သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္အစိုးရနဲ႔ တာလီဘန္ ေစ့စပ္ေရးသမားေတြကို ကန္ဝန္ႀကီး Pompeo သီးျခားစီေတြ႔ဆံု


တာလီဘန္ ညိႇႏႈိင္းေရးမွဴးေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးေနတဲ့ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo. (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန္အစိုးရနဲ႔ တာလီဘန္တို႔ၾကား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရဖို႔ အေျခအေန တိုးတက္လာတဲ့ အေနအထား ေတြ႔လာရခ်ိန္မွာပဲ အာဖဂန္အစိုးရ ညႇိႏႈိင္းေရးမွဴးေတြနဲ႔ ကာတာႏိုင္ငံ ဒုိဟာၿမိဳ႕မွာ ေတြ႔ဆံုခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အေမရိကန္ျပည္ေထာင္စုဟာ ေဘးကေနထိုင္ၿပီး ကိုယ္တတ္ႏိုင္တဲ့ေနရာက အကူအညီေပးမွာျဖစ္ေၾကာင္း စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီး Pompeo ဟာ တာလီဘန္ ညႇိႏႈိင္းေရးမွဴးေတြနဲ႔လည္း ေတြ႔ဆံုခဲ့ပါတယ္။ အာဖဂန္စစ္ပြဲဆင္ႏႊဲရင္း ၂၀၀၁ ခုႏွစ္ကတည္းက ေရာက္ေနတဲ့ တပ္သားေတြ ျပန္႐ုပ္သိမ္းဖို႔ အေမရိကန္အစိုးရက အရွိန္ျမႇင့္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ တာလီဘန္တို႔ၾကား ေဖေဖာ္ဝါရီလတုန္းက သေဘာတူညီမႈ ရခဲ့ၿပီးတဲ့ေနာက္ တာလီဘန္ေတြနဲ႔ အာဖဂန္အစိုးရတို႔ၾကား ပထမဆံုးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ညႇိႏႈိင္းေဆြးေႏြးမႈကို စက္တင္ဘာလထဲမွာ ဒုိဟာမွာ ျပဳလုပ္ခဲ့တာပါ။

ဒီသေဘာတူညီခ်က္အရ အာဖဂန္ႏုိင္ငံထဲက ႏုိင္ငံျခားတပ္ဖြဲ႔အားလံုး ျပန္႐ုပ္သိမ္းေပးဖို႔ အေမရိကန္ဘက္က သေဘာတူခဲ့ၿပီး တာလီဘန္ေတြဘက္က ၿငိမ္းခ်မ္းေရး ညႇိႏႈိင္းေဆြးေႏြးမႈေတြ စလုပ္ရမွာ ျဖစ္ပါတယ္။

ဝန္ႀကီး Pompeo ဟာ စေနေန႔ အေစာပိုင္းမွာ UAE အာရပ္ေစာ္ဘြားမ်ား သမၼတႏိုင္ငံ အိမ္ေရွ႕မင္းသား Mohammed bin Zayed Al Nahyan နဲ႔ ဒုိဟာမွာ ေတြ႔ဆံုၿပီး အေရွ႕အလယ္ပိုင္းေဒသမွာ အီရန္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို တုံ႔ျပန္ႏုိင္ဖို႔နဲ႔ ယီမင္ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးျပႆနာ အေျဖရွာဖို႔ လိုအပ္ေနတာေတြကို ေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

ဝန္ႀကီး Pompeo ဟာ ဒုိဟာမွာပဲ ကာတာေခါင္းေဆာင္ Sheikh Tamim bin Hamad Al-Thani နဲ႔ေရာ ဒုဝန္ႀကီးနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ပါ ေတြ႔ဆံုခဲ့ၿပီး ကာကြယ္ေရး၊ အၾကမ္းဖက္ဝါဒစြဲ တုိက္ဖ်က္ေရးဆိုင္ရာနဲ႔ စီးပြားေရး အခြင့္အလမ္း ဆိုင္ရာေတြကို ေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္ ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

ဥေရာပနဲ႔ အေရွ႕အလယ္ပိုင္းေဒသကို ၁၀ ရက္ၾကာ ခရီးသြားေရာက္ေနတဲ့ ဝန္ႀကီး Pompeo ရဲ႕ ခရီးစဥ္အတြက္ ေနာက္ဆံုးသြားေရာက္တဲ့ႏိုင္ငံက ကာတာႏိုင္ငံ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဖဂန်အစိုးရနဲ့ တာလီဘန် စေ့စပ်ရေးသမားတွေကို ကန်ဝန်ကြီး Pompeo သီးခြားစီတွေ့ဆုံ

အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အခြေအနေ တိုးတက်လာတဲ့ အနေအထား တွေ့လာရချိန်မှာပဲ အာဖဂန်အစိုးရ ညှိနှိုင်းရေးမှူးတွေနဲ့ ကာတာနိုင်ငံ ဒိုဟာမြို့မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အမေရိကန်ပြည်ထောင်စုဟာ ဘေးကနေထိုင်ပြီး ကိုယ်တတ်နိုင်တဲ့နေရာက အကူအညီပေးမှာဖြစ်ကြောင်း စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီး Pompeo ဟာ တာလီဘန် ညှိနှိုင်းရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အာဖဂန်စစ်ပွဲဆင်နွှဲရင်း ၂၀၀၁ ခုနှစ်ကတည်းက ရောက်နေတဲ့ တပ်သားတွေ ပြန်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ကြား ဖေဖော်ဝါရီလတုန်းက သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် တာလီဘန်တွေနဲ့ အာဖဂန်အစိုးရတို့ကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ညှိနှိုင်းဆွေးနွေးမှုကို စက်တင်ဘာလထဲမှာ ဒိုဟာမှာ ပြုလုပ်ခဲ့တာပါ။

ဒီသဘောတူညီချက်အရ အာဖဂန်နိုင်ငံထဲက နိုင်ငံခြားတပ်ဖွဲ့အားလုံး ပြန်ရုပ်သိမ်းပေးဖို့ အမေရိကန်ဘက်က သဘောတူခဲ့ပြီး တာလီဘန်တွေဘက်က ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ စလုပ်ရမှာ ဖြစ်ပါတယ်။

ဝန်ကြီး Pompeo ဟာ စနေနေ့ အစောပိုင်းမှာ UAE အာရပ်စော်ဘွားများ သမ္မတနိုင်ငံ အိမ်ရှေ့မင်းသား Mohammed bin Zayed Al Nahyan နဲ့ ဒိုဟာမှာ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ရဲ့ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်နိုင်ဖို့နဲ့ ယီမင်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာ အဖြေရှာဖို့ လိုအပ်နေတာတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ ဒိုဟာမှာပဲ ကာတာခေါင်းဆောင် Sheikh Tamim bin Hamad Al-Thani နဲ့ရော ဒုဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေး၊ အကြမ်းဖက်ဝါဒစွဲ တိုက်ဖျက်ရေးဆိုင်ရာနဲ့ စီးပွားရေး အခွင့်အလမ်း ဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသကို ၁၀ ရက်ကြာ ခရီးသွားရောက်နေတဲ့ ဝန်ကြီး Pompeo ရဲ့ ခရီးစဉ်အတွက် နောက်ဆုံးသွားရောက်တဲ့နိုင်ငံက ကာတာနိုင်ငံ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG