေခဲ့တာကြောင့် ဆွေးနွေးပွဲတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေခဲ့ရတာပါ။

အာဖဂန် နစ္စတန် နိုင်ငံအတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ စိတ် ဆန္ဒ ပြင်းပြ နေတာကို နှစ်ဘက် စေ့စပ်ဆွေးနွေးရေး အဖွဲ့တွေ အခု ဆွေးနွေးပွဲမှာ ပြသခဲ့ကြောင်း တာလီဘန် အဖွဲ့ ပြောခွင့်ရ Naeem Wardak က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က နှစ်ဘက် သဘောတူညီချက် ရရှိတာကို ကြိုဆိုလိုက်ရင်း ဒီ သဘောတူညီချက် ပါရှိတဲ့ အချက်တွေက အာဖဂန်တွေ အကြား နိုင်ငံရေး လမ်းပြ မြေပုံ တစ်ရပ် ရရှိရေးနဲ့ အလုံးစုံ အပစ်ရပ်စဲရေးကို လမ်းညွှန်ပေးသွားလိမ့်မယ် လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG